ဂွာဒီယိုလာပြောတဲ့ လက်ရှိ ဘောလုံးလောကရဲ့ လှစ်ဟာနေတဲ့ အစိတ်အပိုင်း

ဒီရာသီ ပရိသတ်တွေ မရှိဘဲ ဘောလုံးကစားရတာက ထူးခြားတဲ့ တစ်စုံတစ်ရာ လစ်ဟာနေသလိုပဲလို့လဲ ဂွာဒီယိုလာက ဝန်ခံခဲ့ပါတယ်။

ဘောလုံးပွဲတွေက ၃ ရက် တစ်ပွဲနှုန်း ကစားနေကြပေမယ့် ပရိသတ်တွေဝင်ခွင့် မရသေးပါဘူး။ ဇန်နဝါရီ ပထမအပတ်မှာ စတင်ပြီး ကစားကွင်းတွေထဲ ပရိသတ်တွေ ပြန်လည် ဝင်ရောက်လာတော့မှာဖြစ်ကာ ပထမအဆင့်အဖြစ် သက်မှတ် အရည်အချင်း ပြည့်မှီတဲ့ ကလပ်တွေဟာ လူ ၂၀၀၀ ကို စတင် ဧည့်ခံရမှာပါ။

ဂွာဒီယိုလာက “ ကိုယ်က ၃ ရက်တစ်ပွဲ ပုံမှန်ကစားနေရပြီး ကွင်းထဲရောက်တဲ့အခါ ပရိသတ်တွေအပြည့် ရှိနေတော့ ဘောလုံးကစားရတာက ပျော်စရာ ကောင်းခဲ့ပါတယ်၊ ကစားသမားတွေက ကစားချင်ကြပေမယ့် အရင်က ဘောလုံးပွဲတွေက ထူးခြားခဲ့သလောက် အခုတော့ အဲ့လိုမဟုတ်တော့ဘူး။

သူတို့တွေ ကစားရတာကို ပျော်နေပေမယ့် ပရိသတ်တွေ မရှိတဲ့ပတ်ဝန်းကျင် အနေအထားက ပျော်စရာမကောင်းဘူး၊ လူတွေ အပြင်ထွက်လို့မရတော့တဲ့ အခြေအနေနဲ့အတူ ဘောလုံးပွဲတွေကလဲ ခြောက်ကပ်နေတယ်” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး စီးတီးနည်းပြက သူ့လက်ထောက်တစ်ယောက်ဖြစ်တဲ့ ရိုဒေါ်ဖို ဘော်ရယ်ဟာ ဒီစီယူနိုက်တက်မှာ နည်းပြလုပ်ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ သေချာမသိဘူးလို့ ပြောဆိုခဲ့ပေမယ့် လုပ်ဖော်ကိုင်ဖက် စပိန်သားဟာ သိပ်တော်တဲ့နည်းပြ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

ဒီရာသီ ပရိသတ္ေတြ မရွိဘဲ ေဘာလံုးကစားရတာက ထူးျခားတဲ့ တစ္စုံတစ္ရာ လစ္ဟာေနသလိုပဲလို႔လဲ ဂြာဒီယိုလာက ဝန္ခံခဲ့ပါတယ္။

ေဘာလံုးပြဲေတြက ၃ ရက္ တစ္ပြဲႏႈန္း ကစားေနၾကေပမယ့္ ပရိသတ္ေတြဝင္ခြင့္ မရေသးပါဘူး။ ဇန္နဝါရီ ပထမအပတ္မွာ စတင္ျပီး ကစားကြင္းေတြထဲ ပရိသတ္ေတြ ျပန္လည္ ဝင္ေရာက္လာေတာ့မွာျဖစ္ကာ ပထမအဆင့္အျဖစ္ သက္မွတ္ အရည္အခ်င္း ျပည့္မွီတဲ့ ကလပ္ေတြဟာ လူ ၂၀၀၀ ကို စတင္ ဧည့္ခံရမွာပါ။

ဂြာဒီယိုလာက “ ကိုယ္က ၃ ရက္တစ္ပြဲ ပုံမွန္ကစားေနရၿပီး ကြင္းထဲေရာက္တဲ့အခါ ပရိသတ္ေတြအျပည့္ ရွိေနေတာ့ ေဘာလုံးကစားရတာက ေပ်ာ္စရာ ေကာင္းခဲ့ပါတယ္၊ ကစားသမားေတြက ကစားခ်င္ၾကေပမယ့္ အရင္က ေဘာလုံးပြဲေတြက ထူးျခားခဲ့သေလာက္ အခုေတာ့ အဲ့လိုမဟုတ္ေတာ့ဘူး။

သူတို႔ေတြ ကစားရတာကို ေပ်ာ္ေနေပမယ့္ ပရိသတ္ေတြ မရွိတဲ့ပတ္ဝန္းက်င္ အေနအထားက ေပ်ာ္စရာမေကာင္းဘူး၊ လူေတြ အျပင္ထြက္လို႔မရေတာ့တဲ့ အေျခအေနနဲ႔အတူ ေဘာလုံးပြဲေတြကလဲ ေျခာက္ကပ္ေနတယ္” လို႔ ဆိုခဲ့ပါတယ္။

ဆက္လက္ၿပီး စီးတီးနည္းျပက သူ႔လက္ေထာက္တစ္ေယာက္ျဖစ္တဲ့ ႐ိုေဒၚဖို ေဘာ္ရယ္ဟာ ဒီစီယူႏိုက္တက္မွာ နည္းျပလုပ္ဖို႔ ခ်ိတ္ဆက္ေနတယ္ဆိုတဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔ ေသခ်ာမသိဘူးလို႔ ေျပာဆိုခဲ့ေပမယ့္ လုပ္ေဖာ္ကိုင္ဖက္ စပိန္သားဟာ သိပ္ေတာ္တဲ့နည္းျပ တစ္ေယာက္ ျဖစ္လာလိမ့္မယ္လို႔ ဂြာဒီယိုလာက ေျပာဆိုသြားခဲ့ပါတယ္။