ဝီလီယံဟာ အာဆင်နယ်ရဲ့ အဖွင့်ပွဲနောက်ပိုင်း ရုန်းကန်ခဲ့ရပြီး ဂန်းနားတွေအတွက် ပထမဆုံး ဂိုးရရှိဖို့ စောင့်ဆိုင်းနေရဆဲဖြစ်သလို သူဟာ မြောက်လန်ဒန်မှာ တစ်ပွဲမှ ကောင်းကောင်း မလုပ်နိုင်သေးဘူးလို့ ပေါလ်မာဆွန်က ဝေဖန်ပြောဆိုခဲ့ပါတယ်။
နောက်ခံလူ ဒေးဗစ်လုဇ်ဟာ ဝုလ်ဗ်နဲ့ ပွဲမှာ ခေါင်းဒဏ်ရာရခဲ့တဲ့နောက် ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေရဆဲဖြစ်သလို ကြာသပတေးနေ့ ရက်ပစ် ဗီယင်နာနဲ့ ယူရိုပါလိဂ်ပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။
ဒေးဗစ်လုဇ်ဟာ ခေါင်းဒဏ်ရာရခဲ့ပေမယ့် ပတ်တီးစည်းပြီး ပွဲကိုဆက်ကစားခဲ့တဲ့အပေါ် အာဆင်နယ်အပေါ် ဝေဖန်မှုတွေရှိခဲ့ပေမယ့် ဆောက်ဂိတ် ကတော့ အာတီတာဟာ သူ့ရဲ့ ဆေးအဖွဲ့အပေါ် ယုံကြည်မှုပေးခဲ့တာက မှန်တယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။
သောမတ်စ်ပါတေးဟာ တစ်ကွင်းလုံး ပြေးလွှားကစားပြီး ကွင်းလယ်မှာ လွှမ်းမိုးထားကာ ပွဲကို ထိန်းကျောင်းပေးနိုင်သလို သူ့ရဲ့ ကစားပုံက အိုဇေး အတွက် အခွင့်အလမ်း ဖွင့်ပေးပြီး သူ့ရဲ့ ဖန်တီးနိုင်စွမ်းတွေပြန်ရအောင်ကူညီပေးနိုင်တယ်လို့ ပေါလ်မာဆွန်က ဆိုပါတယ်။
ပက်ထရစ် ဗီအဲရာရဲ့ နိုက်စ် အသင်းဟာ နောက်လမှာ နောက်ခံလူ အသစ်တစ်ယောက် ခေါ်ယူဖို့ရှာဖွေနေပြီး အာဆင်နယ်ရဲ့ ဝီလီယံ ဆလီဘာ ကို ပစ်မှတ်ထားနေတာဖြစ်သလို ဂန်းနားကြယ်ပွင့်ကလဲ ပုံမှန်ကစားချိန်အတွက် အသင်းပြောင်းလိုနေတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ နီကိုးလပ် ပီပီကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို တိုက်စစ်မှူးဟောင်း ကယ်ဗင် ကမ့်ဘဲက ငြင်းပယ်ခဲ့ပြီး သူဟာ အမ်းမရိတ်စ်မှာ ကြီးမားတဲ့အနာဂတ်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဆဲလ်ဘက်ကနေ ထွက်ခွာဖို့ရှိနေတဲ့ ဒိုမီနစ် ဆိုဘော့စလေးဟာ အာဆင်နယ်အတွက် ဇန်နဝါရီ ပစ်မှတ်ဖြစ်သလို အာတီတာဟာ သူ့လို ဖန်တီးနိုင်စွမ်းရှိတဲ့ ကွင်းလယ်လူမျိုး အသည်းအသန် လိုအပ်နေတယ်လို့ အမ်မလီ ဟက်စကီးက ပြောဆိုခဲ့ပါတယ်။
ဂေဘရီရယ် မက်ဂါးလက်စ်ဟာ အာဆင်နယ်ကို ရောက်လာပြီးထဲက ပထမဦးစားပေး ဗဟိုနောက်ခံလူဖြစ်ခဲ့ပြီး ဝုလ်ဗ်ကိုရှုံးခဲ့တဲ့ပွဲမှာလဲ သူ့ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့သလို ကလပ်မှာ သူက တောက်ပနေတဲ့ ကြယ်တစ်ပွင့်ဖြစ်တယ်လို့ အီယန်ရိုက်က ချီးကျူးပြောဆိုခဲ့ပါတယ်။
Zawgyi – ဝီလီယံဟာ အာဆင္နယ္ရဲ႕ အဖြင့္ပြဲေနာက္ပိုင္း ႐ုန္းကန္ခဲ့ရၿပီး ဂန္းနားေတြအတြက္ ပထမဆုံး ဂိုးရရွိဖို႔ ေစာင့္ဆိုင္းေနရဆဲျဖစ္သလို သူဟာ ေျမာက္လန္ဒန္မွာ တစ္ပြဲမွ ေကာင္းေကာင္း မလုပ္ႏိုင္ေသးဘူးလို႔ ေပါလ္မာဆြန္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။
ေနာက္ခံလူ ေဒးဗစ္လုဇ္ဟာ ဝုလ္ဗ္နဲ႔ ပြဲမွာ ေခါင္းဒဏ္ရာရခဲ့တဲ့ေနာက္ ျပန္လည္ေကာင္းမြန္လာဖို႔ လုပ္ေဆာင္ေနရဆဲျဖစ္သလို ၾကာသပေတးေန႔ ရက္ပစ္ ဗီယင္နာနဲ႔ ယူ႐ိုပါလိဂ္ပြဲကို လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။
ေဒးဗစ္လုဇ္ဟာ ေခါင္းဒဏ္ရာရခဲ့ေပမယ့္ ပတ္တီးစည္းၿပီး ပြဲကိုဆက္ကစားခဲ့တဲ့အေပၚ အာဆင္နယ္အေပၚ ေဝဖန္မႈေတြရွိခဲ့ေပမယ့္ ေဆာက္ဂိတ္ ကေတာ့ အာတီတာဟာ သူ႔ရဲ႕ ေဆးအဖြဲ႕အေပၚ ယုံၾကည္မႈေပးခဲ့တာက မွန္တယ္လို႔ ေထာက္ခံေျပာဆိုခဲ့ပါတယ္။
ေသာမတ္စ္ပါေတးဟာ တစ္ကြင္းလုံး ေျပးလႊားကစားၿပီး ကြင္းလယ္မွာ လႊမ္းမိုးထားကာ ပြဲကို ထိန္းေက်ာင္းေပးႏိုင္သလို သူ႔ရဲ႕ ကစားပုံက အိုေဇး အတြက္ အခြင့္အလမ္း ဖြင့္ေပးၿပီး သူ႔ရဲ႕ ဖန္တီးႏိုင္စြမ္းေတြျပန္ရေအာင္ကူညီေပးႏိုင္တယ္လို႔ ေပါလ္မာဆြန္က ဆိုပါတယ္။
ပက္ထရစ္ ဗီအဲရာရဲ႕ ႏိုက္စ္ အသင္းဟာ ေနာက္လမွာ ေနာက္ခံလူ အသစ္တစ္ေယာက္ ေခၚယူဖို႔ရွာေဖြေနၿပီး အာဆင္နယ္ရဲ႕ ဝီလီယံ ဆလီဘာ ကို ပစ္မွတ္ထားေနတာျဖစ္သလို ဂန္းနားၾကယ္ပြင့္ကလဲ ပုံမွန္ကစားခ်ိန္အတြက္ အသင္းေျပာင္းလိုေနတာျဖစ္ပါတယ္။
အာဆင္နယ္ဟာ နီကိုးလပ္ ပီပီကို ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနတယ္ဆိုတဲ့ ေျပာဆိုမႈေတြကို တိုက္စစ္မႉးေဟာင္း ကယ္ဗင္ ကမ့္ဘဲက ျငင္းပယ္ခဲ့ၿပီး သူဟာ အမ္းမရိတ္စ္မွာ ႀကီးမားတဲ့အနာဂတ္ရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဆဲလ္ဘက္ကေန ထြက္ခြာဖို႔ရွိေနတဲ့ ဒိုမီနစ္ ဆိုေဘာ့စေလးဟာ အာဆင္နယ္အတြက္ ဇန္နဝါရီ ပစ္မွတ္ျဖစ္သလို အာတီတာဟာ သူ႔လို ဖန္တီးႏိုင္စြမ္းရွိတဲ့ ကြင္းလယ္လူမ်ိဳး အသည္းအသန္ လိုအပ္ေနတယ္လို႔ အမ္မလီ ဟက္စကီးက ေျပာဆိုခဲ့ပါတယ္။
ေဂဘရီရယ္ မက္ဂါးလက္စ္ဟာ အာဆင္နယ္ကို ေရာက္လာၿပီးထဲက ပထမဦးစားေပး ဗဟိုေနာက္ခံလူျဖစ္ခဲ့ၿပီး ဝုလ္ဗ္ကိုရႈံးခဲ့တဲ့ပြဲမွာလဲ သူ႔ရဲ႕ ဒုတိယေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့သလို ကလပ္မွာ သူက ေတာက္ပေနတဲ့ ၾကယ္တစ္ပြင့္ျဖစ္တယ္လို႔ အီယန္႐ိုက္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။