အင်္ဂလန်ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂျိုကိုးလ်က ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး အခမ်းနားဆုံး အသင်းခေါင်းဆောင် အဖြစ် ဂျွန်တယ်ရီကို ရွေးချယ်လိုက်ပါတယ်။
တယ်ရီဟာ ချယ်ဆီးအသင်းနဲ့ အတူ ၁၉ နှစ်တာ ရှိခဲ့တဲ့ ကစားသမား ဖြစ်ပြီး ပွဲ ၇၀၀ ကျော် ကလပ်အသင်းအတွက် ကစား ပေးသွားခဲ့ပါတယ်။ ချယ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် ဖလားများလည်း ဆွတ်ခူးခဲ့သူပါ။
ချယ်ဆီးအသင်းမှာ ၇ နှစ်တာ ကစားသွားခဲ့တဲ့ ကိုးလ်ကတော့ ပရီးမီးယားလိဂ် သမိုင်းတလျောက်မှာပါ အကောင်းဆုံး အသင်းခေါင်းဆောင်က တယ်ရီ ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ကိုးလ်က လီဗာပူးမှာလည်း ကစားဖူးပြီး နာမည်ကျော် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်နဲ့လည်း လက်တွဲဖူးသူပါ။
” တယ်ရီက ကွင်းပြင်မှာတောင် အသေးစိတ် ဂရုစိုက်တတ်သူပါ။ အမြဲ ရှေ့ကနေ ဦးဆောင်တယ်၊ တောင်းဆိုမှုတွေ လုပ်တယ်။ သူက ကလပ်အသင်း တစ်သင်းမှာ ရှိရမယ့် ပြီးပြည့်စုံတဲ့ အသင်းခေါင်းဆောင်ပါပဲ။ ” လို့ ကိုးလ်က ဆိုပါတယ်။
ပရီးမီးယားလိဂ် သမိုင်းတလျောက်မှာပါ အကောင်းဆုံး အသင်းခေါင်းဆောင်က တယ်ရီ ဖြစ်မလား အမေးမှာလည်း ဂျိုကိုးလ်က – ” ဟုတ်တာပေါ့။ ကျနော်ကတော့ အဲဒီလို ရွေးမှာပဲ။ ” လို့ BT Sport အစီအစဉ်မှာ ဖြေကြားခဲ့ပါတယ်။
” ကျနော့် အဖြေနဲ့ ပတ်သတ်ပြီး အမြင်မတူတာတွေ အငြင်းပွားတာတွေက ရှိကြမှာပါ။ ဒါပေမယ့် ဂျွန်တယ်ရီ က တကယ်ကို အကောင်းဆုံး သူ ဖြစ်တယ်။ သူက အသင်း ထရိန်နင်မှာရော အဝတ်လဲခန်းထဲမှာ အရေးပါတဲ့ သူ ဖြစ်တယ်။ ကျနော် သူ့ကို သေချာတောင် ကျေးဇူးတင်စကား မပြောဖြစ်ခဲ့ဘူး။ အသင်းအတွက်ရော ကျနော့် အတွက်ပါ သူက သိပ် အရေးကြီးတဲ့ သူ ဖြစ်တယ်။ ” လို့ ဂျိုကိုးလ်က ပြောဆိုခဲ့ပါတယ်။
Zawgyi – အဂၤလန္ကစားသမားေဟာင္း တစ္ဦး ျဖစ္တဲ့ ဂ်ိဳကိုးလ္က ပရီးမီးယားလိဂ္ သမိုင္းမွာ အေကာငး္ဆံုး အခမ္းနားဆံုး အသင္းေခါင္းေဆာင္ အျဖစ္ ဂၽြန္တယ္ရီကို ေရြးခ်ယ္လိုက္ပါတယ္။
တယ္ရီဟာ ခ်ယ္ဆီးအသင္းနဲ႕ အတူ ၁၉ နွစ္တာ ရွိခဲ့တဲ့ ကစားသမား ျဖစ္ျပီး ပြဲ ၇၀၀ ေက်ာ္ ကလပ္အသင္းအတြက္ ကစားေပးသြားခဲ့ပါတယ္။ ခ်ယ္ဆီးအသင္းနဲ႕ အတူ ပရီးမီးယားလိဂ္ ဖလား ၅ ၾကိမ္နဲ႕ ခ်န္ပီယံလိဂ္၊ ယူရိုပါလိဂ္ ဖလားမ်ားလည္း ဆြတ္ခူးခဲ့သူပါ။
ခ်ယ္ဆီးအသင္းမွာ ၇ နွစ္တာ ကစားသြားခဲ့တဲ့ ကိုးလ္ကေတာ့ ပရီးမီးယားလိဂ္ သမိုင္းတေလ်ာက္မွာပါ အေကာင္းဆံုး အသင္းေခါင္းေဆာင္က တယ္ရီ ျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။ ကိုးလ္က လီဗာပူးမွာလည္း ကစားဖူးျပီး နာမည္ေက်ာ္ အသင္းေခါင္းေဆာင္ စတီဗင္ဂ်ရတ္နဲ႕လည္း လက္တြဲဖူးသူပါ။
” တယ္ရီက ကြင္းျပင္မွာေတာင္ အေသးစိတ္ ဂရုစိုက္တတ္သူပါ။ အျမဲ ေရွ႕ကေန ဦးေဆာင္တယ္၊ ေတာင္းဆိုမႈေတြ လုပ္တယ္။ သူက ကလပ္အသင္း တစ္သင္းမွာ ရွိရမယ့္ ျပီးျပည့္စံုတဲ့ အသင္းေခါင္းေဆာင္ပါပဲ။ ” လို႔ ကိုးလ္က ဆိုပါတယ္။
ပရီးမီးယားလိဂ္ သမိုင္းတေလ်ာက္မွာပါ အေကာင္းဆံုး အသင္းေခါင္းေဆာင္က တယ္ရီ ျဖစ္မလား အေမးမွာလည္း ဂ်ိဳကိုးလ္က – ” ဟုတ္တာေပါ့။ က်ေနာ္ကေတာ့ အဲဒီလို ေရြးမွာပဲ။ ” လို႔ BT Sport အစီအစဥ္မွာ ေျဖၾကားခဲ့ပါတယ္။
” က်ေနာ့္ အေျဖနဲ႕ ပတ္သတ္ျပီး အျမင္မတူတာေတြ အျငင္းပြားတာေတြက ရွိၾကမွာပါ။ ဒါေပမယ့္ ဂၽြန္တယ္ရီ က တကယ္ကို အေကာင္းဆံုး သူ ျဖစ္တယ္။ သူက အသင္း ထရိန္နင္မွာေရာ အ၀တ္လဲခန္းထဲမွာ အေရးပါတဲ့ သူ ျဖစ္တယ္။ က်ေနာ္ သူ႔ကို ေသခ်ာေတာင္ ေက်းဇူးတင္စကား မေျပာျဖစ္ခဲ့ဘူး။ အသင္းအတြက္ေရာ က်ေနာ့္ အတြက္ပါ သူက သိပ္ အေရးၾကီးတဲ့ သူ ျဖစ္တယ္။ ” လို႔ ဂ်ိဳကိုးလ္က ေျပာဆိုခဲ့ပါတယ္။