ချန်ပီယံလိဂ် ပွဲကြိုမှာ ကာဗာနီကို အမှာပါးလိုက်တဲ့ ပီအက်စ်ဂျီမန်နေဂျာ တူချယ်

ပီအက်စ်ဂျီကို ရင်ဆိုင်ရမယ့်ပွဲမှာတော့ ယူနိုက်တက်မန်နေဂျာ ဆိုးရှားက နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ၃-၂ နဲ့ ပြန်လာနိုင်အောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ကာဗာနီကို ထုတ်သုံးလို့ရနေမှာဖြစ်တယ်။

ကာဗာနီဟာ လူမျိုးရေးခွဲခြားမှုဆိုင်ရာ စကားလုံးပါတဲ့ ပိုစ့်ကို တင်ခဲ့တာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူခြင်း ခံရနိုင်ချေရှိနေတယ်။ ဒါပေမယ့်လည်း ဥရောပပြိုင်ပွဲမှာ သက်ရောက်မှာ မဟုတ်သလို ယူအီးအက်ဖ်အေနဲ့ သက်ဆိုင်ခြင်းလည်း မရှိပါဘူး။

သူ့ကစားသမားဟောင်းရဲ့ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ဆိုရှယ်မီဒီယာ ပို့စ်အကြောင်းနဲ့ ပတ်သက်ပြီး တူချယ်က “ကျွန်တော် အံ့အားသင့်မိတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် သိတဲ့ ကာဗာနီက တည်ငြိမ်ပြီး ကွင်းထဲမှာ အသင်းကိုကူညီဖို့ စိတ်အားထက်သန် နေတတ်တဲ့သူပါ၊ ဒီလို စိတ်ဓာတ်ခိုင်မာမှုက သူ့လို့ အရည်အချင်းရှိတဲ့ တိုက်စစ်မှူးတစ်ယောက်အတွက် ရှားပါးတဲ့ အကျင့်စရိုက်ပါပဲ။

သူက အမြဲတမ်း အသင်းအတွက် အစွမ်းကုန်ပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေတတ်တယ်၊ ရုပ်ပိုင်းဆိုင်ရာအရ ကြီးမားတဲ့ အကျိူးသက်ရောက်မှု ရှိပြီး သူ့အတွက် ဂိုးသွင်းဖို့ဆိုတာ ပုံမှန် အလုပ်တစ်ခုလိုပါပဲ၊ သူက အမြဲတမ်း ယုံကြည်စိတ်ချရတဲ့သူပါ၊ ညဘက်ကြီး သူ့ကို လှမ်းခေါ်ရင်တောင် သူက ဂိုးသွင်းဖို့၊ ခုခံကာကွယ်ဖို့ အမြဲတမ်း အသင့်ရှိနေပါလိမ့်မယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ သူက ပွဲကို အဆုံးအဖြတ်ပေးခဲ့ပြီး သူ့အရည်အချင်းကို ယူနိုက်တက် ပရိသတ်တွေမြင်အောင် ပြသနိုင်ခဲ့တဲ့အတွက် ကျွန်တော် သူ့အစား ပျော်ပါတယ်။

သူ့အနေနဲ့ ဒီညမှာ သူ့ရဲ့ အရည်အချင်းကို ပြသဖို့ မလိုပါဘူး၊ ကျွန်တော်တို့က သူ ဘာလုပ်နိုင်တယ်ဆိုတာ သိပြီးသားပါ၊ ဒါကြောင့် သူ့အနေနဲ့ ခဏ ရပ်လို့ရပါတယ်၊ ကျွန်တော်တို့ကို သက်သေပြဖို့ မလိုပါဘူး၊ သူ ကစားမယ်ဆိုရင်တော့ ကျွန်တော်တို့က အဲ့အတွက် အဖြေရှာရမှာပေါ့” လို့ ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI – ပီအက္စ္ဂ်ီကို ရင္ဆိုင္ရမယ့္ပြဲမွာေတာ့ ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက ေနာက္ဆံုးယွဥ္ျပိဳင္ထားတဲ့ ေဆာက္သမ္တန္နဲ႔ပြဲမွာ ၃-၂ နဲ႔ ျပန္လာႏိုင္ေအာင္ အဓိက စြမ္းေဆာင္ေပးခဲ့တဲ့ ကာဗာနီကို ထုတ္သံုးလို႔ရေနမွာျဖစ္တယ္။

ကာဗာနီဟာ လူမ်ိဳးေရးခြဲျခားမႈဆိုင္ရာ စကားလံုးပါတဲ့ ပိုစ့္ကို တင္ခဲ့တာေၾကာင့္ အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ အေရးယူျခင္း ခံရႏုိင္ေခ်ရွိေနတယ္။ ဒါေပမယ့္လည္း ဥေရာပျပိဳင္ပြဲမွာ သက္ေရာက္မွာ မဟုတ္သလို ယူအီးအက္ဖ္ေအနဲ႔ သက္ဆုိင္ျခင္းလည္း မရွိပါဘူး။

သူ႔ကစားသမားေဟာင္းရဲ႕ အျငင္းပြားစရာ ျဖစ္ခဲ့တဲ့ ဆိုရွယ္မီဒီယာ ပို႔စ္အေၾကာင္းနဲ႔ ပတ္သက္ၿပီး တူခ်ယ္က “ကြၽန္ေတာ္ အံ့အားသင့္မိတယ္၊ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ သိတဲ့ ကာဗာနီက တည္ၿငိမ္ၿပီး ကြင္းထဲမွာ အသင္းကိုကူညီဖို႔ စိတ္အားထက္သန္ ေနတတ္တဲ့သူပါ၊ ဒီလို စိတ္ဓာတ္ခိုင္မာမႈက သူ႔လို႔ အရည္အခ်င္းရွိတဲ့ တိုက္စစ္မႉးတစ္ေယာက္အတြက္ ရွားပါးတဲ့ အက်င့္စ႐ိုက္ပါပဲ။

သူက အၿမဲတမ္း အသင္းအတြက္ အစြမ္းကုန္ေပးဆပ္ဖို႔ အဆင္သင့္ျဖစ္ေနတတ္တယ္၊ ႐ုပ္ပိုင္းဆိုင္ရာအရ ႀကီးမားတဲ့ အက်ိဴးသက္ေရာက္မႈ ရွိၿပီး သူ႔အတြက္ ဂိုးသြင္းဖို႔ဆိုတာ ပုံမွန္ အလုပ္တစ္ခုလိုပါပဲ၊ သူက အၿမဲတမ္း ယုံၾကည္စိတ္ခ်ရတဲ့သူပါ၊ ညဘက္ႀကီး သူ႔ကို လွမ္းေခၚရင္ေတာင္ သူက ဂိုးသြင္းဖို႔၊ ခုခံကာကြယ္ဖို႔ အၿမဲတမ္း အသင့္ရွိေနပါလိမ့္မယ္။

ေဆာက္သမ္တန္နဲ႔ပြဲမွာ သူက ပြဲကို အဆုံးအျဖတ္ေပးခဲ့ၿပီး သူ႔အရည္အခ်င္းကို ယူႏိုက္တက္ ပရိသတ္ေတြျမင္ေအာင္ ျပသႏိုင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္ သူ႔အစား ေပ်ာ္ပါတယ္။

သူ႔အေနနဲ႔ ဒီညမွာ သူ႔ရဲ႕ အရည္အခ်င္းကို ျပသဖို႔ မလိုပါဘူး၊ ကြၽန္ေတာ္တို႔က သူ ဘာလုပ္ႏိုင္တယ္ဆိုတာ သိၿပီးသားပါ၊ ဒါေၾကာင့္ သူ႔အေနနဲ႔ ခဏ ရပ္လို႔ရပါတယ္၊ ကြၽန္ေတာ္တို႔ကို သက္ေသျပဖို႔ မလိုပါဘူး၊ သူ ကစားမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က အဲ့အတြက္ အေျဖရွာရမွာေပါ့” လို႔ ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။