Injury Update | ယူရိုပါလိဂ် ပွဲမတိုင်ခင် ပါတေး၊ ကိုလာစီနက်တို့နဲ့ ဂန်းနားတို့ ဒဏ်ရာသတင်းများ

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ရက်ပစ် ဗီယင်နာ အသင်းနဲ့ ယူရိုပါလိဂ် ပွဲမတိုင်ခင် ကစားသမားတွေ ဒဏ်ရာ အခြေအနေ နောက်ဆုံး ထုတ်ပြန်မှုများ ပြုလုပ်သွားခဲ့ပါတယ်။

ရက်ပစ် ဗီယင်နာနဲ့ ပွဲမတိုင်ခင် စစ်ဆေးမှုမှာ ကိုလာစီနက်နဲ့ နစ်ကိုးလပ်စ် ပီပီကတော့ ကိုဗစ် စစ်ဆေးမှု နက်ဂေးတစ် ပြပြီ ဖြစ်လို့ ပြန် ပါဝင်နိုင်ပြီ ဖြစ်ပါတယ်။

သောမတ်စ် ပါတေးကတော့ ထရိန်နင်မှာ ပြန်လည ်ထူထောင်ရေးများ ဆက်လက် လုပ်ဆောင်နေဆဲပါ။ ပက်ဘလို မာရီကလည်း ကြံ့ခိုင်မှု ပြန်လည် တည်ဆောက်နေပြီး U23 အသင်းနဲ့ အတူ ရှိနေပါတယ်။ မာတင်နယ်လီကလည်း ဇန်နဝါရီ မတိုင်ခင်တော့ ပြန် ကောင်းလာဖို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့ ဝုဗ်နဲ့ ပွဲမှာ ဂျီမီးနက်ဇ်နဲ့ ခေါင်းချင်းတိုက်ခဲ့တဲ့ ဒေးဗစ် လူးဝစ် အခြေအနေကိုတော့ အာဆင်နယ်က အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပြီး ဒီတစ်ပတ် ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ အာဆင်နယ်ရဲ့ ဒဏ်ရာ သတင်း ထုတ်ပြန်မှုမှာ ကောလမ် ချမ်ဘာစ်ရဲ့ အခြေအနေကိုတော့ ထည့်ပြောထားခြင်း မရှိတာ တွေ့ရပါတယ်။

အမ်းမရိတ်မှာ ကန်မယ့် ဒီတစ်ပတ် ယူရိုပါလိဂ် ပွဲအတွက် ကွင်းထဲ ပရိသတ် ဝင်ခွင့် ပြန်ရခဲ့ပြီး စနေနေ့က လက်မှတ် ၂၀၀၀ ရောင်းချခဲ့ရာမှာ မိနစ် ၂၀ အတွင်း ရောင်းကုန်သွားခဲ့ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ် ပရိသတ်တချို့ ကွင်းထဲ လာ အားပေးတာ မြင်ရတော့မှာ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ဒီတစ္ပတ္ ရက္ပစ္ ဗီယင္နာ အသင္းနဲ႕ ယူရိုပါလိဂ္ ပြဲမတိုင္ခင္ ကစားသမားေတြ ဒဏ္ရာ အေျခအေန ေနာက္ဆံုး ထုတ္ျပန္မႈမ်ား ျပဳလုပ္သြားခဲ့ပါတယ္။

ရက္ပစ္ ဗီယင္နာနဲ႕ ပြဲမတိုင္ခင္ စစ္ေဆးမႈမွာ ကိုလာစီနက္နဲ႕ နစ္ကိုးလပ္စ္ ပီပီကေတာ့ ကိုဗစ္ စစ္ေဆးမႈ နက္ေဂးတစ္ ျပျပီ ျဖစ္လို႔ ျပန္ ပါ၀င္နုိင္ျပီ ျဖစ္ပါတယ္။

ေသာမတ္စ္ ပါေတးကေတာ့ ထရိန္နင္မွာ ျပန္လည ္ထူေထာင္ေရးမ်ား ဆက္လက္ လုပ္ေဆာင္ေနဆဲပါ။ ပက္ဘလို မာရီကလည္း ၾကံ႕ခိုင္မႈ ျပန္လည္ တည္ေဆာက္ေနျပီး U23 အသင္းနဲ႕ အတူ ရွိေနပါတယ္။ မာတင္နယ္လီကလည္း ဇန္န၀ါရီ မတိုင္ခင္ေတာ့ ျပန္ ေကာငး္လာဖို႔ ေမွ်ာ္လင့္ရပါတယ္။

ျပီးခဲ့တဲ့ ၀ုဗ္နဲ႕ ပြဲမွာ ဂ်ီမီးနက္ဇ္နဲ႕ ေခါင္းခ်င္းတိုက္ခဲ့တဲ့ ေဒးဗစ္ လူး၀စ္ အေျခအေနကိုေတာ့ အာဆင္နယ္က အေစာပိုင္းမွာ သတင္းထုတ္ျပန္ထားျပီး ဒီတစ္ပတ္ ပြဲမွာ ပါ၀င္နုိင္ဦးမွာ မဟုတ္ပါဘူး။ အာဆင္နယ္ရဲ႕ ဒဏ္ရာ သတင္း ထုတ္ျပန္မႈမွာ ေကာလမ္ ခ်မ္ဘာစ္ရဲ႕ အေျခအေနကိုေတာ့ ထည့္ေျပာထားျခင္း မရွိတာ ေတြ႔ရပါတယ္။

အမ္းမရိတ္မွာ ကန္မယ့္ ဒီတစ္ပတ္ ယူရိုပါလိဂ္ ပြဲအတြက္ ကြင္းထဲ ပရိသတ္ ၀င္ခြင့္ ျပန္ရခဲ့ျပီး စေနေန႔က လက္မွတ္ ၂၀၀၀ ေရာင္းခ်ခဲ့ရာမွာ မိနစ္ ၂၀ အတြင္း ေရာင္းကုန္သြားခဲ့ပါတယ္။ ဒီပြဲမွာေတာ့ အာဆင္နယ္ ပရိသတ္တခ်ိဳ႔ ကြင္းထဲ လာ အားေပးတာ ျမင္ရေတာ့မွာ ျဖစ္ပါတယ္။