ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ အကြောင်း အမြဲ ထုတ်ပြောနေသူ ဖြစ်လို့ ကလပ်အသင်းက သွားခွင့် ပြုသင့်ပြီလို့ သရဲနီဟောင်း ကန်ချယ်စကီးစ်က ပြောဆိုလိုက်ပါတယ်။
ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ထံ ပေါင်သန်း၄၀ နဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် နေရာမရခဲ့ပဲ ဆောက်သမ်တန်နဲ့ပွဲမှာမှ လိဂ် ပွဲထွက်ခွင့်ရခဲ့သလို ပီယာလို က သူ့ကို ဂျူဗင်တပ်ထံ ခေါ်ယူပြီး ဒီလစ်နဲ့အတူ ပြန် တွဲကစားခွင့်ပေးဖို့ စဉ်းစားနေပါတယ်။
တိုက်စစ်မှူး ကာဗာနီဟာ ယူနိုက်တက်ထံရောက်လာပြီးနောက်ပိုင်း အင်္ဂလိပ် စကား နှစ်လုံး တတ်မြောက်သွားခဲ့ပြီး ပွဲတစ်ပွဲ အနိုင်ရပြီးတဲ့အခါ ‘မနက်ဖြန် အနားယူမယ်’ ဆိုပြီး ပြောတတ်သွားပြီလို့ ဆိုးလ်ရှားက ဟာသလုပ် ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူး မာရှယ်က အဖျားကနေ သက်သာ ကောင်းမွန်နေပြီ ဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ပွဲမှာ ပါဝင်နိုင်ကြောင်း နည်းပြ ဆိုးရှားက အတည်ပြု ခဲ့ကာ လုခ်ရှော ပြန် ကစားနိုင်ဖို့ကတော့ လိုသေးတယ်လို့ အသိပေးခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီဟာ Brexit ထပ်တိုး ကိစ္စတွေ အတွက် ကြိုတင် စီစဉ်မှုတွေ ပြုလုပ်ထားပြီး နောက်ဆို ခက်ခဲသွားမှာ ဖြစ်လို့ ပြီးခဲ့တဲ့ နွေတည်းက ပြင်သစ်၊ စပိန်ဘက်မှ ပြည်ပ ကစားသမား ၆ ဦးကို ခေါ်ယူထားခဲ့ပြီ ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ နိုဝင်ဘာလ အတွက် ယူနိုက်တက် အကောင်းဆုံး ကစားသမား ဆု ကို ရရှိသွားပြန်ပြီ ဖြစ်ပြီး ဒါက ၎င်းအတွက် ၅ ကြိမ်မြောက် ယူနိုက်တက် တစ်လတာ အကောင်းဆုံး ဆုလည်း ဖြစ်ပါတယ်။
Zawgyi – ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ အကြောင်း အမြဲ ထုတ်ပြောနေသူ ဖြစ်လို့ ကလပ်အသင်းက သွားခွင့် ပြုသင့်ပြီလို့ သရဲနီဟောင်း ကန်ချယ်စကီးစ်က ပြောဆိုလိုက်ပါတယ်။
ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ နိုဝင်ဘာလ အတွက် ယူနိုက်တက် အကောင်းဆုံး ကစားသမား ဆု ကို ရရှိသွားပြန်ပြီ ဖြစ်ပြီး ဒါက ၄င်းအတွက် ၅ ကြိမ်မြောက် ယူနိုက်တက် တစ်လတာ အကောင်းဆုံး ဆုလည်း ဖြစ်ပါတယ်။