ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (3/12/20)

ဆီးဗီးလားကို ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ ချယ်ဆီးရဲ့ အမေ့ခံသူရဲကောင်း ဂျီရူးရဲ့ အံ့အားသင့်ဖွယ် တစ်ကိုယ်တော် စွမ်းဆောင်ရည်တွေကြောင့် လမ်းပတ်က ဝမ်းမြောက်နေခဲ့ပြီး သူက အားကိုးရသူဖြစ်ကြောင်း ချီးကျူးပြောဆို ခဲ့ပါတယ်။

၁၉၆၅ ဥရောပ ဖလားပွဲမှာ ဖီရန့်စ် ပူးစကတ်က ၃ ဂိုးသွင်းယူခဲ့တဲ့နောက်ပိုင်း အခု အသက်၃၄နှစ်ရှိပြီဖြစ်တဲ့ ဂျီရူးဟာ ဆီးဗီးလားနဲ့ ပွဲမှာတော့ ဥရောပပြိုင်ပွဲအတွင်း ဟက်ထရစ်ရရှိခဲ့တဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဂျီရူးရဲ့ တစ်ကိုယ်တော် ၄ ဂိုးနဲ့အတူ ချယ်ဆီးက အောင်ပွဲရခဲ့ပေမယ့်လဲ ၎င်းဟာ ဒီရာသီ ကလပ်မှာ ကစားချိန်ကန့်သတ်ခံနေရသလို လာမယ့်စနေနေ့ လိဒ်စ်နဲ့ပွဲမှာ သူ့ကို ပွဲထွက်ခွင့်ပြုမှာလားဆိုတာ မသေချာသေးဘူးလို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ဆိုင်မှုက ကြီးမားကျယ်ပြန့်လာပြီလို့ မိုက်ကယ်အိုဝင်က ဝန်ခံခဲ့ပေမယ့် လက်တွေ့မှာ ဖလား ကိုင်မြှောက်နိုင်ခြေ ရှိတဲ့အသင်းက လီဗာပူး၊ မန်စီးတီး၊ ချယ်ဆီးနဲ့ စပါးတို့ လေးသင်းသာ ရှိတယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ဆီးဗီးလားကို ၄ ဂိုးသွင်းခဲ့တဲ့နောက် ဂျီရူးဟာ လွန်ခဲ့တဲ့ ၂နှစ်ကအထိ ပြီးပြည့်စုံတဲ့ ဟက်ထရစ်ဆိုတာ ဘာမှန်းမသိခဲ့ဘူးလို့ ဝန်ခံခဲ့ပြီး မနှစ်က ကိဗ်ကို ၅ ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့အချိန်မှသိခဲ့တာပါလို့ ပြောဆိုခဲ့ပါတယ်။

ဂျီရူးရဲ့ ဟက်ထရစ်အောင်မြင်မှုကို မြင်တွေ့ခဲ့ရတဲ့နောက် ဖာဘရီဂက်စ်က သူ့အတွက် မက်ဆေ့ခ်ျပို့ခဲ့ပြီး ဂျီရူးက တကယ့် ပရော်ဖက်ရှင်နယ် ဖြစ်ကာ လူငယ်ကစားသမား အားလုံးက သူ့ကို စံပြအဖြစ် အတုယူသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘင်ချီဝဲက ပထမဦးစားပေး ဘယ်နောက်ခံလူ ဖြစ်လာခဲ့တဲ့နောက် အီမာဆန်က လိဂ် တစ်ပွဲသာ ကစားခဲ့ရပြီး အလွန်ဆိုက ၃ ပွဲသာ ပါဝင်ခဲ့ရသလို ချယ်ဆီးဟာ ဇန်နဝါရီမှာ သူတို့၂ယောက်ထဲက ၁ ယောက်ကို ရောင်းချဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

ချယ်ဆီးက ဆီးဗီးလားကို ကျော်ဖြတ်နိုင်ခဲ့တဲ့နောက် သူတို့အသင်းဟာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အထက်မှာ ရှိနေတယ်လို့ ဂလင်းဟော်ဒယ်က ယုံကြည်နေပြီး အနိမ့်ဆုံး ဆီမီးဖိုင်နယ်ရောက်ရှိဖို့ မျှော်လင့်ထားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ဆီးဗီးလားကို ၄ ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ပြဲမွာ ခ်ယ္ဆီးရဲ႕ အေမ့ခံသူရဲေကာင္း ဂ်ီ႐ူးရဲ႕ အံ့အားသင့္ဖြယ္ တစ္ကိုယ္ေတာ္ စြမ္းေဆာင္ရည္ေတြေၾကာင့္ လမ္းပတ္က ဝမ္းေျမာက္ေနခဲ့ၿပီး သူက အားကိုးရသူျဖစ္ေၾကာင္း ခ်ီးက်ဴးေျပာဆို ခဲ့ပါတယ္။

၁၉၆၅ ဥေရာပ ဖလားပြဲမွာ ဖီရန႔္စ္ ပူးစကတ္က ၃ ဂိုးသြင္းယူခဲ့တဲ့ေနာက္ပိုင္း အခု အသက္၃၄ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ီ႐ူးဟာ ဆီးဗီးလားနဲ႔ပြဲမွာေတာ့ ဥေရာပၿပိဳင္ပြဲအတြင္း ဟက္ထရစ္ရရွိခဲ့တဲ့ အသက္အႀကီးဆုံး ကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

ဂ်ီ႐ူးရဲ႕ တစ္ကိုယ္ေတာ္ ၄ ဂိုးနဲ႔အတူ ခ်ယ္ဆီးက ေအာင္ပြဲရခဲ့ေပမယ့္လဲ ၎ဟာ ဒီရာသီ ကလပ္မွာ ကစားခ်ိန္ကန႔္သတ္ခံေနရသလို လာမယ့္စေနေန႔ လိဒ္စ္နဲ႔ပြဲမွာ သူ႔ကို ပြဲထြက္ခြင့္ျပဳမွာလားဆိုတာ မေသခ်ာေသးဘူးလို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ဖလားၿပိဳင္ဆိုင္မႈက ႀကီးမားက်ယ္ျပန႔္လာၿပီလို႔ မိုက္ကယ္အိုဝင္က ဝန္ခံခဲ့ေပမယ့္ လက္ေတြ႕မွာ ဖလား ကိုင္ေျမႇာက္ႏိုင္ေျခ ရွိတဲ့အသင္းက လီဗာပူး၊ မန္စီးတီး၊ ခ်ယ္ဆီးနဲ႔ စပါးတို႔ ေလးသင္းသာ ရွိတယ္လို႔ ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။

ဆီးဗီးလားကို ၄ ဂိုးသြင္းခဲ့တဲ့ေနာက္ ဂ်ီ႐ူးဟာ လြန္ခဲ့တဲ့ ၂ႏွစ္ကအထိ ၿပီးျပည့္စုံတဲ့ ဟက္ထရစ္ဆိုတာ ဘာမွန္းမသိခဲ့ဘူးလို႔ ဝန္ခံခဲ့ၿပီး မႏွစ္က ကိဗ္ကို ၅ ဂိုးျပတ္နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ၃ ဂိုးသြင္းယူႏိုင္ခဲ့တဲ့အခ်ိန္မွသိခဲ့တာပါလို႔ ေျပာဆိုခဲ့ပါတယ္။

ဂ်ီ႐ူးရဲ႕ ဟက္ထရစ္ေအာင္ျမင္မႈကို ျမင္ေတြ႕ခဲ့ရတဲ့ေနာက္ ဖာဘရီဂက္စ္က သူ႔အတြက္ မက္ေဆ့ခ္်ပို႔ခဲ့ၿပီး ဂ်ီ႐ူးက တကယ့္ ပေရာ္ဖက္ရွင္နယ္ ျဖစ္ကာ လူငယ္ကစားသမား အားလုံးက သူ႔ကို စံျပအျဖစ္ အတုယူသင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဘင္ခ်ီဝဲက ပထမဦးစားေပး ဘယ္ေနာက္ခံလူ ျဖစ္လာခဲ့တဲ့ေနာက္ အီမာဆန္က လိဂ္ တစ္ပြဲသာ ကစားခဲ့ရၿပီး အလြန္ဆိုက ၃ ပြဲသာ ပါဝင္ခဲ့ရသလို ခ်ယ္ဆီးဟာ ဇန္နဝါရီမွာ သူတို႔၂ေယာက္ထဲက ၁ ေယာက္ကို ေရာင္းခ်ဖို႔ ႀကိဳးစားသြားမွာျဖစ္ပါတယ္။

ခ်ယ္ဆီးက ဆီးဗီးလားကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ေနာက္ သူတို႔အသင္းဟာ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ အထက္မွာ ရွိေနတယ္လို႔ ဂလင္းေဟာ္ဒယ္က ယုံၾကည္ေနၿပီး အနိမ့္ဆုံး ဆီမီးဖိုင္နယ္ေရာက္ရွိဖို႔ ေမွ်ာ္လင့္ထားသင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။