မန်ချက်စတာ ယူနိုက်တက်ဟာ ညက ချန်ပီယံလိဂ် ပွဲမှာ ပီအက်စ်ဂျီကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ပေမယ့် ၃ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၀ မှာ ဖရက် အထုတ်ပယ်ခံခဲ့ရတာကလည်း ယူနိုက်တက် အတွက် နစ်နာခဲ့ရပါတယ်။
ဖရက်ဟာ လီရန်ဒရို ပါရီဒက်စ်ကို ခေါင်းနဲ့ တိုက်ခဲ့တဲ့အမှုမှာ အနီကဒ်မပြခံခဲ့ရတာ ကံကောင်းခဲ့တယ်လို့ ဆိုးလ်ရှားက ထင်မြင်နေပေမယ့် မိနစ် ၇၀ မှာတော့ ၎င်းဟာ ဟာရဲရားအပေါ် ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
အနီကဒ်မလာခင် ပထမအကြိမ် အဝါကဒ်ထိစဉ်မှာ ဖရက်ကို လူစားလဲသင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့် ဆိုးလ်ရှားကတော့ သူ့ဆုံးဖြတ်ချက်အတွက် နောင်တမရသလို ဖရက်ရဲ့ စွမ်းဆောင်ရည်အရ လူစားလဲစရာအကြောင်းမရှိခဲ့ဘူးလို့ ခုခံပြောဆိုခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ပုခုံးဒဏ်ရာရခဲ့တဲ့နောက် ကွင်းထဲကနေ ထွက်ခွာခဲ့ရပြီး ချက်ချင်း ဥမင်ထဲ ဝင်သွားခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့် ဆိုးလ်ရှားကတော့ သူ မြန်မြန် ပြန်ကောင်းလာပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။
အနီကဒ်ထိခဲ့တဲ့ ဖရက်ရဲ့ ဒေါသတကြီး တုံ့ပြန်မှုတွေကနေ ယူနိုက်တက် အသင်းကိုပါ ထိခိုက်စေတဲ့အပေါ် မိုက်ကယ်အိုဝင်က ဝေဖန်ခဲ့ပြီး ဆိုးလ်ရှားအနေနဲ့ သူ့ကို နောက်ပွဲတွေမှာ အသင်းကနေ ချန်လှပ်ထားသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဖရက်ရဲ့ ဒုတိယအဝါကဒ်မှာ အန်ဒါ ဟာရဲရားအပေါ် တကယ်ပဲ ပြစ်ဒဏ်ကျူးလွန်ခဲ့တာ မဟုတ်ဘူး ဆိုတာ ယူနိုက်တက်ကစားသမားဟောင်း ကိုယ်တိုင် သိသိကြီးနဲ့ တမင် အနီကဒ်ထိအောင်လုပ်ခဲ့တာပါလို့ ဆိုးလ်ရှားက စွပ်စွဲပြောဆိုခဲ့ပါတယ်။
ရုန်းကန်နေရတဲ့ မာရှယ်ဟာ ယူနိုက်တက်ကို ၂-၁ နဲ့ ဦးဆောင်နိုင်အောင် ကူညီပေးနိုင်တဲ့ အခြေအနေရှိခဲ့ပေမယ့် အပိုင်အခွင့်အရေးများစွာကို ဖြုန်းတီးခဲ့တာကြောင့် နောက်ဆုံးမှာ ပီအက်စ်ဂျီက အသာစီးရရှိသွားခဲ့တာဖြစ်တယ်လို့ ပေါလ်စခိုးက ဝေဖန်ပြောဆိုခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ညက ခ်န္ပီယံလိဂ္ ပြဲမွာ ပီအက္စ္ဂ်ီကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားခဲ့ေပမယ့္ ၃ဂိုး ၁ဂိုးနဲ႕ ရွံဳးနိမ့္သြားခဲ့ပါတယ္။ ပြဲခ်ိန္ မိနစ္ ၇၀ မွာ ဖရက္ အထုတ္ပယ္ခံခဲ့ရတာကလည္း ယူနိုက္တက္ အတြက္ နစ္နာခဲ့ရပါတယ္။
ဖရက္ဟာ လီရန္ဒ႐ို ပါရီဒက္စ္ကို ေခါင္းနဲ႔ တိုက္ခဲ့တဲ့အမႈမွာ အနီကဒ္မျပခံခဲ့ရတာ ကံေကာင္းခဲ့တယ္လို႔ ဆိုးလ္ရွားက ထင္ျမင္ေနေပမယ့္ မိနစ္ ၇၀ မွာေတာ့ ၎ဟာ ဟာရဲရားအေပၚ ျပစ္ဒဏ္က်ဴးလြန္မႈေၾကာင့္ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။
အနီကဒ္မလာခင္ ပထမအႀကိမ္ အဝါကဒ္ထိစဥ္မွာ ဖရက္ကို လူစားလဲသင့္တယ္ဆိုတဲ့ ေဝဖန္မႈေတြ ရွိေနေပမယ့္ ဆိုးလ္ရွားကေတာ့ သူ႔ဆုံးျဖတ္ခ်က္အတြက္ ေနာင္တမရသလို ဖရက္ရဲ႕ စြမ္းေဆာင္ရည္အရ လူစားလဲစရာအေၾကာင္းမရွိခဲ့ဘူးလို႔ ခုခံေျပာဆိုခဲ့ပါတယ္။
ရက္ရွ္ဖို႔ဒ္ဟာ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ပုခုံးဒဏ္ရာရခဲ့တဲ့ေနာက္ ကြင္းထဲကေန ထြက္ခြာခဲ့ရၿပီး ခ်က္ခ်င္း ဥမင္ထဲ ဝင္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရေပမယ့္ ဆိုးလ္ရွားကေတာ့ သူ ျမန္ျမန္ ျပန္ေကာင္းလာၿပီး ဝက္စ္ဟမ္းနဲ႔ပြဲမွာကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
အနီကဒ္ထိခဲ့တဲ့ ဖရက္ရဲ႕ ေဒါသတႀကီး တုံ႔ျပန္မႈေတြကေန ယူႏိုက္တက္ အသင္းကိုပါ ထိခိုက္ေစတဲ့အေပၚ မိုက္ကယ္အိုဝင္က ေဝဖန္ခဲ့ၿပီး ဆိုးလ္ရွားအေနနဲ႔ သူ႔ကို ေနာက္ပြဲေတြမွာ အသင္းကေန ခ်န္လွပ္ထားသင့္တယ္လို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
ဖရက္ရဲ႕ ဒုတိယအဝါကဒ္မွာ အန္ဒါ ဟာရဲရားအေပၚ တကယ္ပဲ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာ မဟုတ္ဘူး ဆိုတာ ယူႏိုက္တက္ကစားသမားေဟာင္း ကိုယ္တိုင္ သိသိႀကီးနဲ႔ တမင္ အနီကဒ္ထိေအာင္လုပ္ခဲ့တာပါလို႔ ဆိုးလ္ရွားက စြပ္စြဲေျပာဆိုခဲ့ပါတယ္။
႐ုန္းကန္ေနရတဲ့ မာရွယ္ဟာ ယူႏိုက္တက္ကို ၂-၁ နဲ႔ ဦးေဆာင္ႏိုင္ေအာင္ ကူညီေပးႏိုင္တဲ့ အေျခအေနရွိခဲ့ေပမယ့္ အပိုင္အခြင့္အေရးမ်ားစြာကို ျဖဳန္းတီးခဲ့တာေၾကာင့္ ေနာက္ဆုံးမွာ ပီအက္စ္ဂ်ီက အသာစီးရရွိသြားခဲ့တာျဖစ္တယ္လို႔ ေပါလ္စခိုးက ေဝဖန္ေျပာဆိုခဲ့ပါတယ္။