ယူနိုက်တက်ကို အနိုင်ယူပြီး သူက ယူရိုပါလိဂ်မှာ ကစားရမယ့်သူ မဟုတ်ကြောင်း နေမာ ကြွေးကြော်

မနက်က ယှဉ်ပြိုင်ကစားတဲ့ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ နေမာ ခြေစွမ်းပြမှုနဲ့အတူ ပီအက်စ်ဂျီက ၃-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။

လက်တလောမှာ ပီအက်စ်ဂျီ၊ ယူနိုက်တက်နဲ့ လိုက်ဇစ်တို့ ပါဝင်နေတဲ့ အုပ်စုဟာ အကျိတ်အနယ် ဖြစ်နေဆဲဖြစ်ပြီး ရမှတ်တူတွေ ဖြစ်နေဆဲပါ။ တစ်သင်းကတော့ ယူရိုပါလိဂ်ကို ဆင်းကစားရမှာ ဖြစ်ပေမယ့် သူကတော့ ချန်ပီယံလိဂ်ကနေ ထွက်ခွာသွားရဖို့ အတွေး မရှိပါဘူးလို့ နေမာက ပြောပါတယ်။

ပွဲအပြီးမှာ နေမာကပဲ ” ကျနော်က ကိုယ်ဘာသာ ချန်ပီယံလိဂ်ကနေ ထွက်ခွာပြီး ယူရိုပါလိဂ်မှာ ဆင်းကစားရမယ် ဘယ်တော့မှ မတွေးထားဘူး။ ခေါင်းထဲမှာ အဲ့အတွေး ဘယ်တော့မှ မရှိသလို အရှိလည်း မခံဘူး။ ဒီလို ခက်ခဲမှုတွေကနေပဲ ကျနော် အရွယ်ရောက်လာပြီး တာဝန်တွေ စယူလာတာပါ။ ကျနော် ဒီကို ရောက်လာတာ ယူရိုပါလိဂ် ကစားဖို့ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်က ရမှတ် ၉ မှတ်ဖြစ်ကာ ကျန်နှစ်သင်းဖြစ်တဲ့ လိုက်ဇစ်၊ ပီအက်စ်ဂျီကလည်း ရမှတ် ၉ မှတ်တွေဖြစ်ပေမယ့် ဂိုးကွာခြားမှုအရ ယူနိုက်တက်ဟာ အုပ်စု ထိပ်မှာ ရှိနေပြီး ပီအက်စ်ဂျီက အုပ်စု ဒုတိယနေရာမှာ ရှိနေတယ်။

အုပ်စုတွင်း နောက်ဆုံးပွဲမှာတော့ ပီအက်စ်ဂျီက တူရကီကလပ် အင်စတန်ဘူကို သရေကစားနိုင်ရင် နောက်တစ်ဆင့်ဖြစ်တဲ့ ရံှူးထွက်ကို တက်မှာဖြစ်ပြီး ယူနိုက်တက်က လိုက်ဇစ်ကို မရံှူးခဲ့ရင် နောက်တစ်ဆင့်ကို တက်မှာဖြစ်ပါတယ်။

ZAWGYI – မနက္က ယွဥ္ျပိဳင္ကစားတဲ့ ယူႏုိက္တက္နဲ႔ ပီအက္စ္ဂ်ီတို႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲမွာေတာ့ ေနမာ ေျခစြမ္းျပမႈနဲ႔အတူ ပီအက္စ္ဂ်ီက ၃-၁ ျဖင့္ အႏုိင္ရခဲ့ပါတယ္။

လက္တေလာမွာ ပီအက္စ္ဂ်ီ၊ ယူႏုိက္တက္နဲ႔ လိုက္ဇစ္တို႔ ပါဝင္ေနတဲ့ အုပ္စုဟာ အက်ိတ္အနယ္ ျဖစ္ေနဆဲျဖစ္ျပီး ရမွတ္တူေတြ ျဖစ္ေနဆဲပါ။ တစ္သင္းကေတာ့ ယူရိုပါလိဂ္ကို ဆင္းကစားရမွာ ျဖစ္ေပမယ့္ သူကေတာ့ ခ်န္ပီယံလိဂ္ကေန ထြက္ခြာသြားရဖို႔ အေတြး မရွိပါဘူးလို႔ ေနမာက ေျပာပါတယ္။

ပြဲအျပီးမွာ ေနမာကပဲ ” က်ေနာ္က ကိုယ္ဘာသာ ခ်န္ပီယံလိဂ္ကေန ထြက္ခြာျပီး ယူရိုပါလိဂ္မွာ ဆင္းကစားရမယ္ ဘယ္ေတာ့မွ မေတြးထားဘူး။ ေခါင္းထဲမွာ အဲ့အေတြး ဘယ္ေတာ့မွ မရွိသလို အရွိလည္း မခံဘူး။ ဒီလို ခက္ခဲမႈေတြကေနပဲ က်ေနာ္ အရြယ္ေရာက္လာျပီး တာဝန္ေတြ စယူလာတာပါ။ က်ေနာ္ ဒီကို ေရာက္လာတာ ယူရိုပါလိဂ္ ကစားဖို႔ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ယူႏုိက္တက္က ရမွတ္ ၉ မွတ္ျဖစ္ကာ က်န္ႏွစ္သင္းျဖစ္တဲ့ လိုက္ဇစ္၊ ပီအက္စ္ဂ်ီကလည္း ရမွတ္ ၉ မွတ္ေတြျဖစ္ေပမယ့္ ဂိုးကြာျခားမႈအရ ယူႏုိက္တက္ဟာ အုပ္စု ထိပ္မွာ ရွိေနျပီး ပီအက္စ္ဂ်ီက အုပ္စု ဒုတိယေနရာမွာ ရွိေနတယ္။

အုပ္စုတြင္း ေနာက္ဆံုးပြဲမွာေတာ့ ပီအက္စ္ဂ်ီက တူရကီကလပ္ အင္စတန္ဘူကို သေရကစားႏုိင္ရင္ ေနာက္တစ္ဆင့္ျဖစ္တဲ့ ရံွဴးထြက္ကို တက္မွာျဖစ္ျပီး ယူႏုိက္တက္က လိုက္ဇစ္ကို မရံွဴးခဲ့ရင္ ေနာက္တစ္ဆင့္ကို တက္မွာျဖစ္ပါတယ္။