ယနေ့ နောက်ဆုံးရ အာဆင်နယ်အသင်း သတင်းတိုများ (3/12/20)

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၄ပွဲနိုင် ၅ ပွဲရှုံးခဲ့ပြီး အဆင့် ၁၄နေရာကို ရောက်ရှိနေသလို ဆိုးရွားတဲ့ ရာသီစတင်ပုံကြောင့် အာတီတာအပေါ် ဖိအားတွေ ရှိလာပေမယ့် သူက ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိထားတယ်လို့ သိရပါတယ်။

ဝီလီယံဟာ ဘောလုံးကို အနောက်ပြန်ပေးတာများနဲ့အတူ ဘောလုံးထိန်းသိမ်းနိုင်စွမ်း အားနည်းတာကြောင့် စပါးနဲ့ပွဲမှာ သူ့အစား ရစ်နယ်ဆန်ကို ညာခြမ်းမှာထားပြီး ဘယ်ခြမ်းမှာ ဆာကာကို ထားကစာသင့်တယ်လို့ အီယန်ရိုက်က ဆိုပါတယ်။

အိုဇေး မပါဝင်တာက အာဆင်နယ်အတွက် အခွင့်အရေးဖန်တီးမှုပိုင်းမှာ ရုန်းကန်နေရတဲ့ အကြောင်းရင်းဖြစ်တယ်လို့ ထင်နေကြပြီး သူ့ကို ချန်လှပ်ထားတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့် အာတီတာက ဒါဟာ နည်းဗျူဟာအရ သာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

နွေရာသီမှာ အာဆင်နယ် ခေါ်ယူခဲ့တဲ့ ဂိုးသမားအသစ် ရူနာဆန်ဟာ ယူရိုပါလိဂ်မှာ ပွဲအနည်းငယ်သာ ကစားခွင့်ရခဲ့ပေမယ့် နံပါတ်တစ် ဂိုးသမားနေရာကို စိန်ခေါ်ဖို့ ရည်မှန်းထားသလို လီနိုရဲ့ ပွဲထွက်နေရာက ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်မှာ အများကြီး လှုပ်ရှားစရာ မရှိဘူးလို့ အာတီတာက ယူဆထားသလို ကစားသမားသစ် ခေါ်ယူမှု မလုပ်ခင် ရှိတဲ့ ကစားသမားအချို့ကို အရင် ရောင်းထုတ်မှရမယ်လို့ ပြောဆိုခဲ့ပါတယ်။

အသင်းကြီးတွေဟာ ဂိုးသွင်းနိုင်တဲ့ ကွင်းလယ်လူတွေ လိုအပ်သလို အာဆင်နယ်အနေနဲ့ ကွင်းလယ်က သွင်းဂိုးပျောက်ဆုံးနေတဲ့ပြဿနာကို အဖြေရှာရမှာဖြစ်ပြီး လက်ရှိ လူစာရင်းက ဖြေရှင်းနိုင်ပါ့မလားဆိုတာ သေချာမသိဘူးလို့ အာတီတာက ဝန်ခံခဲ့ပါတယ်။

ဂျီရူးဟာ ချယ်ဆီးအတွက် ဂိုးတွေသွင်းနေတာကို မြင်တွေ့ခဲ့ရတဲ့နောက် အာဆင်နယ်ပရိသတ်တွေက အိမ်မှာထိုင်ရင်း သူတို့အသင်းက ဘာလို့ ဂျီရူးကို ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့လဲဆိုတာ စဉ်းစားနေလိမ့်မယ်လို့ ဂျိုကိုးလ်က ဆိုပါတယ်။

ဝီလီယံ ဆလီဘာဟာ ရာသီကုန်မှာ အာဆင်နယ်ကို ရောက်ရှိခဲ့ပေမယ့် အာတီတာရဲ့ လူစာရင်းမှာ နေရာရဖို့ ရုန်းကန်နေရသလို ဇန်နဝါရီမှာ စိန့်အက်တီယန်ကို ပြန်သွားနိုင်ဖွယ် ရှိနေပြီး နိုက်စ်ကလဲ သူ့ကို ခေါ်ယူချင်နေပါတယ်။

Zawgyi – အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ ၁၀ ပြဲမွာ ၄ပြဲႏိုင္ ၅ ပြဲရႈံးခဲ့ၿပီး အဆင့္ ၁၄ေနရာကို ေရာက္ရွိေနသလို ဆိုး႐ြားတဲ့ ရာသီစတင္ပုံေၾကာင့္ အာတီတာအေပၚ ဖိအားေတြ ရွိလာေပမယ့္ သူက ဘုတ္အဖြဲ႕ရဲ႕ ေထာက္ခံမႈကို ရရွိထားတယ္လို႔ သိရပါတယ္။

ဝီလီယံဟာ ေဘာလုံးကို အေနာက္ျပန္ေပးတာမ်ားနဲ႔အတူ ေဘာလုံးထိန္းသိမ္းႏိုင္စြမ္း အားနည္းတာေၾကာင့္ စပါးနဲ႔ပြဲမွာ သူ႔အစား ရစ္နယ္ဆန္ကို ညာျခမ္းမွာထားၿပီး ဘယ္ျခမ္းမွာ ဆာကာကို ထားကစာသင့္တယ္လို႔ အီယန္႐ိုက္က ဆိုပါတယ္။

ေႏြရာသီမွာ အာဆင္နယ္ ေခၚယူခဲ့တဲ့ ဂိုးသမားအသစ္ ႐ူနာဆန္ဟာ ယူ႐ိုပါလိဂ္မွာ ပြဲအနည္းငယ္သာ ကစားခြင့္ရခဲ့ေပမယ့္ နံပါတ္တစ္ ဂိုးသမားေနရာကို စိန္ေခၚဖို႔ ရည္မွန္းထားသလို လီႏိုရဲ႕ ပြဲထြက္ေနရာက ၿခိမ္းေျခာက္မႈေတြ ရွိလာပါတယ္။

အိုေဇး မပါဝင္တာက အာဆင္နယ္အတြက္ အခြင့္အေရးဖန္တီးမႈပိုင္းမွာ ႐ုန္းကန္ေနရတဲ့ အေၾကာင္းရင္းျဖစ္တယ္လို႔ ထင္ေနၾကၿပီး သူ႔ကို ခ်န္လွပ္ထားတဲ့အေပၚ ေဝဖန္မႈေတြ ရွိေနေပမယ့္ အာတီတာက ဒါဟာ နည္းဗ်ဴဟာအရ သာ ျဖစ္တယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ ေဈးကြက္မွာ အမ်ားႀကီး လႈပ္ရွားစရာ မရွိဘူးလို႔ အာတီတာက ယူဆထားသလို ကစားသမားသစ္ ေခၚယူမႈ မလုပ္ခင္ ရွိတဲ့ ကစားသမားအခ်ိဳ႕ကို အရင္ ေရာင္းထုတ္မွရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အသင္းႀကီးေတြဟာ ဂိုးသြင္းႏိုင္တဲ့ ကြင္းလယ္လူေတြ လိုအပ္သလို အာဆင္နယ္အေနနဲ႔ ကြင္းလယ္က သြင္းဂိုးေပ်ာက္ဆုံးေနတဲ့ျပႆနာကို အေျဖရွာရမွာျဖစ္ၿပီး လက္ရွိ လူစာရင္းက ေျဖရွင္းႏိုင္ပါ့မလားဆိုတာ ေသခ်ာမသိဘူးလို႔ အာတီတာက ဝန္ခံခဲ့ပါတယ္။

ဂ်ီ႐ူးဟာ ခ်ယ္ဆီးအတြက္ ဂိုးေတြသြင္းေနတာကို ျမင္ေတြ႕ခဲ့ရတဲ့ေနာက္ အာဆင္နယ္ပရိသတ္ေတြက အိမ္မွာထိုင္ရင္း သူတို႔အသင္းက ဘာလို႔ ဂ်ီ႐ူးကို ထြက္ခြာခြင့္ေပးဖို႔ ဆုံးျဖတ္ခဲ့လဲဆိုတာ စဥ္းစားေနလိမ့္မယ္လို႔ ဂ်ိဳကိုးလ္က ဆိုပါတယ္။

ဝီလီယံ ဆလီဘာဟာ ရာသီကုန္မွာ အာဆင္နယ္ကို ေရာက္ရွိခဲ့ေပမယ့္ အာတီတာရဲ႕ လူစာရင္းမွာ ေနရာရဖို႔ ႐ုန္းကန္ေနရသလို ဇန္နဝါရီမွာ စိန႔္အက္တီယန္ကို ျပန္သြားႏိုင္ဖြယ္ ရွိေနၿပီး ႏိုက္စ္ကလဲ သူ႔ကို ေခၚယူခ်င္ေနပါတယ္။