ၾကာသပေတးေန႔ ေနာက္ဆံုးရ လီဗာပူးနဲ႕ ယူနိုက္တက္ သတင္းတိုမ်ား

ညက ခ်န္ပီယံလိဂ္ ရွံဳးထြက္ ဒုတိယအေက်ာ့ ပြဲစဥ္မွာ လီဗာပူးအသင္းဟာ အက္သလက္တီကို မက္ဒရစ္ကို ပံုမွန္ပြဲခ်ိန္အတြင္း အနိုင္ရခဲ့ေပမယ့္ အခ်ိန္ပိုမွာ ဂိုးသမား အက္ဒရီယန္ ရဲ႕ အမွားကေန ဂိုးမ်ားေပးခဲ့ရကာ ၃-၂ နဲ႕ ရွံဳးနိမ့္ခဲ့တာေၾကာင့္ ျပိဳင္ပြဲက ထြက္ခြာခဲ့ရျပီ ျဖစ္ပါတယ္။

အက္သလက္တီကိုကို ရွံဳးနိမ့္လိုက္တာက လီဗာပူး ျပိဳင္ပြဲကေန ထြက္ခြာရတဲ့ အျပင္ အန္းဖီးမွာ ၆ နွစ္တာ အတြင္း ဥေရာပ ရွံဳးပြဲ မရွိခဲ့တဲ့ မွတ္တမ္းေကာင္း ပါ က်ိဳးပ်က္ခဲ့ရျပီး ပထမဆံုး ရွံဳးပြဲ ျပန္ျဖစ္လာခဲ့ပါတယ္။

ဂိုးသမား အက္ဒရီယန္က ပြဲခ်ိန္အတြင္း မွားယြင္းမႈေတြ ရွိခဲ့တာ မွန္ေပမယ့္ သူ႔အေပၚ အျပစ္တင္သြားမွာ မဟုတ္ေၾကာင္း လီဗာပူး နည္းျပ ယာဂင္ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ဒီအပတ္မွာ ကလပ္အသင္းနဲ႔ ေလ့က်င့္ေရး မဆင္းႏုိင္ခဲ့ေပမယ့္ လာမယ့္ အပတ္မွာ ျပန္ဆင္းႏုိင္လိမ့္မယ္လို႔ မန္ေနဂ်ာဆိုးရွားက အတည္ျပဳစကား ေျပာဆိုပါတယ္။

စပါးတိုက္စစ္သမား ကိန္းဟာ ေႏြမွာ လန္ဒန္ကလပ္ေန ထြက္ခြာဖို႔ စီစဥ္လာတာေၾကာင့္ သူ႔ကို ေခၚယူဖို႔ ယူနိုက္တက္နဲ႕ စီးတီး မန္ခ်က္စတာကလပ္ ႏွစ္သင္းလံုးက ၾကိဳးစားလာေနပါတယ္။

ပရီးမီးယားလိဂ္ရာသီ ရပ္တန္႔ရင္ လီဗာပူးအသင္း ဒီရာသီ ခ်န္ပီျဖစ္မွာ မဟုတ္ေပမယ့္ အဲ့သည္ကိစၥေတြကို စိတ္မဝင္စားပဲ ကိုယ္ ယွဥ္ျပိဳင္ရမယ့္ ပြဲစဥ္ေတြကိုပဲ အေကာင္းဆံုး ယွဥ္ျပိဳင္လိုတယ္လို႔ ေတာ္မီေနးက ထုတ္ေဖာ္ ေျပာဆိုပါတယ္။

တိုက္စစ္မွဴး မာရွယ္ဟာ မန္ခ်က္စတာဒါဘီမွာ အေသးစား ဒဏ္ရာေလးေတြ ရွိခဲ့တာျဖစ္ျပီး ယူရိုပါလိဂ္ပြဲမွာ မပါႏုိင္ေပမယ့္ သီတင္းပတ္အကုန္ ပြဲမွာေတာ့ ပါဝင္ႏုိင္ေခ် ရွိတယ္လို႔ သိရပါတယ္။

Unicode – ညက ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ လီဗာပူးအသင်းဟာ အက်သလက်တီကို မက်ဒရစ်ကို ပုံမှန်ပွဲချိန်အတွင်း အနိုင်ရခဲ့ပေမယ့် အချိန်ပိုမှာ ဂိုးသမား အက်ဒရီယန် ရဲ့ အမှားကနေ ဂိုးများပေးခဲ့ရကာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

အက်သလက်တီကိုကို ရှုံးနိမ့်လိုက်တာက လီဗာပူး ပြိုင်ပွဲကနေ ထွက်ခွာရတဲ့ အပြင် အန်းဖီးမှာ ၆ နှစ်တာ အတွင်း ဥရောပ ရှုံးပွဲ မရှိခဲ့တဲ့ မှတ်တမ်းကောင်း ပါ ကျိုးပျက်ခဲ့ရပြီး ပထမဆုံး ရှုံးပွဲ ပြန်ဖြစ်လာခဲ့ပါတယ်။

ဂိုးသမား အက်ဒရီယန်က ပွဲချိန်အတွင်း မှားယွင်းမှုတွေ ရှိခဲ့တာ မှန်ပေမယ့် သူ့အပေါ် အပြစ်တင်သွားမှာ မဟုတ်ကြောင်း လီဗာပူး နည်းပြ ယာဂင်ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒီအပတ်မှာ ကလပ်အသင်းနဲ့ လေ့ကျင့်ရေး မဆင်းနိုင်ခဲ့ပေမယ့် လာမယ့် အပတ်မှာ ပြန်ဆင်းနိုင်လိမ့်မယ်လို့ မန်နေဂျာဆိုးရှားက အတည်ပြုစကား ပြောဆိုပါတယ်။

စပါးတိုက်စစ်သမား ကိန်းဟာ နွေမှာ လန်ဒန်ကလပ်နေ ထွက်ခွာဖို့ စီစဉ်လာတာကြောင့် သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ စီးတီး မန်ချက်စတာကလပ် နှစ်သင်းလုံးက ကြိုးစားလာနေပါတယ်။

ပရီးမီးယားလိဂ်ရာသီ ရပ်တန့်ရင် လီဗာပူးအသင်း ဒီရာသီ ချန်ပီဖြစ်မှာ မဟုတ်ပေမယ့် အဲ့သည်ကိစ္စတွေကို စိတ်မဝင်စားပဲ ကိုယ် ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကိုပဲ အကောင်းဆုံး ယှဉ်ပြိုင်လိုတယ်လို့ တော်မီနေးက ထုတ်ဖော် ပြောဆိုပါတယ်။

တိုက်စစ်မှူး မာရှယ်ဟာ မန်ချက်စတာဒါဘီမှာ အသေးစား ဒဏ်ရာလေးတွေ ရှိခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ပွဲမှာ မပါနိုင်ပေမယ့် သီတင်းပတ်အကုန် ပွဲမှာတော့ ပါဝင်နိုင်ချေ ရှိတယ်လို့ သိရပါတယ်။