ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (03/12/20)

ညကပွဲမှာ ပီအက်စ်ဂျီ ကစားသမားတွေရဲ့ ဟန်ဆောင် လှဲချမှုတွေအပေါ် စကော့ မက် တော်မီနေးက စိတ်ပျက်နေပြီး ယူနိုက်တက်ဟာ ခြေစွမ်းကောင်းပြသခဲ့ပေမယ့် ရလဒ်ကောင်းနဲ့ ဝေးကွာခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ အုပ်စုတက်ဖို့ ရမှတ် ၁ မှတ်သာ လိုအပ်ခဲ့ပေမယ့် ဆိုးဝါးတဲ့ အဆုံးသတ်ပိုင်းနဲ့ ဖရက်ရဲ့ အနီကဒ်ကြောင့် ပီအက်စ်ဂျီကို ရှုံးခဲ့တဲ့နောက် သူတို့ရဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်က ယိမ်းယိုင်သွားခဲ့ပေမယ့် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။

ဖရက်ရဲ့ ဒုတိယ အဝါကတ်မှာ ဘရာဇီးသား ဖရက်ဟာ ဟာရဲရားကို ပြစ်ဒဏ် ကျူးလွန်ခဲ့တာ မဟုတ်ကြောင်း ဟာရဲရား ကိုယ်တိုင်လည်း သိပါတယ်လို့ ဆိုးရှားကတော့ ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။

ကွင်းလယ်ဟောင်းကြီး ပေါစခိုးလ်ကတော့ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်နဲ့ ရက်ဖို့ဒ်တို့ဟာ ဇာလက်တန် ဆီက ဘာမှ မသင်ယူနိုင်ခဲ့ဘဲ အခုထိ အထောင်တိုက်စစ် နေရာနဲ့ ထိုက်တန်ကြောင်း မပြသနိုင်ကြဘူးလို့ ပြစ်တင်လိုက်ပါတယ်။

လီဗာပူး အစွန်ခံစစ်မှူး ထရန့် အလက်ဇန်းဒါး အာနိုးက ၎င်းဟာ ငယ်စဉ်က ဝိန်း ရွန်းနီ ပရိသတ် ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ရွန်းနီရဲ့ တောက်ပခဲ့တဲ့ ကာလတွေမှာ အတုယူ အားကျခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားဟာ ငြိမ်သက်လွန်းပြီး အသင်းသားတွေ အပေါ် တက်ကြွ လှုံ့ဆော်မှု မရှိကြောင်း သရဲနီဟောင်း ကန်ချယ်စကီးက ဝေဖန်လိုက်ပြီး ရွိုင်ကိန်း၊ ရော့ဘ်ဆန်တို့ကို အတုယူဖို့ တိုက်တွန်းလိုက်ပါတယ်။

Zawgyi – ညကပြဲမွာ ပီအက္စ္ဂ်ီ ကစားသမားေတြရဲ႕ ဟန္ေဆာင္ လွဲခ်မႈေတြအေပၚ စေကာ့ မက္ ေတာ္မီေနးက စိတ္ပ်က္ေနၿပီး ယူႏိုက္တက္ဟာ ေျခစြမ္းေကာင္းျပသခဲ့ေပမယ့္ ရလဒ္ေကာင္းနဲ႔ ေဝးကြာခဲ့ရတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ အုပ္စုတက္ဖို႔ ရမွတ္ ၁ မွတ္သာ လိုအပ္ခဲ့ေပမယ့္ ဆိုးဝါးတဲ့ အဆုံးသတ္ပိုင္းနဲ႔ ဖရက္ရဲ႕ အနီကဒ္ေၾကာင့္ ပီအက္စ္ဂ်ီကို ရႈံးခဲ့တဲ့ေနာက္ သူတို႔ရဲ႕ ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္က ယိမ္းယိုင္သြားခဲ့ေပမယ့္ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ဆိုးလ္ရွားက ယုံၾကည္ေနပါတယ္။

ဖရက္ရဲ႕ ဒုတိယ အ၀ါကတ္မွာ ဘရာဇီးသား ဖရက္ဟာ ဟာရဲရားကို ျပစ္ဒဏ္ က်ဴးလြန္ခဲ့တာ မဟုတ္ေၾကာင္း ဟာရဲရား ကိုယ္တိုင္လည္း သိပါတယ္လို႔ ဆိုးရွားကေတာ့ ပြဲ အျပီးမွာ ဆိုခဲ့ပါတယ္။

ကြင္းလယ္ေဟာင္းၾကီး ေပါစခိုးလ္ကေတာ့ ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္နဲ႕ ရက္ဖို႔ဒ္တို႔ဟာ ဇာလက္တန္ ဆီက ဘာမွ မသင္ယူနိုင္ခဲ့ဘဲ အခုထိ အေထာင္တိုက္စစ္ ေနရာနဲ႕ ထိုက္တန္ေၾကာင္း မျပသနိုင္ၾကဘူးလို႔ ျပစ္တင္လိုက္ပါတယ္။

လီဗာပူး အစြန္ခံစစ္မွဴး ထရန္႔ အလက္ဇန္းဒါး အာနုိးက ၄င္းဟာ ငယ္စဥ္က ၀ိန္း ရြန္းနီ ပရိသတ္ ျဖစ္ေၾကာင္း ၀န္ခံခဲ့ျပီး ရြန္းနီရဲ႕ ေတာက္ပခဲ့တဲ့ ကာလေတြမွာ အတုယူ အားက်ခဲ့ရေၾကာင္း ေျပာဆိုခဲ့ပါတယ္။

လက္ရွိ မန္ခ်က္စတာ ယူနုိက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ ျငိမ္သက္လြန္းျပီး အသင္းသားေတြ အေပၚ တက္ၾကြ လွံဳ႕ေဆာ္မႈ မရွိေၾကာင္း သရဲနီေဟာင္း ကန္ခ်ယ္စကီးက ေ၀ဖန္လိုက္ျပီး ရြိဳင္ကိန္း၊ ေရာ့ဘ္ဆန္တို႔ကို အတုယူဖို႔ တိုက္တြန္းလိုက္ပါတယ္။