UNICODE – ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာနဲ့ စတုတ်အသင်းတို့ရဲ့ မန်နေဂျာဟောင်း ပေါလ်လမ်ဘတ်က ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို အိုထရတ်ဖိုဒ့်ဟာ ပိုမိုကောင်းမွန်တဲ့ အသင်းလို့ သေချာပေါက် မယူဆထားဖို့ သတိပေးစကား ပြောဆိုပါတယ်။
ဘွန်ဒက်လီဂါမှာ ဒေါ့မွန်ပရိသတ်တွေရဲ့ အချစ်တောဖြစ်နေတဲ့ ဆန်ချိုဟာ လာမယ့်ရာသီ ယူနိုက်တက်ကို ပြောင်းလာမယ်လို့ သတင်းကြီးနေတာပါ။ ဒေါ့မွန်ကစားသမားဟောင်းလည်းဖြစ်တဲ့ ပေါလ်လမ်ဘတ်ကတော့ အင်္ဂလန်သားဟာ မန်ချက်စတာကို ပြောင်းခဲ့မယ်ဆိုရင် ငွေကြေးကြောင့် မဟုတ်ဘဲ ဘောလုံးကစားဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်သင့်ကြောင်းလည်း ပြောခဲ့ပါတယ်။
” ဆန်ချိုက ကမ္ဘာအကောင်းဆုံး ကလပ်တွေထဲက တစ်သင်းမှာ ကစားနေရပြီးပါပြီ။ လိဂ်ပွဲတိုင်းမှာ ပရိသတ် ၈၀၀၀၀ လောက်က အမြဲတမ်း အားပေးနေကြတာပါ။ ဒီကောင်လေးက အရမ်းကြီးမားတဲ့ ဆုံးဖြတ်ချက်ကို လုပ်ရပါလိမ့်မယ်။ ဒေါ့မွန်က ထူးရှယ်ကလပ်ဖြစ်ပြီး ဒါကို ထွက်ခွာပြီးမှပဲ သိပါလိမ့်မယ်။
ယူနိုက်တက်က ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ဒါပေမယ့် အိုထရတ်ဖိုဒ့်ရဲ့ အားပေးမှုက ဒေါ့မွန်လောက် ကောင်းပါ့မလား။ အဖြေကတော့ ပိုမကောင်းပါဘူး။ ဒေါ့မွန်ကနေ ထွက်ခွာမယ်ဆိုရင် မှန်ကန်တဲ့ ကစားသမားတွေနဲ့ အံဝင်စွာ ကစားခွင့်ရမှာလား သူ့ဘာသာ မေးခွန်းထုတ်ရပါမယ်။
သူ အင်္ဂလန်ကို ပြန်လာဖို့ ရွေးချယ်လိုက်မယ်ဆိုရင် မိသားစုဆိုင်ရာ အကြောင်းရင်းနဲ့ ဘောလုံးကစားဖို့အတွက်ကြောင့်ပဲ ဖြစ်သင့်ပါတယ်။ ငွေကြေးကြောင့် မဖြစ်သင့်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်ဟာ ဆန်ချိုကို ပေါင် သန်း ၁၀၀ ရမှ လက်လွတ်မှာဖြစ်ပေမယ့် ယူနိုက်တက်က ကစားသမားကို မြင့်မားတဲ့ လုပ်ခနဲ့ ဆွဲဆောင်နေတယ်လို့ သတင်းထွက်နေပါတယ်။ ယူနိုက်တက်ဂန္တဝင်ကြီးတွေကတော့ ကျောနံပါတ် ၇ ပေးဝတ်မယ်ဆိုတဲ့ မက်လုံပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ZAWGYI – ပရီးမီးယားလိဂ္ကလပ္ အက္စတြန္ဗီလာနဲ႔ စတုတ္အသင္းတို႔ရဲ႕ မန္ေနဂ်ာေဟာင္း ေပါလ္လမ္ဘတ္က ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို အိုထရတ္ဖိုဒ့္ဟာ ပိုမိုေကာင္းမြန္တဲ့ အသင္းလို႔ ေသခ်ာေပါက္ မယူဆထားဖို႔ သတိေပးစကား ေျပာဆိုပါတယ္။
ဘြန္ဒက္လီဂါမွာ ေဒါ့မြန္ပရိသတ္ေတြရဲ႕ အခ်စ္ေတာျဖစ္ေနတဲ့ ဆန္ခ်ိဳဟာ လာမယ့္ရာသီ ယူႏုိက္တက္ကို ေျပာင္းလာမယ္လို႔ သတင္းၾကီးေနတာပါ။ ေဒါ့မြန္ကစားသမားေဟာင္းလည္းျဖစ္တဲ့ ေပါလ္လမ္ဘတ္ကေတာ့ အဂၤလန္သားဟာ မန္ခ်က္စတာကို ေျပာင္းခဲ့မယ္ဆိုရင္ ေငြေၾကးေၾကာင့္ မဟုတ္ဘဲ ေဘာလံုးကစားဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္ေၾကာင့္ ျဖစ္သင့္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။
” ဆန္ခ်ိဳက ကမၻာအေကာင္းဆံုး ကလပ္ေတြထဲက တစ္သင္းမွာ ကစားေနရျပီးပါျပီ။ လိဂ္ပြဲတိုင္းမွာ ပရိသတ္ ၈၀၀၀၀ ေလာက္က အျမဲတမ္း အားေပးေနၾကတာပါ။ ဒီေကာင္ေလးက အရမ္းၾကီးမားတဲ့ ဆံုးျဖတ္ခ်က္ကို လုပ္ရပါလိမ့္မယ္။ ေဒါ့မြန္က ထူးရွယ္ကလပ္ျဖစ္ျပီး ဒါကို ထြက္ခြာျပီးမွပဲ သိပါလိမ့္မယ္။
ယူႏုိက္တက္က ကမၻာေပၚမွာ အေကာင္းဆံုး အသင္းေတြထဲက တစ္သင္းျဖစ္ပါတယ္။ ဒါေပမယ့္ အိုထရတ္ဖိုဒ့္ရဲ႕ အားေပးမႈက ေဒါ့မြန္ေလာက္ ေကာင္းပါ့မလား။ အေျဖကေတာ့ ပိုမေကာင္းပါဘူး။ ေဒါ့မြန္ကေန ထြက္ခြာမယ္ဆိုရင္ မွန္ကန္တဲ့ ကစားသမားေတြနဲ႔ အံဝင္စြာ ကစားခြင့္ရမွာလား သူ႔ဘာသာ ေမးခြန္းထုတ္ရပါမယ္။
သူ အဂၤလန္ကို ျပန္လာဖို႔ ေရြးခ်ယ္လိုက္မယ္ဆိုရင္ မိသားစုဆိုင္ရာ အေၾကာင္းရင္းနဲ႔ ေဘာလံုးကစားဖို႔အတြက္ေၾကာင့္ပဲ ျဖစ္သင့္ပါတယ္။ ေငြေၾကးေၾကာင့္ မျဖစ္သင့္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
ေဒါ့မြန္ဟာ ဆန္ခ်ိဳကို ေပါင္ သန္း ၁၀၀ ရမွ လက္လြတ္မွာျဖစ္ေပမယ့္ ယူနုိက္တက္က ကစားသမားကို ျမင့္မားတဲ့ လုပ္ခနဲ႔ ဆြဲေဆာင္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။ ယူႏုိက္တက္ဂႏၱဝင္ၾကီးေတြကေတာ့ ေက်ာနံပါတ္ ၇ ေပးဝတ္မယ္ဆိုတဲ့ မက္လံုေပးဖို႔လည္း တိုက္တြန္းထားပါတယ္။