ယူနိုက်တက် ဘုတ်အဖွဲ့ဟာ ဆိုးလ်ရှားကို ထောက်ခံပေးနေတယ်လို့ အက်ဝုဒ်ဝဒ်က ပြောဆိုခဲ့သလို ကလပ်အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း အများကြီး လှုပ်ရှားမှုတွေ လုပ်မှာမဟုတ်ဘူးလို့ အသိပေးပြောကြားခဲ့ပါတယ်။
ဆိုးလ်ရှားဟာ နောက်ပိုင်းမှာ ရက်ရှ်ဖို့ဒ်ကို ညာတောင်ပံနေရာ ပြောင်းလဲခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကျေနပ်နေသလို အနာဂတ်မှာ သူ့အနေနဲ့ ယခုနေရာအသစ်ကို အမြဲပြောင်းကစားရနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ပွဲမှာ ဖရက်ဟာ ပါရီဒက်စ်ကို ခေါင်းနဲ့တိုက်ခဲ့တဲ့ပြစ်ဒဏ်အတွက် အနီကဒ်ကို ရှောင်လွှဲနိုင်ခဲ့ပြီး အဝါကဒ်သာ ပြသခံခဲ့ရပေမယ့် ဆိုးလ်ရှားက သူ့ကို မထုတ်ပဲ ဆက် ကစားစေခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ တင်ရှားဝုဒ်က ဆိုပါတယ်။
ယူနိုက်တက်ဟာ နောက်တစ်ပတ်မှာ လိုက်ပ်ဇစ်နဲ့ တွေ့ဆုံရမှာဖြစ်ပြီး ၂ သင်းလုံးက အုပ်စုတက်ရေးအတွက် အနိုင်ရဖို့ လိုအပ်သလို ခက်ခဲတဲ့ ပွဲတစ်ပွဲကို ကစားရမှာ ဖြစ်ပေမယ့် အဆုံးသတ်မှာ ယူနိုက်တက်က အနိုင်ရလိမ့်မယ်လို့ ဘရူနိုဖာနန်ဒက်စ်က ယုံကြည်နေပါတယ်။
ဘရန်ဒန်ဝီလီယံဟာ မနှစ်က ယူနိုက်တက်မှာ ပြိုင်ပွဲစုံ ၃၆ပွဲကစားခဲ့ပေမယ့် ဒီရာသီမှာ နေရာပျောက်ခဲ့ရသလို ကစားချိန်ပိုရဖို့အတွက် ဇန်နဝါရီမှာ အငှားထွက် ကစားရဖို့ ရှိနေပြီး နယူးကာဆယ်က သူ့ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။
ဖာနန်ဒက်စ်ဟာ နိုဝင်ဘာလအတွက် ကလပ်ရဲ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ဒါဟာ သူ့အတွက် ၅ ကြိမ်မြောက်ဆု ဖြစ်ခဲ့သလို ၄ ကြိမ်စီရထားတဲ့ စီရော်နယ်ဒိုနဲ့ ပေါလ်စခိုးတို့ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဝိန်းရွန်းနီရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။
ဗန်ဒီဘိခ်က သူ့အနေနဲ့ အသင်းအနိုင်ရရှိအောင် ကူညီပေးနေသရွေ့ ဘယ်နေရာမှာ ကစားရ ကစားရ ပြဿနာမရှိဘူးလို့ ဖွင့်ဟခဲ့ပြီး ပုံမှန် ကစားခွင့် မရသေးပေမယ့် သူ့အချိန် ရောက်လာဖို့အတွက် အလုပ်ကြိုးစားပြီး စိတ်ရှည်ရှည်နဲ့စောင့်မှာပါလို့ ပြောဆိုခဲ့ပါတယ်။
Zawgyi – ယူႏိုက္တက္ ဘုတ္အဖြဲ႕ဟာ ဆိုးလ္ရွားကို ေထာက္ခံေပးေနတယ္လို႔ အက္ဝုဒ္ဝဒ္က ေျပာဆိုခဲ့သလို ကလပ္အေနနဲ႔ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ကာလအတြင္း အမ်ားႀကီး လႈပ္ရွားမႈေတြ လုပ္မွာမဟုတ္ဘူးလို႔ အသိေပးေျပာၾကားခဲ့ပါတယ္။
ဆိုးလ္ရွားဟာ ေနာက္ပိုင္းမွာ ရက္ရွ္ဖို႔ဒ္ကို ညာေတာင္ပံေနရာ ေျပာင္းလဲခဲ့ၿပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ ေက်နပ္ေနသလို အနာဂတ္မွာ သူ႔အေနနဲ႔ ယခုေနရာအသစ္ကို အၿမဲေျပာင္းကစားရႏိုင္တယ္လို႔ အရိပ္အႁမြက္ေျပာၾကားခဲ့ပါတယ္။
ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ဖရက္ဟာ ပါရီဒက္စ္ကို ေခါင္းနဲ႔တိုက္ခဲ့တဲ့ျပစ္ဒဏ္အတြက္ အနီကဒ္ကို ေရွာင္လႊဲႏိုင္ခဲ့ၿပီး အဝါကဒ္သာ ျပသခံခဲ့ရေပမယ့္ ဆိုးလ္ရွားက သူ႔ကို မထုတ္ပဲ ဆက္ ကစားေစခဲ့တာက မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ တင္ရွားဝုဒ္က ဆိုပါတယ္။
ယူႏိုက္တက္ဟာ ေနာက္တစ္ပတ္မွာ လိုက္ပ္ဇစ္နဲ႔ ေတြ႕ဆုံရမွာျဖစ္ၿပီး ၂ သင္းလုံးက အုပ္စုတက္ေရးအတြက္ အႏိုင္ရဖို႔ လိုအပ္သလို ခက္ခဲတဲ့ ပြဲတစ္ပြဲကို ကစားရမွာ ျဖစ္ေပမယ့္ အဆုံးသတ္မွာ ယူႏိုက္တက္က အႏိုင္ရလိမ့္မယ္လို႔ ဘ႐ူႏိုဖာနန္ဒက္စ္က ယုံၾကည္ေနပါတယ္။
ဘရန္ဒန္ဝီလီယံဟာ မႏွစ္က ယူႏိုက္တက္မွာ ၿပိဳင္ပြဲစုံ ၃၆ပြဲကစားခဲ့ေပမယ့္ ဒီရာသီမွာ ေနရာေပ်ာက္ခဲ့ရသလို ကစားခ်ိန္ပိုရဖို႔အတြက္ ဇန္နဝါရီမွာ အငွားထြက္ ကစားရဖို႔ ရွိေနၿပီး နယူးကာဆယ္က သူ႔ကို ေခၚယူဖို႔စိတ္ဝင္စားေနပါတယ္။
ဖာနန္ဒက္စ္ဟာ ႏိုဝင္ဘာလအတြက္ ကလပ္ရဲ႕အေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့ၿပီး ဒါဟာ သူ႔အတြက္ ၅ ႀကိမ္ေျမာက္ဆု ျဖစ္ခဲ့သလို ၄ ႀကိမ္စီရထားတဲ့ စီေရာ္နယ္ဒိုနဲ႔ ေပါလ္စခိုးတို႔ရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ဝိန္း႐ြန္းနီရဲ႕စံခ်ိန္ကို လိုက္မီခဲ့ပါတယ္။
ဗန္ဒီဘိခ္က သူ႔အေနနဲ႔ အသင္းအႏိုင္ရရွိေအာင္ ကူညီေပးေနသေ႐ြ႕ ဘယ္ေနရာမွာ ကစားရ ကစားရ ျပႆနာမရွိဘူးလို႔ ဖြင့္ဟခဲ့ၿပီး ပုံမွန္ ကစားခြင့္ မရေသးေပမယ့္ သူ႔အခ်ိန္ ေရာက္လာဖို႔အတြက္ အလုပ္ႀကိဳးစားၿပီး စိတ္ရွည္ရွည္နဲ႔ေစာင့္မွာပါလို႔ ေျပာဆိုခဲ့ပါတယ္။