မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း လေးပွဲ နိုင်ထားပေမယ့် အသင်းခေါင်းဆောင် မက်ဂွဲရားကတော့ ၎င်းတို့ဟာ ပွဲတိုင်း အနိုင်ကန်လိုစိတ်နဲ့သာ ရှေ့ဆက်သွားနေတာ ဖြစ်လို့ စံချိန် မှတ်တမ်းတွေက ထူးပြီး တွန်းအား မရှိကြောင်း ပြောဆိုခဲ့ပါတယ်။
တိုက်စစ်မှူးကြီး ကာဗာနီဟာ ရက်ဖို့ဒ် မာရှယ်တို့နဲ့ တွဲပြီး ယူနိုက်တက် တိုက်စစ်လိုင်းကို ဦးဆောင်ခိုင်းမယ်ဆိုရင် စိတ်ပျက်နေလိမ့်မယ်လို့ သရဲနီဟောင်း ပေါလ် ပါကာက သတိပေးလိုက်ပါတယ်။
ရာသီကုန်မှာ လီဗာပူး၊ မန်စီးတီး၊ ချယ်ဆီးနဲ့ စပါးတို့က ထိပ်ဆုံးလေးနေရာ ရနိုင်တယ်လို့ ပေါလ်ရော်ဘင်ဆန်က ခန့်မှန်းပြောဆိုခဲ့ပြီး ယူနိုက်တက် အနေနဲ့ ဒီရာသီမှာ အမြင့်ဆုံးအဖြစ် အဆင့် ၅ နဲ့ ဖလားတစ်လုံးသာ မျှော်လင့်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ဟာ ကလပ်အသင်းမှာ အရှိန်မြှင့် ကြိုးစားပြီး သူ့အဆင့်အတန်း သူ ပြသသင့်ပြီ ဖြစ်ကြောင်း တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က တိုက်တွန်းလိုက်ပါတယ်။
ယူနိုက်တက် အကြီးအကဲ အက် ဝုဒ်ဝပ်ကတော့ ယူအီးအက်ဖ်အေက ထပ်မံ ကျင်းပဖို့ ရည်ရွယ်နေတဲ့ ဥရောပ စူပါလိဂ် ပြိုင်ပွဲကို စိတ်မဝင်စားကြောင်းနဲ့ ယူနိုက်တက်ဟာ လက်ရှိ ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲတွေကိုပဲ အာရုံ အပြည့်စိုက် ကစားလိုကြောင်း ဆိုခဲ့ပါတယ်။
ခြေစွမ်း အတက်အကျ မငြိမ်တဲ့ ယူနိုက်တက်ရဲ့ ပွဲရလဒ်တွေက မှန်းရခက်ကြောင်း ဘောလုံးသုံးသပ်သူတွေက ပြောဆိုခဲ့ကြပြီး ဒီတစ်ပတ် ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲမှာ ယူနိုက်တက်က ရှုံးနိမ့်မယ်လို့ အိုဝင်က ခန့်မှန်းပြီး လော်ရိုးကတော့ သရေ ရလဒ်သာ ဖြစ်မယ်လို့ သုံးသပ်ထားကြပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ အေ၀းကြင္း ေလးပြဲ နုိင္ထားေပမယ့္ အသင္းေခါင္းေဆာင္ မက္ဂြဲရားကေတာ့ ၄င္းတို႔ဟာ ပြဲတိုင္း အနုိင္ကန္လိုစိတ္နဲ႕သာ ေရွ႕ဆက္သြားေနတာ ျဖစ္လို႔ စံခ်ိန္ မွတ္တမ္းေတြက ထူးျပီး တြန္းအား မရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။
တိုက္စစ္မွဴးၾကီး ကာဗာနီဟာ ရက္ဖုိ႔ဒ္ မာရွယ္တို႔နဲ႕ တြဲျပီး ယူနိုက္တက္ တိုက္စစ္လိုင္းကို ဦးေဆာင္ခိုင္းမယ္ဆိုရင္ စိတ္ပ်က္ေနလိမ့္မယ္လို႔ သရဲနီေဟာင္း ေပါလ္ ပါကာက သတိေပးလိုက္ပါတယ္။
ရာသီကုန္မွာ လီဗာပူး၊ မန္စီးတီး၊ ခ်ယ္ဆီးနဲ႔ စပါးတို႔က ထိပ္ဆုံးေလးေနရာ ရႏိုင္တယ္လို႔ ေပါလ္ေရာ္ဘင္ဆန္က ခန္႔မွန္းေျပာဆိုခဲ့ၿပီး ယူႏိုက္တက္ အေနနဲ႔ ဒီရာသီမွာ အျမင့္ဆုံးအျဖစ္ အဆင့္ ၅ နဲ႔ ဖလားတစ္လုံးသာ ေမွ်ာ္လင့္ႏိုင္တယ္လို႔ သတိေပးခဲ့ပါတယ္။
ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ဟာ ကလပ္အသင္းမွာ အရွိန္ျမွင့္ ၾကိဳးစားျပီး သူ႔အဆင့္အတန္း သူ ျပသသင့္ျပီ ျဖစ္ေၾကာင္း တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က တိုက္တြန္းလိုက္ပါတယ္။
ယူနိုက္တက္ အၾကီးအကဲ အက္ ၀ုဒ္၀ပ္ကေတာ့ ယူအီးအက္ဖ္ေအက ထပ္မံ က်င္းပဖို႔ ရည္ရြယ္ေနတဲ့ ဥေရာပ စူပါလိဂ္ ျပိဳင္ပြဲကို စိတ္မ၀င္စားေၾကာင္းနဲ႕ ယူနိုက္တက္ဟာ လက္ရွိ ယွဥ္ျပိဳင္ေနတဲ့ ျပိဳင္ပြဲေတြကိုပဲ အာရံု အျပည့္စိုက္ ကစားလိုေၾကာင္း ဆိုခဲ့ပါတယ္။
ေျခစြမ္း အတက္အက် မျငိမ္တဲ့ ယူနိုက္တက္ရဲ႕ ပြဲရလဒ္ေတြက မွန္းရခက္ေၾကာင္း ေဘာလံုးသံုးသပ္သူေတြက ေျပာဆိုခဲ့ၾကျပီး ဒီတစ္ပတ္ ၀က္စ္ဟမ္းနဲ႕ အေ၀းကြင္းပြဲမွာ ယူနိုက္တက္က ရွံဳးနိမ့္မယ္လို႔ အို၀င္က ခန္႔မွန္းျပီး ေလာ္ရိုးကေတာ့ သေရ ရလဒ္သာ ျဖစ္မယ္လို႔ သံုးသပ္ထားၾကပါတယ္။