ပရီးမီးယားလိဂ် ပြန်စရင် ပြိုင်ပွဲဝင်မယ့် ယူနိုက်တက်ရဲ့ ကနဦး ၂၉ ဦး လူစာရင်း

နောက်လထဲမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲပြန်လည် စတင်တော့မှာ ဖြစ်တာကြောင့် ကလပ်အသင်းတွေဟာ ပြန်လည် စုစည်း လေ့ကျင့်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကတော့ ပွဲတွေ ပြန်စရင် ပြိုင်ပွဲမှာ ပါဝင်ကစားမယ့် ကနဦး ၂၉ ဦး လူစာရင်း စုစည်းထားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ ယူနိုက်တက်က ကာရင်တန်လေ့ကျင့်ရေး ကွင်းကို ပြန်ဖွင့်ခဲ့ပြီး ကစားသမားတွေကို အုပ်စုငယ်လေးတွေ ခွဲကာ လေ့ကျင့်စေနေပြီ ဖြစ်ပါတယ်။ ဒဏ်ရာရ ကစားသမားတွေ ဖြစ်တဲ့ ပေါ့ဘာနဲ့ ရက်ဖို့ဒ်တို့လို ကြယ်ပွင့် ကစားသမားတွေပါ လေ့ကျင့်ရေး အတွက် သတင်းပို့မှုတွေ ပြုလုပ်ထားပါတယ်။

ပြိုင်ပွဲတွေ ပြန်စရင် ပါဝင်မယ့် လူစာရင်းမှာ ရှန်ဟိုင်းရှင်ဟွာက အငှားခေါ်ထားပြီး လကုန်ရင် သက်တမ်းကုန်ဆုံးတော့မယ့် အစ်ဟာလို လို ကစားသမားတွေတော့ လျော့သွားဖို့ ရှိနေပြီး အိန်ဂျယ် ဂိုးမက်ဇ်ကလည်း ဇွန်လကုန်ရင် သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၁၉ နှစ်အရွယ် လူငယ်ကစားသမားကိုတော့ ဘောလုံးရာသီကုန်ထိ အသင်းမှာ ဆက်ရှိနေအောင် ညှိနှိုင်းနေ်ဆဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကနေ အငှားလွှတ်ထားတဲ့ ဒင်း ဟန်ဒါဆန်၊ စမောလင်း၊ ဆန်းချက်နဲ့ ရိုဂျိုတို့ကလည်း လက်ရှိကလပ်တွေနဲ့ အတူ ဆက်လက် အငှား ကစားနေဖို့ ရှိနေပါတယ်။ လူငယ်လိဂ်တွေကို ဖျက်သိမ်းထားပြီ ဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ U23 နဲ့ U18 အသင်းမှ လူငယ်တွေက ကာရင်တန် လေ့ကျင့်ရေးမှာ ပါဝင်ဖို့ ခွင့်ပြုခြင်း မရှိသေးပါဘူး။

ဘောလုံးပွဲတွေ ပြန်စရင် ပါဝင်ကစားဖို့ ယူနိုက်တက် စုစည်းထားတဲ့ ကနဦး လူစာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • David de Gea, Sergio Romero, Lee Grant, Nathan Bishop
  • Aaron Wan-Bissaka, Diogo Dalot, Timothy Fosu-Mensah, Victor Lindelof, Harry Maguire, Eric Bailly, Axel Tuanzebe, Phil Jones, Luke Shaw, Brandon Williams
  • Paul Pogba, Nemanja Matic, Scott McTominay, Fred, Bruno Fernandes, Andreas Pereira, Jesse Lingard, Juan Mata, Angel Gomes, Tahith Chong
  • Daniel James, Odion Ighalo, Mason Greenwood, Anthony Martial, Marcus Rashford

Zawgyi – ေနာက္လထဲမွာ ပရီးမီးယားလိဂ္ ျပိဳင္ပြဲျပန္လည္ စတင္ေတာ့မွာ ျဖစ္တာေၾကာင့္ ကလပ္အသင္းေတြဟာ ျပန္လည္ စုစည္း ေလ့က်င့္မႈေတြ စတင္ေနျပီ ျဖစ္ပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္ကေတာ့ ပြဲေတြ ျပန္စရင္ ျပိဳင္ပြဲမွာ ပါ၀င္ကစားမယ့္ ကနဦး ၂၉ ဦး လူစာရင္း စုစည္းထားျပီ ျဖစ္တယ္လို႔ သိရပါတယ္။

ျပီးခဲ့တဲ့ ဗုဒၶဟူးေန႕ကပဲ ယူနိုက္တက္က ကာရင္တန္ေလ့က်င့္ေရး ကြင္းကို ျပန္ဖြင့္ခဲ့ျပီး ကစားသမားေတြကို အုပ္စုငယ္ေလးေတြ ခြဲကာ ေလ့က်င့္ေစေနျပီ ျဖစ္ပါတယ္။ ဒဏ္ရာရ ကစားသမားေတြ ျဖစ္တဲ့ ေပါ့ဘာနဲ႕ ရက္ဖို႔ဒ္တို႔လို ၾကယ္ပြင့္ ကစားသမားေတြပါ ေလ့က်င့္ေရး အတြက္ သတင္းပို႔မႈေတြ ျပဳလုပ္ထားပါတယ္။

ျပိဳင္ပြဲေတြ ျပန္စရင္ ပါ၀င္မယ့္ လူစာရင္းမွာ ရွန္ဟိုင္းရွင္ဟြာက အငွားေခၚထားျပီး လကုန္ရင္ သက္တမ္းကုန္ဆံုးေတာ့မယ့္ အစ္ဟာလို လို ကစားသမားေတြေတာ့ ေလ်ာ့သြားဖို႔ ရွိေနျပီး အိန္ဂ်ယ္ ဂိုးမက္ဇ္ကလည္း ဇြန္လကုန္ရင္ သက္တမ္းကုန္မွာ ျဖစ္ပါတယ္။ ယူနုိက္တက္ဟာ ၁၉ နွစ္အရြယ္ လူငယ္ကစားသမားကိုေတာ့ ေဘာလံုးရာသီကုန္ထိ အသင္းမွာ ဆက္ရွိေနေအာင္ ညွိနိႈင္းေန္ဆဲ ျဖစ္ပါတယ္။

ယူနုိက္တက္ဘက္ကေန အငွားလႊတ္ထားတဲ့ ဒင္း ဟန္ဒါဆန္၊ စေမာလင္း၊ ဆန္းခ်က္နဲ႕ ရိုဂ်ိဳတို႔ကလည္း လက္ရွိကလပ္ေတြနဲ႕ အတူ ဆက္လက္ အငွား ကစားေနဖို႔ ရွိေနပါတယ္။ လူငယ္လိဂ္ေတြကို ဖ်က္သိမ္းထားျပီ ျဖစ္တာေၾကာင့္ ယူနိုက္တက္ရဲ႕ U23 နဲ႕ U18 အသင္းမွ လူငယ္ေတြက ကာရင္တန္ ေလ့က်င့္ေရးမွာ ပါ၀င္ဖို႔ ခြင့္ျပဳျခင္း မရွိေသးပါဘူး။