ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (5/12/20)

ချယ်ဆီးမှာ သူ့ရဲ့ အနာဂတ်အခြေအနေနဲ့ ပတ်သက်ပြီး ဖရန့်လမ်းပတ်က သူ့မှာ စာချုပ်သက်တမ်း ၁၈ လကျန်သေးသလို စာချုပ် ကုန်သွားတဲ့ နောက်မှာလဲ အသင်းမှာပဲ ဆက်ရှိနေလိုကြောင်း သူ့ရဲ့ဆန္ဒကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ နွေရာသီတုန်းက ပေါင်သန်း၅၀ ပေးဝယ်ခဲ့ရတဲ့ ဘင်ချီဝဲရဲ့ အောင်မြင်မှုကို မြင်တွေ့ခဲ့ရတဲ့နောက် ဝက်စ်ဟမ်းက သန်း ၈၀ သတ်မှတ် ထားတဲ့ ဒီကလန်ရိုက်စ်ကိုလဲ ရင်းနှီးမြုပ်နှံသင့်တယ်လို့ လက်ခံခဲ့ပြီး ၎င်းကို ခေါ်ယူဖို့ ကြိုးစားတော့မှာ ဖြစ်ပါတယ်။

မန်ဒီရောက်လာတဲ့နောက် ကလပ်မှာအနာဂတ်မရှိတော့တဲ့ ကီပါဟာ သူ့ကစားသမားဘဝ ဆက်လက်ရှင်သန်ဖို့ အသင်းပြောင်းဖို့ လိုအပ်နေပြီ ဖြစ်သလို ချယ်ဆီးကလဲ သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် ဇန်နဝါရီမှာ သူ့ကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

ချယ်ဆီးရဲ့ အလားအလာကောင်းတွေကို မြင်တွေ့ခဲ့ရပေမယ့် သူတို့ဟာ ပရီးမီးယားလိဂ် ဖလားရရှိနိုင်မှာမဟုတ်ဘူးလို့ အိုဝင်ဟားဂရေ့ဗ်က သုံးသပ်ခဲ့ပြီး လီဗာပူးနဲ့ စီးတီးကပဲ ဖလားလမ်းကြောင်းပေါ်က ပြိုင်ဘက်တွေကို တွန်းထုတ်ပြလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက ချယ်ဆီးတိုက်စစ်မှူး ဂျီရူးဟာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အဆင့်မြင့်မားတဲ့ တွန်းအားပေးနိုင်စွမ်းရှိပြီး ဘယ်သူ့မှာမှ မရှိတဲ့ အရည်အသွေးမျိုး ပိုင်ဆိုင်ထားတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ဘီလီဂေလ်မာဟာ ဒူးခေါင်းခွဲစိတ်မှု လုပ်ခဲ့ပြီးတဲ့နောက် ဒီရာသီမှာ ကလပ်အတွက် တစ်ပွဲမှမကစားရသေးသလို ချယ်ဆီးကလဲ သူ့ကို ဇန်နဝါရီမှာ အငှားချရမလားဆိုတာ ဆုံးဖြတ်တော့မှာဖြစ်ပြီး နာပိုလီက သူ့ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဝါရင့်တိုက်စစ်မှူး ဂျီရူးဟာ ပုံမှန်ကစားချိန်ရဖို့ ရုန်းကန်ခဲ့ရတဲ့နောက် ချယ်ဆီးကနေ ထွက်ခွာဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ ကောလာဟလတွေ ရှိနေပေမယ့်လဲ သူ့အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကက်ဆာနိုက ယုံကြည်နေပါတယ်။

ဂျီရူးက တကယ်ပဲ အနောက်လန်ဒန်ကနေ ထွက်ခွာဖို့ စဉ်းစားမယ်ဆိုရင် ပရီးမီးယားလိဂ် ကလပ်တိုင်းက သူ့ကို အလိုရှိနေလိမ့်မယ်လို့ ပေါလ်မာဆွန်က ယုံကြည်နေပေမယ့် သူ့အနေနဲ့ ချယ်ဆီးမှာပဲ ဆက်နေသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးမွာ သူ႔ရဲ႕ အနာဂတ္အေျခအေနနဲ႔ ပတ္သက္ၿပီး ဖရန႔္လမ္းပတ္က သူ႔မွာ စာခ်ဳပ္သက္တမ္း ၁၈ လက်န္ေသးသလို စာခ်ဳပ္ ကုန္သြားတဲ့ ေနာက္မွာလဲ အသင္းမွာပဲ ဆက္ရွိေနလိုေၾကာင္း သူ႔ရဲ႕ဆႏၵကို ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ေႏြရာသီတုန္းက ေပါင္သန္း၅၀ ေပးဝယ္ခဲ့ရတဲ့ ဘင္ခ်ီဝဲရဲ႕ ေအာင္ျမင္မႈကို ျမင္ေတြ႕ခဲ့ရတဲ့ေနာက္ ဝက္စ္ဟမ္းက သန္း ၈၀ သတ္မွတ္ ထားတဲ့ ဒီကလန္႐ိုက္စ္ကိုလဲ ရင္းႏွီးျမဳပ္ႏွံသင့္တယ္လို႔ လက္ခံခဲ့ၿပီး ၎ကို ေခၚယူဖို႔ ႀကိဳးစားေတာ့မွာ ျဖစ္ပါတယ္။

မန္ဒီေရာက္လာတဲ့ေနာက္ ကလပ္မွာအနာဂတ္မရွိေတာ့တဲ့ ကီပါဟာ သူ႔ကစားသမားဘဝ ဆက္လက္ရွင္သန္ဖို႔ အသင္းေျပာင္းဖို႔ လိုအပ္ေနၿပီ ျဖစ္သလို ခ်ယ္ဆီးကလဲ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈရရင္ ဇန္နဝါရီမွာ သူ႔ကို လက္လႊတ္ဖို႔ ဆုံးျဖတ္လိုက္ၿပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးရဲ႕ အလားအလာေကာင္းေတြကို ျမင္ေတြ႕ခဲ့ရေပမယ့္ သူတို႔ဟာ ပရီးမီးယားလိဂ္ ဖလားရရွိႏိုင္မွာမဟုတ္ဘူးလို႔ အိုဝင္ဟားဂေရ႕ဗ္က သုံးသပ္ခဲ့ၿပီး လီဗာပူးနဲ႔ စီးတီးကပဲ ဖလားလမ္းေၾကာင္းေပၚက ၿပိဳင္ဘက္ေတြကို တြန္းထုတ္ျပလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္နည္းျပေဟာင္း အာဆင္ဝင္းဂါးက ခ်ယ္ဆီးတိုက္စစ္မႉး ဂ်ီ႐ူးဟာ ခိုင္မာတဲ့ စိတ္ဓာတ္နဲ႔ အဆင့္ျမင့္မားတဲ့ တြန္းအားေပးႏိုင္စြမ္းရွိၿပီး ဘယ္သူ႔မွာမွ မရွိတဲ့ အရည္အေသြးမ်ိဳး ပိုင္ဆိုင္ထားတယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ဘီလီေဂလ္မာဟာ ဒူးေခါင္းခြဲစိတ္မႈ လုပ္ခဲ့ၿပီးတဲ့ေနာက္ ဒီရာသီမွာ ကလပ္အတြက္ တစ္ပြဲမွမကစားရေသးသလို ခ်ယ္ဆီးကလဲ သူ႔ကို ဇန္နဝါရီမွာ အငွားခ်ရမလားဆိုတာ ဆုံးျဖတ္ေတာ့မွာျဖစ္ၿပီး နာပိုလီက သူ႔ကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

၀ါရင့္တိုက္စစ္မွဴး ဂ်ီ႐ူးဟာ ပုံမွန္ကစားခ်ိန္ရဖို႔ ႐ုန္းကန္ခဲ့ရတဲ့ေနာက္ ခ်ယ္ဆီးကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္ေနတယ္ဆိုတဲ့ ေကာလာဟလေတြ ရွိေနေပမယ့္လဲ သူ႔အေနနဲ႔ အသင္းေျပာင္းေ႐ႊ႕ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ကက္ဆာႏိုက ယုံၾကည္ေနပါတယ္။

ဂ်ီ႐ူးက တကယ္ပဲ အေနာက္လန္ဒန္ကေန ထြက္ခြာဖို႔ စဥ္းစားမယ္ဆိုရင္ ပရီးမီးယားလိဂ္ ကလပ္တိုင္းက သူ႔ကို အလိုရွိေနလိမ့္မယ္လို႔ ေပါလ္မာဆြန္က ယုံၾကည္ေနေပမယ့္ သူ႔အေနနဲ႔ ခ်ယ္ဆီးမွာပဲ ဆက္ေနသင့္တယ္လို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။