လက်စတာ တိုက်စစ်မှူး ဟာဗေးဘန်းစ်ဟာ ဆိုးလ်ရှား သဘောကျသူဖြစ်သလို ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ပစ်မှတ် ဖြစ်လာခဲ့ပေမယ့် လက်စတာ က သူ့ကို ဇန်နဝါရီမှာ မရောင်းချလိုတာကြောင့် တန်ကြေးကို ပေါင်သန်း၆၀ သတ်မှတ်ထားပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ဟာ ဒမ်ဘီလီကို ခေါ်ဖို့ ချိတ်ဆက်ခဲ့ပေမယ့် ၎င်းက ငြင်းပယ်ပြီး ဘာစီလိုနာမှာ ဆက်နေခဲ့ကာ နေရာရဖို့ ဆက်စောင့်နေခဲ့သလို အခု ကိုးမန်းက သူ့ကို စာချုပ်သစ်ချုပ်ဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ လုပ်လာနေပြီဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နှစ်အစမှာ နောက်ကျောဒဏ်ရာ ရရှိခဲ့တာကနေ ပြန်ကောင်းလာခဲ့ပြီးမှ အခုတစ်ဖန် ပုခုံးဒဏ်ရာ ရရှိခဲ့သလို အသင်းနဲ့ အပြည့်အဝ လေ့ကျင့်ရေး မဆင်းနိုင်သေးပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာ ပြန်ပါလာဖို့ ဆိုးလ်ရှားက မျှော်လင့်နေဆဲပါ။
ဆမ်ဂျွန်စတုန်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၁၅ နှစ်ကြာ ရှိခဲ့ပြီးနောက် ပုံမှန် ကစားခွင့်ရဖို့ အသင်းပြောင်းခဲ့ပြီး အခု ဝက်စ်ဘရွန်းမှာ နံပါတ် တစ် ကစားသမားဖြစ်နေသလို ဒင်းဟန်ဒါဆန်ကို ယူနိုက်တက်ကနေ ထွက်ခွာဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
လုခ်ရှောဟာ နိုင်ငံတကာသီတင်းပတ်မတိုင်ခင်ထဲက တံကောက်ကြော ဒဏ်ရာ ရခဲ့တာဖြစ်ပြီး တစ်လလောက် အနားယူခဲ့ရသလို ဝက်စ်ဟမ်းနဲ့ ပွဲမှာလဲ ပါဝင်နိုင်ဦးမှာ မဟုတ်ပေမယ့် မကြာခင်မှာတော့ ပြန်ကောင်းလာဖို့ရှိတယ်လို့ သိရပါတယ်။
ဆိုးလ်ရှားရဲ့ သူ့ရဲ့အကောင်းဆုံး ၁၁ယောက်လူစာရင်းကို ရှာမတွေ့နိုင်သေးတာ ဖြစ်သလို မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ ဗဟိုခံစစ်အတွဲကို မယုံကြည်တာကြောင့် ကွင်းလယ်ခံစစ်နှစ်ယောက် အသုံးပြုနေတာဖြစ်တယ်လို့ အိုဝင်ဟားဂရေ့ဗ်က ဆိုပါတယ်။
Zawgyi – လက္စတာ တိုက္စစ္မႉး ဟာေဗးဘန္းစ္ဟာ ဆိုးလ္ရွား သေဘာက်သူျဖစ္သလို ယူႏိုက္တက္ရဲ႕ အေျပာင္းအေ႐ႊ႕ပစ္မွတ္ ျဖစ္လာခဲ့ေပမယ့္ လက္စတာ က သူ႔ကို ဇန္နဝါရီမွာ မေရာင္းခ်လိုတာေၾကာင့္ တန္ေၾကးကို ေပါင္ သန္း၆၀ သတ္မွတ္ထားပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီမွာ ယူႏိုက္တက္ဟာ ဒမ္ဘီလီကို ေခၚဖို႔ ခ်ိတ္ဆက္ခဲ့ေပမယ့္ ၎က ျငင္းပယ္ၿပီး ဘာစီလိုနာမွာ ဆက္ေနခဲ့ကာ ေနရာရဖို႔ ဆက္ေစာင့္ေနခဲ့သလို အခု ကိုးမန္းက သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ လုပ္လာေနၿပီျဖစ္ပါတယ္။
ရက္ရွ္ဖို႔ဒ္ဟာ ႏွစ္အစမွာ ေနာက္ေက်ာဒဏ္ရာ ရရွိခဲ့တာကေန ျပန္ေကာင္းလာခဲ့ၿပီးမွ အခုတစ္ဖန္ ပုခုံးဒဏ္ရာ ရရွိခဲ့သလို အသင္းနဲ႔ အျပည့္အဝ ေလ့က်င့္ေရး မဆင္းႏိုင္ေသးေပမယ့္ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ျပန္ပါလာဖို႔ ဆိုးလ္ရွားက ေမွ်ာ္လင့္ေနဆဲပါ။
ဆမ္ဂြၽန္စတုန္းဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၁၅ ႏွစ္ၾကာ ရွိခဲ့ၿပီးေနာက္ ပုံမွန္ ကစားခြင့္ရဖို႔ အသင္းေျပာင္းခဲ့ၿပီး အခု ဝက္စ္ဘ႐ြန္းမွာ နံပါတ္ တစ္ ကစားသမားျဖစ္ေနသလို ဒင္းဟန္ဒါဆန္ကို ယူႏိုက္တက္ကေန ထြက္ခြာဖို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
လုခ္ေရွာဟာ ႏိုင္ငံတကာသီတင္းပတ္မတိုင္ခင္ထဲက တံေကာက္ေၾကာ ဒဏ္ရာ ရခဲ့တာျဖစ္ၿပီး တစ္လေလာက္ အနားယူခဲ့ရသလို ဝက္စ္ဟမ္းနဲ႔ ပြဲမွာလဲ ပါဝင္ႏိုင္ဦးမွာ မဟုတ္ေပမယ့္ မၾကာခင္မွာေတာ့ ျပန္ေကာင္းလာဖို႔ရွိတယ္လို႔ သိရပါတယ္။
ဆိုးလ္ရွားရဲ႕ သူ႔ရဲ႕အေကာင္းဆုံး ၁၁ေယာက္လူစာရင္းကို ရွာမေတြ႕ႏိုင္ေသးတာ ျဖစ္သလို မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ရဲ႕ ဗဟိုခံစစ္အတြဲကို မယုံၾကည္တာေၾကာင့္ ကြင္းလယ္ခံစစ္ႏွစ္ေယာက္ အသုံးျပဳေနတာျဖစ္တယ္လို႔ အိုဝင္ဟားဂေရ႕ဗ္က ဆိုပါတယ္။