ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်အသင်း သတင်းတိုများ (5/12/20)

ချယ်ဆီး ကနေ ဝီလီယံ ထွက်ခွာခဲ့တဲ့နောက် စပါးဟာ သူ့ကို ခေါ်ယူဖို့ မကြိုးစားခဲ့ရတဲ့ အကြောင်းအရင်းက မိမိတို့ အသင်းအနေနဲ့ သူ့ကို အာဆင်နယ် ပေးနေတဲ့ လစာမျိုး မပေးနိုင်တာကြောင့်ဖြစ်တယ်လို့ နည်းပြမော်ရင်ညိုက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ အစ္စတန်ဘူလ် ဘာရှက်ရှီဟီ ကွင်းလယ်လူ ဘာကေ အော့ဇ်ကန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ သူ စတုဂတ် မှာ ကစားခဲ့တဲ့ ၂၀၁၇ ထဲက ဂန်းနားတွေက သူ့ကိုစောင့်ကြည့်နေခဲ့တာဖြစ်ပြီး အခုတော့ အမ်းမရိတ်စ်ထံ ခေါ်ဆောင်ဖို့ ကြိုးစားတော့မှာပါ။

အာဆင်နယ်ဟာ ဒီရာသီမှာ ယူနိုက်တက်နဲ့ လက်စတာတို့ကိုနိုင်ခဲ့ပေမယ့် ဗီလာကိုတော့ ရှုံးခဲ့တာနဲ့အတူ အတက်အကျတွေများစွာ ရှိနေပေမယ့် စပါးနဲ့ မြောက်လန်ဒန်ဒါဘီကို အနိုင်ရရင် အပြောင်းအလဲဖြစ်သွားနိုင်တယ်လို့ အူဘာမီးယန်းက ဆိုပါတယ်။

စပါးဟာ ဒီရာသီမှာ နည်းမှန်လမ်းမှန်နဲ့ လုပ်နေတာဖြစ်တယ်လို့ အာတီတာက ယုံကြည်နေပေမယ့် သူတို့တွေက ဖလားစိန်ခေါ်မယ့်သူတွေ ဟုတ် မဟုတ်ဆိုတာ မှတ်ချက်ပေးဖို့ စောလွန်းသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

စပါးဟာ ဒီရာသီမှာ ပိုကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိသနေလို အာဆင်နယ်နဲ့ ဒါဘီပွဲမှာ အနိုင်ရဖို့က အသင်းပရိသတ်တွေ ကြွားနိုင်ဖို့ထက် သူတို့ရဲ့ အဆင့် ၁ နေရာကို ဆက် ထိန်းသိမ်းနိုင်ဖို့သာ ဖြစ်တယ်လို့ နည်းပြ မော်ရင်ညိုက ပြောဆိုခဲ့ပါတယ်။

စပါးဟာ ဒီရာသီမှာအာဆင်နယ်ထက်ပိုပြီး ကောင်းကောင်းလုပ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ သူတို့ထက် ၈ မှတ် အသာယူပြီး အဆင့် ၁ နေရာမှာ ရပ်တည်ဖို့ ထိုက်တန်ပါတယ်လို့ ပွဲမတိုင်ခင် အာတီတာက ဝန်ခံပြောဆိုခဲ့ပါတယ်။

အာဆင်နယ်က ပစ်မှတ်ထားနေတဲ့ ရက်ဘူး ဆဲလ်ဘက် ကွင်းလယ်လူ ဆိုဘော့စလေးဟာ အသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိနေပြီး ကလပ်များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာ ဖြစ်သလို နောက် ၂ပတ် ၃ပတ်အတွင်း သူ့အနာဂတ်ကို ဆုံးဖြတ်ချက်ချတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပေါင်ခြံ ဒဏ်ရာရခဲ့တဲ့ သောမတ်စ်ပါတေးဟာ ဒီနေ့ အာဆင်နယ် အသင်းနဲ့ အတူ လေ့ကျင့်ရေး ပြန်ဆင်းမှာဖြစ်ပြီး ကြံ့ခိုင်မှု စစ်ဆေးခန်းမှာ အောင်မြင်ခဲ့ရင် စပါးနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အခွင့်အရေး ရှိနေတယ်လို့ သိရပါတယ်။

Zawgyi – ခ်ယ္ဆီး ကေန ဝီလီယံ ထြက္ခြာခဲ့တဲ့ေနာက္ စပါးဟာ သူ႔ကို ေခၚယူဖို႔ မႀကိဳးစားခဲ့ရတဲ့ အေၾကာင္းအရင္းက မိမိတို႔ အသင္းအေနနဲ႔ သူ႔ကို အာဆင္နယ္ ေပးေနတဲ့ လစာမ်ိဳး မေပးႏိုင္တာေၾကာင့္ျဖစ္တယ္လို႔ နည္းျပေမာ္ရင္ညိဳက ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ အစၥတန္ဘူလ္ ဘာရွက္ရွီဟီ ကြင္းလယ္လူ ဘာေက ေအာ့ဇ္ကန္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔သိရပါတယ္။ သူ စတုဂတ္ မွာ ကစားခဲ့တဲ့ ၂၀၁၇ ထဲက ဂန္းနားေတြက သူ႔ကိုေစာင့္ၾကည့္ေနခဲ့တာျဖစ္ၿပီး အခုေတာ့ အမ္းမရိတ္စ္ထံ ေခၚေဆာင္ဖို႔ ႀကိဳးစားေတာ့မွာပါ။

အာဆင္နယ္ဟာ ဒီရာသီမွာ ယူႏိုက္တက္နဲ႔ လက္စတာတို႔ကိုႏိုင္ခဲ့ေပမယ့္ ဗီလာကိုေတာ့ ရႈံးခဲ့တာနဲ႔အတူ အတက္အက်ေတြမ်ားစြာ ရွိေနေပမယ့္ စပါးနဲ႔ ေျမာက္လန္ဒန္ဒါဘီကို အႏိုင္ရရင္ အေျပာင္းအလဲျဖစ္သြားႏိုင္တယ္လို႔ အူဘာမီးယန္းက ဆိုပါတယ္။

စပါးဟာ ဒီရာသီမွာ နည္းမွန္လမ္းမွန္နဲ႔ လုပ္ေနတာျဖစ္တယ္လို႔ အာတီတာက ယုံၾကည္ေနေပမယ့္ သူတို႔ေတြက ဖလားစိန္ေခၚမယ့္သူေတြ ဟုတ္ မဟုတ္ဆိုတာ မွတ္ခ်က္ေပးဖို႔ ေစာလြန္းေသးတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

စပါးဟာ ဒီရာသီမွာ ပိုႀကီးမားတဲ့ ရည္မွန္းခ်က္ေတြ ရွိသေနလို အာဆင္နယ္နဲ႔ ဒါဘီပြဲမွာ အႏိုင္ရဖို႔က အသင္းပရိသတ္ေတြ ႂကြားႏိုင္ဖို႔ထက္ သူတို႔ရဲ႕ အဆင့္ ၁ ေနရာကို ဆက္ ထိန္းသိမ္းႏိုင္ဖို႔သာ ျဖစ္တယ္လို႔ နည္းျပ ေမာ္ရင္ညိဳက ေျပာဆိုခဲ့ပါတယ္။

စပါးဟာ ဒီရာသီမွာအာဆင္နယ္ထက္ပိုၿပီး ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ သူတို႔ထက္ ၈ မွတ္ အသာယူၿပီး အဆင့္ ၁ ေနရာမွာ ရပ္တည္ဖို႔ ထိုက္တန္ပါတယ္လို႔ ပြဲမတိုင္ခင္ အာတီတာက ဝန္ခံေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္က ပစ္မွတ္ထားေနတဲ့ ရက္ဘူး ဆဲလ္ဘက္ ကြင္းလယ္လူ ဆိုေဘာ့စေလးဟာ အသင္းကေန ထြက္ခြာႏိုင္ဖြယ္ရွိေနၿပီး ကလပ္မ်ားစြာရဲ႕ စိတ္ဝင္စားမႈကို ရရွိေနတာ ျဖစ္သလို ေနာက္ ၂ပတ္ ၃ပတ္အတြင္း သူ႔အနာဂတ္ကို ဆုံးျဖတ္ခ်က္ခ်ေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

ေပါင္ၿခံ ဒဏ္ရာရခဲ့တဲ့ ေသာမတ္စ္ပါေတးဟာ ဒီေန႔ အာဆင္နယ္ အသင္းနဲ႔ အတူ ေလ့က်င့္ေရး ျပန္ဆင္းမွာျဖစ္ၿပီး ႀကံ့ခိုင္မႈ စစ္ေဆးခန္းမွာ ေအာင္ျမင္ခဲ့ရင္ စပါးနဲ႔ပြဲမွာ ပါဝင္ကစားႏိုင္ဖို႔ အခြင့္အေရး ရွိေနတယ္လို႔ သိရပါတယ္။