အဲရစ်ဘိုင်လီဟာ ဒဏ်ရာပြဿနာကြောင့် ဒီရာသီမှာ ၄ ပွဲသာကစားခဲ့ရပေမယ့် အခြေအနေပြန်ကောင်းလာပြီးနောက် ပီအက်စ်ဂျီနဲ့ပွဲရဲ့ အရန်လူစာရင်းမှာ ပါဝင်ခဲ့ပြီး မကစားခဲ့ရပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ ပါဝင်ကစားရနိုင်ဖွယ် ရှိပါတယ်။
ယူနိုက်တက် တာဝန်ရှိသူတွေက နောက်နှစ်မှာ ဆိုးရှားနေရာကို အစားထိုး ခန့်အပ်ဖို့ နည်းပြ သစ် အဖြစ် လက်ရှိ ပီအက်စ်ဂျီ နည်းပြ တူချယ်ကို မျက်စိကျနေကြောင်း ပြင်သစ် သတင်းတွေက ဖော်ထုတ်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး အဝေးကွင်း ၅ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို ဝက်စ်ဟမ်းနဲ့ပွဲမှာဂိုးထပ်သွင်းနိုင်ရင် ဒန်းနစ်လောရဲ့ အဝေးကွင်း၆ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စံချန်ကို လိုက်မီသွားမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဆန်ချို နေရာ အစားထိုး ပစ်မှတ် အဖြစ် လက်စတာ တောင်ပံတိုက်စစ်သမား ဟာဗေး ဘိန်းစ်ကို ပစ်မှတ်ထားနေကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြထားပါတယ်။
လာမယ့် ၂၄ ရက်အတွင်း ဒီဇင်ဘာလထဲ ယူနိုက်တက်ဟာ ပွဲစဉ် ၈ ပွဲ ကစားရမှာ ဖြစ်ပြီး နေ့စဉ်လို ရက်ဆက်နေတော့မယ့် ထရိန်နင် အစီအစဉ်တွေ့ို အသင်းသားတွေ အသားကျအောင် ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ကွင်းလယ်မှာ ပေါ့ဘာ၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ဗန်ဒီဘိခ်တို့ကို ကို တွဲဖက် ပွဲထုတ်လိုတဲ့ ဆန္ဒကို မစွန့်လွှတ်သေးဘဲ ဒီရာသီ တချိန်ချိန်မှာ အတူ တွဲ ကစားစေမှာ ဖြစ်တယ်လို့ သိရပါတယ်။
Zawgyi – အဲရစ္ဘိုင္လီဟာ ဒဏ္ရာျပႆနာေၾကာင့္ ဒီရာသီမွာ ၄ ပြဲသာကစားခဲ့ရေပမယ့္ အေျခအေနျပန္ေကာင္းလာၿပီးေနာက္ ပီအက္စ္ဂ်ီနဲ႔ပြဲရဲ႕ အရန္လူစာရင္းမွာ ပါဝင္ခဲ့ၿပီး မကစားခဲ့ရေပမယ့္ ဝက္စ္ဟမ္းနဲ႔ပြဲမွာေတာ့ ပါဝင္ကစားရႏိုင္ဖြယ္ ရွိပါတယ္။
ယူနိုက္တက္ တာ၀န္ရွိသူေတြက ေနာက္နွစ္မွာ ဆိုးရွားေနရာကို အစားထိုး ခန္႔အပ္ဖို႔ နည္းျပ သစ္ အျဖစ္ လက္ရွိ ပီအက္စ္ဂ်ီ နည္းျပ တူခ်ယ္ကို မ်က္စိက်ေနေၾကာင္း ျပင္သစ္ သတင္းေတြက ေဖာ္ထုတ္ခဲ့ပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး အေဝးကြင္း ၅ပြဲဆက္ ဂိုးသြင္းႏိုင္ခဲ့သလို ဝက္စ္ဟမ္းနဲ႔ပြဲမွာဂိုးထပ္သြင္းႏိုင္ရင္ ဒန္းနစ္ေလာရဲ႕ အေဝးကြင္း၆ပြဲဆက္ ဂိုးသြင္းႏိုင္တဲ့ စံခ်န္ကို လိုက္မီသြားမွာျဖစ္ပါတယ္။
ယူနိုက္တက္ဟာ ဆန္ခ်ိဳ ေနရာ အစားထိုး ပစ္မွတ္ အျဖစ္ လက္စတာ ေတာင္ပံတိုက္စစ္သမား ဟာေဗး ဘိန္းစ္ကို ပစ္မွတ္ထားေနေၾကာင္း ေဒးလီးေမးလ္ သတင္းက ေဖာ္ျပထားပါတယ္။
လာမယ့္ ၂၄ ရက္အတြင္း ဒီဇင္ဘာလထဲ ယူနိုက္တက္ဟာ ပြဲစဥ္ ၈ ပြဲ ကစားရမွာ ျဖစ္ျပီး ေန႔စဥ္လို ရက္ဆက္ေနေတာ့မယ့္ ထရိန္နင္ အစီအစဥ္ေတြ႕ို အသင္းသားေတြ အသားက်ေအာင္ ျပင္ဆင္ရေတာ့မွာ ျဖစ္ပါတယ္။
ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ကြင္းလယ္မွာ ေပါ့ဘာ၊ ဘရူနို ဖာနန္ဒက္စ္နဲ႕ ဗန္ဒီဘိခ္တို႔ကို ကို တြဲဖက္ ပြဲထုတ္လိုတဲ့ ဆႏၵကို မစြန္႔လႊတ္ေသးဘဲ ဒီရာသီ တခ်ိန္ခ်ိန္မွာ အတူ တြဲ ကစားေစမွာ ျဖစ္တယ္လို႔ သိရပါတယ္။