ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (6/12/20)

ချယ်ဆီးဟာ ၄ မိနစ်မှာ လိဒ်စ်ကို ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် နောက်ပိုင်းမှာ ၃ ဂိုးပြန်သွင်းပြီး ပြန်လာနိုင်ခဲ့သလို ပွဲအတွင်း သူတို့ရဲ့ဂိုးရနိုင်ခြေ (Expected Goals) က ၄.၁ ဂိုးရှိခဲ့ပြီး ဒါဟာ ဒီရာသီ လိဂ်တစ်ပွဲအတွင်း အများဆုံး ပမာဏဖြစ်ခဲ့ပါတယ်။

လိဒ်စ်ရဲ့ ဦးဆောင်ဂိုးအပြီး ၂၇မိနစ်မှာ ရိစ်ဂျိမ်းစ်ရဲ့ ဖန်တီးပေးမှုနဲ့ ဂျီရူးက ချေပဂိုး သွင်းယူပေးခဲ့သလို သူဟာ ၁၉ နှစ်ကျော်အတွင်း ပရီးမီးယားလိဂ် ၆ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ချယ်ဆီး ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ချယ်ဆီးဟာ လိဒ်စ်ကို အနိုင်ရပြီးနောက် မကစားရသေးတဲ့ စပါးနဲ့ လီဗာပူးထက် ၁မှတ် အသာနဲ့ အဆင့် ၁ နေရာကို ရရှိထားသလို သူတို့က ဒီနှစ် ဖလားအတွက် အင်အားကောင်းတဲ့ စိန်ခေါ်သူတွေဖြစ်တယ်လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

လိဒ်စ်နဲ့ပွဲမှာ ဟာကင်ဇီယက်ခ်ျဟာ တံကောက်ကြော ဒဏ်ရာရခဲ့ကြောင်း လမ်းပတ်က အတည်ပြုခဲ့ပြီး ဒဏ်ရာရဲ့ပြင်းထန်မှု အတိမ်အနက်ကို မသိရသေးပေမယ့် ပွဲကျပ်ကာလမှာ ဒီလို ပြဿနာက စိတ်ပျက်စရာကောင်းတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ခြေစွမ်းကောင်းတွေနဲ့ တည်ငြိမ်မှုရလာတဲ့ ချယ်ဆီးကို ပရီးမီးယားလိဂ်ဖလားရဖို့ ပရိသတ်တွေ အိမ်မက်မက်နေကြတာက ဘာမှပြောစရာ မရှိပေမယ့် မိမိတို့က အပျော်လွန်မနေပဲ အမြဲ ကြိုးစားလေ့ကျင့်နေမှာပါလို့ လမ်းပတ်က ဝန်ခံခဲ့ပါတယ်။

ပူလီဆစ်နဲ့အတူ ဒေါ့မွန်ရဲ့ ဂျီအို ရေနာ၊ ဂျူဗင်တပ်ရဲ့ မက်ကန်နီတို့ကလဲ မနေ့က ဂိုးတွေအသီးသီး သွင်းယူနိုင်ခဲ့ကြတာဖြစ်သလို ၂၀၀၅ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပမှာ အမေရိကန်သုံးယောက် တနေ့ထဲဂိုးသွင်းနိုင်တဲ့စံချိန်တင်ခဲ့ပါတယ်။

ဂျီရူးဟာ လိဒ်စ်နဲ့ပွဲက ဂိုးအပြီးမှာ အာဆင်နယ်၊ ချယ်ဆီးတို့နဲ့အတူ ရရှိခဲ့တဲ့ လိဂ်သွင်းဂိုးစုစုပေါင်း ၈၇ ဂိုး ရှိလာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ထာဝရထိပ်တန်း ဂိုးသွင်းရှင်စာရင်းမှာ ဒန်းနစ် ဘားကမ့်ရဲ့ စံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။

ပူလီဆစ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ခက်ခဲတဲ့ ရာသီအစ အပြီး လိဒ်စ်နဲ့ပွဲမှာ လူစားဝင် ကစားခဲ့ပြီးနောက် ဂိုးသွင်းယူနိုင်ခဲ့သလို လမ်းပတ်က သူ့အတွက် ပျော်ရွှင်နေပြီး နောက်ပိုင်းမှာ ပိုပြီးအင်အားတောင့်တင်းလာစေဖို့ မျှော်လင့်နေပါတယ်။

Zawgyi – ခ်ယ္ဆီးဟာ ၄ မိနစ္မွာ လိဒ္စ္ကို ဦးေဆာင္ဂိုး ေပးခဲ့ရေပမယ့္ ေနာက္ပိုင္းမွာ ၃ ဂိုးျပန္သြင္းၿပီး ျပန္လာႏိုင္ခဲ့သလို ပြဲအတြင္း သူတို႔ရဲ႕ဂိုးရႏိုင္ေျခ (Expected Goals) က ၄.၁ ဂိုးရွိခဲ့ၿပီး ဒါဟာ ဒီရာသီ လိဂ္တစ္ပြဲအတြင္း အမ်ားဆုံး ပမာဏျဖစ္ခဲ့ပါတယ္။

လိဒ္စ္ရဲ႕ ဦးေဆာင္ဂိုးအၿပီး ၂၇မိနစ္မွာ ရိစ္ဂ်ိမ္းစ္ရဲ႕ ဖန္တီးေပးမႈနဲ႔ ဂ်ီ႐ူးက ေခ်ပဂိုး သြင္းယူေပးခဲ့သလို သူဟာ ၁၉ ႏွစ္ေက်ာ္အတြင္း ပရီးမီးယားလိဂ္ ၆ပြဲဆက္ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံး ခ်ယ္ဆီး ကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

ခ်ယ္ဆီးဟာ လိဒ္စ္ကို အႏိုင္ရၿပီးေနာက္ မကစားရေသးတဲ့ စပါးနဲ႔ လီဗာပူးထက္ ၁မွတ္ အသာနဲ႔ အဆင့္ ၁ ေနရာကို ရရွိထားသလို သူတို႔က ဒီႏွစ္ ဖလားအတြက္ အင္အားေကာင္းတဲ့ စိန္ေခၚသူေတြျဖစ္တယ္လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

လိဒ္စ္နဲ႔ပြဲမွာ ဟာကင္ဇီယက္ခ္်ဟာ တံေကာက္ေၾကာ ဒဏ္ရာရခဲ့ေၾကာင္း လမ္းပတ္က အတည္ျပဳခဲ့ၿပီး ဒဏ္ရာရဲ႕ျပင္းထန္မႈ အတိမ္အနက္ကို မသိရေသးေပမယ့္ ပြဲက်ပ္ကာလမွာ ဒီလို ျပႆနာက စိတ္ပ်က္စရာေကာင္းတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ေျခစြမ္းေကာင္းေတြနဲ႔ တည္ၿငိမ္မႈရလာတဲ့ ခ်ယ္ဆီးကို ပရီးမီးယားလိဂ္ဖလားရဖို႔ ပရိသတ္ေတြ အိမ္မက္မက္ေနၾကတာက ဘာမွေျပာစရာ မရွိေပမယ့္ မိမိတို႔က အေပ်ာ္လြန္မေနပဲ အၿမဲ ႀကိဳးစားေလ့က်င့္ေနမွာပါလို႔ လမ္းပတ္က ဝန္ခံခဲ့ပါတယ္။

ပူလီဆစ္နဲ႔အတူ ေဒါ့မြန္ရဲ႕ ဂ်ီအို ေရနာ၊ ဂ်ဴဗင္တပ္ရဲ႕ မက္ကန္နီတို႔ကလဲ မေန႔က ဂိုးေတြအသီးသီး သြင္းယူႏိုင္ခဲ့ၾကတာျဖစ္သလို ၂၀၀၅ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပမွာ အေမရိကန္သုံးေယာက္ တေန႔ထဲဂိုးသြင္းႏိုင္တဲ့စံခ်ိန္တင္ခဲ့ပါတယ္။

ဂ်ီ႐ူးဟာ လိဒ္စ္နဲ႔ပြဲက ဂိုးအၿပီးမွာ အာဆင္နယ္၊ ခ်ယ္ဆီးတို႔နဲ႔အတူ ရရွိခဲ့တဲ့ လိဂ္သြင္းဂိုးစုစုေပါင္း ၈၇ ဂိုး ရွိလာခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ ထာဝရထိပ္တန္း ဂိုးသြင္းရွင္စာရင္းမွာ ဒန္းနစ္ ဘားကမ့္ရဲ႕ စံခ်ိန္ကို လိုက္မီခဲ့ၿပီျဖစ္ပါတယ္။

ပူလီဆစ္ဟာ ဒဏ္ရာျပႆနာေတြနဲ႔ ခက္ခဲတဲ့ ရာသီအစ အၿပီး လိဒ္စ္နဲ႔ပြဲမွာ လူစားဝင္ ကစားခဲ့ၿပီးေနာက္ ဂိုးသြင္းယူႏိုင္ခဲ့သလို လမ္းပတ္က သူ႔အတြက္ ေပ်ာ္႐ႊင္ေနၿပီး ေနာက္ပိုင္းမွာ ပိုၿပီးအင္အားေတာင့္တင္းလာေစဖို႔ ေမွ်ာ္လင့္ေနပါတယ္။