ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (6/12/20)

အီဒင်ဆန် ကာဗာနီဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ယူနိုက်တက်အတွက် ပွဲထွက်ကစားခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲခဲ့ရတာ ဖြစ်သလို သူ့ရဲ့ ကြွက်သားဒဏ်ရာကြောင့် ဆက် မကစားခိုင်းခဲ့တာဖြစ်ကြောင်း ဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကို ဝ-၁နဲ့ နောက်ကလိုက်ကစားပြီး အဆုံးသတ်မှာ ၃-၁ နဲ့ အနိုင်ရခဲ့တဲ့နောက် ပရီးမီးယားလိဂ် သမိုင်းမှာ ရှုံးနေရာ ကနေ ပြန်လာပြီး အမှတ်အများဆုံး ရယူနိုင်ခဲ့တဲ့အသင်းအဖြစ် ၃၈၅ မှတ်နဲ့ စံချိန်တင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းကိုအနိုင်ရပြီးနောက် ယူနိုက်တက်ဟာ ၁၉၈၅ ရာသီနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ရာသီအစ အဝေးကွင်း ၅ ပွဲကို အနိုင် ရရှိခဲ့ သလို ၁၇ရက်နေ့ ရှက်ဖီးနဲ့ပွဲကို ထပ်နိုင်ရင် လိဂ် အဝေးကွင်း ၁၀ ပွဲဆက်နိုင်တဲ့ မှတ်တမ်းကို ရရှိဦးမှာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ၇၂မိနစ်မှာ ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးပို့မှုကို တလွဲကန်ခဲ့သလို ၇၈မိနစ်မှာတော့ မာတာကြောင့် ဂိုးရခဲ့ပေမယ့် နောက်ထပ် ဒီလို လွဲချော်နေရင် ဘာဖြစ်မလဲဆိုတာ မင်းသိပါတယ်လို့ ဖာနန်ဒက်စ်က ကြိမ်းမောင်းခဲ့ပါတယ်။

မန်စီးတီးနဲ့ သတင်းထွက်နေတဲ့ မက်ဆီဟာ တကယ်ပဲ အင်္ဂလန်ကိုရောက်လာရင် ယူနိုက်တက်အတွက် သတင်းဆိုး ဖြစ်စေမှာ ဖြစ်သလို သူ့အနေနဲ့ ဂွာဒီယိုလာဆီ မလာဖို့ ဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း ဟွမ်မာတာက ဝန်ခံပြောဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ပေါ့ဘာရဲ့ ဂိုးအတွက် ဒင်းဟန်ဒါဆန် တင်ပေးလိုက်တဲ့ အဝေးဘောဟာ ကွေ့ဝိုက်ပြီး ကွင်းဘေးက သူ့ခေါင်းပေါ်ကနေ ဖြတ်သွားတာကြောင့် စည်းကျော်နေတဲ့ ဂိုးကို မပေးသင့်ဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

Zawgyi – အီဒင္ဆန္ ကာဗာနီဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ယူႏိုက္တက္အတြက္ ပြဲထြက္ကစားခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ရက္ရွ္ဖို႔ဒ္နဲ႔ လူစားလဲခဲ့ရတာ ျဖစ္သလို သူ႔ရဲ႕ ႂကြက္သားဒဏ္ရာေၾကာင့္ ဆက္ မကစားခိုင္းခဲ့တာျဖစ္ေၾကာင္း ဆိုးလ္ရွားက အတည္ျပဳခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဝက္စ္ဟမ္းကို ၀-၁နဲ႔ ေနာက္ကလိုက္ကစားၿပီး အဆုံးသတ္မွာ ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ ပရီးမီးယားလိဂ္ သမိုင္းမွာ ရႈံးေနရာ ကေန ျပန္လာၿပီး အမွတ္အမ်ားဆုံး ရယူႏိုင္ခဲ့တဲ့အသင္းအျဖစ္ ၃၈၅ မွတ္နဲ႔ စံခ်ိန္တင္ခဲ့ပါတယ္။

ဝက္စ္ဟမ္းကိုအႏိုင္ရၿပီးေနာက္ ယူႏိုက္တက္ဟာ ၁၉၈၅ ရာသီေနာက္ပိုင္း ပထမဆုံး အႀကိမ္အျဖစ္ ရာသီအစ အေဝးကြင္း ၅ ပြဲကို အႏိုင္ ရရွိခဲ့ သလို ၁၇ရက္ေန႔ ရွက္ဖီးနဲ႔ပြဲကို ထပ္ႏိုင္ရင္ လိဂ္ အေဝးကြင္း ၁၀ ပြဲဆက္ႏိုင္တဲ့ မွတ္တမ္းကို ရရွိဦးမွာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ၇၂မိနစ္မွာ ဖာနန္ဒက္စ္ရဲ႕ ဖန္တီးေပးပို႔မႈကို တလြဲကန္ခဲ့သလို ၇၈မိနစ္မွာေတာ့ မာတာေၾကာင့္ ဂိုးရခဲ့ေပမယ့္ ေနာက္ထပ္ ဒီလို လြဲေခ်ာ္ေနရင္ ဘာျဖစ္မလဲဆိုတာ မင္းသိပါတယ္လို႔ ဖာနန္ဒက္စ္က ႀကိမ္းေမာင္းခဲ့ပါတယ္။

မန္စီးတီးနဲ႔ သတင္းထြက္ေနတဲ့ မက္ဆီဟာ တကယ္ပဲ အဂၤလန္ကိုေရာက္လာရင္ ယူႏိုက္တက္အတြက္ သတင္းဆိုး ျဖစ္ေစမွာ ျဖစ္သလို သူ႔အေနနဲ႔ ဂြာဒီယိုလာဆီ မလာဖို႔ ဆုံးျဖတ္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိေၾကာင္း ဟြမ္မာတာက ဝန္ခံေျပာဆိုခဲ့ပါတယ္။

ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္စ္က ေပါ့ဘာရဲ႕ ဂိုးအတြက္ ဒင္းဟန္ဒါဆန္ တင္ေပးလိုက္တဲ့ အေဝးေဘာဟာ ေကြ႕ဝိုက္ၿပီး ကြင္းေဘးက သူ႔ေခါင္းေပၚကေန ျဖတ္သြားတာေၾကာင့္ စည္းေက်ာ္ေနတဲ့ ဂိုးကို မေပးသင့္ဘူးလို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။