အာဆင်နယ်ဟာ ရာသီအစမှာ ရုန်းကန်နေရပြီး အဆင့် ၁၄ကို ရောက်နေပေမယ့်လဲ လက်ရှိနည်းပြအပေါ် အာဆင်ဝင်းဂါးက ထောက်ခံပေးခဲ့ပြီး အာတီတာအနေနဲ့ ကလပ်မှာ အောင်မြင်နိုင်နေဆဲပါလို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။
ယာဂန်ကလော့ပ်ဟာ လီဗာပူးအတွက် အောင်မြင်မှုတွေရရှိဖို့ အသင်းကို အချိန်ယူ တည်ဆောက်ခဲ့ရတာဖြစ်သလို အာဆင်နယ်အနေနဲ့ သူတို့ကို အတုယူပြီး အာတီတာကိုလဲ အချိန်ပေး ထောက်ပံ့ပေးသင့်တယ်လို့ ပေါလ်ရော်ဘင်ဆန်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ နောက်ဆုံးလိဂ် ၆ ပွဲမှာ ၄ ပွဲရှုံးခဲ့သလို ရှာကာရဲ့ဆိုးရွားတဲ့ကစားပုံက အာတီတာအတွက်ကြီးမားတဲ့စိုးရိမ်စရာဖြစ်တယ်လို့ အီယန်ရိုက်က ထင်မြင်နေပြီး ကန်သွင်းမှုတစ်ကြိမ်ရဖို့ ပေးပို့မှု၅၈ကြိမ် လုပ်နေတာက များလွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။
စပါးဟာ အာဆင်နယ်ကို ၈ မှတ်အသာနဲ့ အဆင့်၂နေရာမှာ ရပ်တည်နေပေမယ့် သူတို့နဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ အဆင့်တွေက အရေးမပါပဲ မြောက်လန်ဒန်ပြိုင်ဘက်ကို အနိုင်ယူနိုင်ဖို့သာ အဓိကဖြစ်တယ်လို့စပါးဂိုးသမား ဟူဂိုလိုရစ်က ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ အစ္စတန်ဘူလ် ကွင်းလယ်လူ ဘာကေ အော့ဇ်ကန်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်သလို အိုဇေးကလဲ အမ်းမရိတ်စ်ကနေ ထွက်ခွာရတော့မှာ ဖြစ်တာကြောင့် ၎င်းက အပယ်ခံကွင်းလယ်လူရဲ့နေရာကို အစားထိုးရနိုင်ခြေရှိပါတယ်။
စီးတီးတောင်ပံကစားသမားဟောင်း ထရီဗာ ဆင်ကလဲယားက ဘူကာယို ဆာကာဟာ အလားအလာများစွာရှိတယ်လို့ ယုံကြည်နေသလို ဂန်းနားကြယ်ပွင့်ဟာ ပါးနပ်မှုရှိပြီး လျင်လျင်မြန်မြန်နဲ့ ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်စွမ်းရှိတယ်လို့ ချီးကျူးခဲ့ပါတယ်။
ဂျီရူးဟာ အခု ချယ်ဆီးမှာမယုံနိုင်စရာ ခြေစွမ်းကောင်းတွေ ပြသနေတာဖြစ်သလို အာဆင်နယ်အနေနဲ့ သူ့ကို ဆက်ခေါ်ထားသင့်တယ်လို့ ဂီဘာတို ဆေးဗားက ထင်နေပြီး လွန်ခဲ့တဲ့ ၃နှစ်က သူ့ကိုရောင်းခဲ့တာက အမှားဖြစ်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။
ရှာကာမှာ ကောင်းတာဆိုလို့ ကိုက်၄၀အကွာအဝေးကို တမင် ဖြုန်းမကန်တာပဲရှိပြီး ဟိုပေးဒီပေးနဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေ လုပ်နေတဲ့ အသုံးမဝင်တဲ့ကွင်းလယ်လူကို အာတီတာက ဘာလို့ဆက်သုံးနေလဲဆိုတာ နားမလည်နိုင်ဘူး လို့ ကက်စ်ကာရီနိုက ဝေဖန်ခဲ့ပါတယ်။
ZAWGYI – အာဆင္နယ္ဟာ ရာသီအစမွာ ႐ုန္းကန္ေနရၿပီး အဆင့္ ၁၄ကို ေရာက္ေနေပမယ့္လဲ လက္ရွိနည္းျပအေပၚ အာဆင္ဝင္းဂါးက ေထာက္ခံေပးခဲ့ၿပီး အာတီတာအေနနဲ႔ ကလပ္မွာ ေအာင္ျမင္ႏိုင္ေနဆဲပါလို႔ ယုံၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ယာဂန္ကေလာ့ပ္ဟာ လီဗာပူးအတြက္ ေအာင္ျမင္မႈေတြရရွိဖို႔ အသင္းကို အခ်ိန္ယူ တည္ေဆာက္ခဲ့ရတာျဖစ္သလို အာဆင္နယ္အေနနဲ႔ သူတို႔ကို အတုယူၿပီး အာတီတာကိုလဲ အခ်ိန္ေပး ေထာက္ပံ့ေပးသင့္တယ္လို႔ ေပါလ္ေရာ္ဘင္ဆန္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ ေနာက္ဆုံးလိဂ္ ၆ ပြဲမွာ ၄ ပြဲရႈံးခဲ့သလို ရွာကာရဲ႕ဆိုး႐ြားတဲ့ကစားပုံက အာတီတာအတြက္ ႀကီးမားတဲ့ စိုးရိမ္စရာျဖစ္တယ္လို႔ အီယန္႐ိုက္က ထင္ျမင္ေနၿပီး ကန္သြင္းမႈတစ္ႀကိမ္ရဖို႔ ေပးပို႔မႈ၅၈ႀကိမ္ လုပ္ေနတာက မ်ားလြန္းတယ္လို႔ ေဝဖန္ခဲ့ပါတယ္။
စပါးဟာ အာဆင္နယ္ကို ၈ မွတ္အသာနဲ႔ အဆင့္၂ေနရာမွာ ရပ္တည္ေနေပမယ့္ သူတို႔နဲ႔ ရင္ဆိုင္ရမယ့္ပြဲမွာ အဆင့္ေတြက အေရးမပါပဲ ေျမာက္လန္ဒန္ၿပိဳင္ဘက္ကို အႏိုင္ယူႏိုင္ဖို႔သာ အဓိကျဖစ္တယ္လို႔စပါးဂိုးသမား ဟူဂိုလိုရစ္က ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ အစၥတန္ဘူလ္ ကြင္းလယ္လူ ဘာေက ေအာ့ဇ္ကန္ကို ဇန္နဝါရီမွာ ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္သလို အိုေဇးကလဲ အမ္းမရိတ္စ္ကေန ထြက္ခြာရေတာ့မွာ ျဖစ္တာေၾကာင့္ ၎က အပယ္ခံကြင္းလယ္လူရဲ႕ေနရာကို အစားထိုးရႏိုင္ေျခရွိပါတယ္။
စီးတီးေတာင္ပံကစားသမားေဟာင္း ထရီဗာ ဆင္ကလဲယားက ဘူကာယို ဆာကာဟာ အလားအလာမ်ားစြာရွိတယ္လို႔ ယုံၾကည္ေနသလို ဂန္းနားၾကယ္ပြင့္ဟာ ပါးနပ္မႈရွိၿပီး လ်င္လ်င္ျမန္ျမန္နဲ႔ ၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္ႏိုင္စြမ္းရွိတယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။
ဂ်ီ႐ူးဟာ အခု ခ်ယ္ဆီးမွာမယုံႏိုင္စရာ ေျခစြမ္းေကာင္းေတြ ျပသေနတာျဖစ္သလို အာဆင္နယ္အေနနဲ႔ သူ႔ကို ဆက္ေခၚထားသင့္တယ္လို႔ ဂီဘာတို ေဆးဗားက ထင္ေနၿပီး လြန္ခဲ့တဲ့ ၃ႏွစ္က သူ႔ကိုေရာင္းခဲ့တာက အမွားျဖစ္ခဲ့တယ္လို႔ေျပာဆိုခဲ့ပါတယ္။
ရွာကာမွာ ေကာင္းတာဆိုလို႔ ကိုက္၄၀အကြာအေဝးကို တမင္ ျဖဳန္းမကန္တာပဲရွိၿပီး ဟိုေပးဒီေပးနဲ႔ ျပစ္ဒဏ္က်ဴးလြန္မႈေတြ လုပ္ေနတဲ့ အသုံးမဝင္တဲ့ကြင္းလယ္လူကို အာတီတာက ဘာလို႔ဆက္သုံးေနလဲဆိုတာ နားမလည္ႏိုင္ဘူး လို႔ ကက္စ္ကာရီႏိုက ေဝဖန္ခဲ့ပါတယ္။