လက်ရှိ အခြေအနေမှာ ပရီးမီးယားလိဂ်အတွက် ရေပန်းအစားဆုံးက ချယ်ဆီးပါ ဆိုတဲ့ ကလေ့ာပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အမှတ်ပေးဇယား ထိပ်ဆုံးမှာ အပြိုင်ရှိနေတဲ့ စပါး၊ ချယ်ဆီးအသင်းတို့ဟာလည်း ကစားပုံတွေ ကောင်းမွန်နေကြတယ်လို့ ဆိုပါတယ်။

သူကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တဲ့အသင်းက ချယ်ဆီးဖြစ်မယ်လို့ ဆိုတယ်။ ချယ်ဆီးဟာ အထနှေးခဲ့ပေမယ့် ပုံစံကောင်းတွေ ဆက်တိုက်ရနေကာ နေရာစုံမှာ အင်အားတောင့်တင်းမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

ကလော့ပ်က ” ကျနော် ကြည့်မိတဲ့ ပွဲတွေအရ စပါးကစားတာက အတော်လေး ကောင်းနေတယ်လို့ မြင်ပါတယ်။ ကျနော်အတွက်တော့ ဒီအခြေအနေမှာ ချယ်ဆီးက ရေပန်းစားအသင်းဖြစ်ပါတယ်။

သူတို့မှာ အင်အားတောင့်တင်းတဲ့ လူစာရင်း ရှိထားတယ်။ သူတို့ ကစားနေပုံကလည်း ကောင်းပါတယ်။ အခုချိန်မှာ သူတို့က အင်ပြည့်အားပြည့် ဖြစ်နေပြီး ပွဲအခြေအနေကို ပြောင်းလဲဖို့နဲ့ တစ်ပွဲနဲ့ တစ်ပွဲကြား အပြောင်းအလဲတွေ လုပ်ဖို့အတွက် မယုံနိုင်လောက်တဲ့ အခွင့်အရေးကိုလည်း သူတို့ ပိုင်ဆိုင်ထားတယ်။

ဖိအားတွေကတော့ ရှိတာပါပဲ။ ဒါပေမယ့်လို့ ကိုယ်ဘာသာနဲ့ပဲ ဆိုင်ပါတယ်။ ဖိအားတွေက ပွဲတွေကို အနိုင်ရဖို့ဖြစ်ပြီး ကျနေ်ာတို့က ဝုဗ်ကို အနိုင်ရလိုပါတယ်။ ဒီအပတ်မှာ ဝုဗ်နဲ့ပဲ ကစားရမှာဖြစ်လို့ ဒီပွဲမှာ ရမှတ်တွေ စုဆောင်းနိုင်တာကိုပဲ အာရုံစိုက်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးက အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေပြီး ဒီကနေ့မှာတော့ စပါးနဲ့ လီဗာပူးတို့ကလည်း အာဆင်နယ်၊ ဝုဗ်တို့နဲ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ZAWGYI – လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အမွတ္ေပးဇယား ထိပ္ဆံုးမွာ အျပိဳင္ရွိေနတဲ့ စပါး၊ ခ်ယ္ဆီးအသင္းတို႔ဟာလည္း ကစားပံုေတြ ေကာင္းမြန္ေနၾကတယ္လို႔ ဆိုပါတယ္။

သူကေတာ့ လက္ရွိ ပရီးမီးယားလိဂ္မွာ အမွတ္ေပးဖလားကို စိန္ေခၚႏုိင္တဲ့အသင္းက ခ်ယ္ဆီးျဖစ္မယ္လို႔ ဆိုတယ္။ ခ်ယ္ဆီးဟာ အထေႏွးခဲ့ေပမယ့္ ပံုစံေကာင္းေတြ ဆက္တိုက္ရေနကာ ေနရာစံုမွာ အင္အားေတာင့္တင္းမႈေတြ ရွိေနတာလည္း ျဖစ္ပါတယ္။

ကေလာ့ပ္က ” က်ေနာ္ ၾကည့္မိတဲ့ ပြဲေတြအရ စပါးကစားတာက အေတာ္ေလး ေကာင္းေနတယ္လို႔ ျမင္ပါတယ္။ က်ေနာ္အတြက္ေတာ့ ဒီအေျခအေနမွာ ခ်ယ္ဆီးက ေရပန္းစားအသင္းျဖစ္ပါတယ္။

သူတို႔မွာ အင္အားေတာင့္တင္းတဲ့ လူစာရင္း ရွိထားတယ္။ သူတို႔ ကစားေနပံုကလည္း ေကာင္းပါတယ္။ အခုခ်ိန္မွာ သူတို႔က အင္ျပည့္အားျပည့္ ျဖစ္ေနျပီး ပြဲအေျခအေနကို ေျပာင္းလဲဖို႔နဲ႔ တစ္ပြဲနဲ႔ တစ္ပြဲၾကား အေျပာင္းအလဲေတြ လုပ္ဖို႔အတြက္ မယံုႏုိင္ေလာက္တဲ့ အခြင့္အေရးကိုလည္း သူတို႔ ပိုင္ဆိုင္ထားတယ္။

ဖိအားေတြကေတာ့ ရွိတာပါပဲ။ ဒါေပမယ့္လို႔ ကိုယ္ဘာသာနဲ႔ပဲ ဆုိင္ပါတယ္။ ဖိအားေတြက ပြဲေတြကို အႏုိင္ရဖို႔ျဖစ္ျပီး က်ေန္ာတို႔က ဝုဗ္ကို အႏုိင္ရလိုပါတယ္။ ဒီအပတ္မွာ ဝုဗ္နဲ႔ပဲ ကစားရမွာျဖစ္လို႔ ဒီပြဲမွာ ရမွတ္ေတြ စုေဆာင္းႏုိင္တာကိုပဲ အာရံုစိုက္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးက အမွတ္ေပးဇယား ထိပ္ဆံုးမွာ ရွိေနျပီး ဒီကေန႔မွာေတာ့ စပါးနဲ႔ လီဗာပူးတို႔ကလည္း အာဆင္နယ္၊ ဝုဗ္တို႔နဲ႔ ယွဥ္ျပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။