ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ပေမယ့် ခြေစွမ်းနဲ့ယှဉ်ရင် အတော်နည်းပါးတဲ့ တစ်ပတ်လုပ်ခ ပေါင် ၁သိန်းသာ ရရှိနေတာကြောင့် ယူနိုက်တက်က သူ့ကို ပေါင်၂သိန်းနဲ့ စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ကွင်းလယ် ကစားသမား ပေါ့ဘာကို ဗန်ဒီဘိခ်နဲ့ နှိုှုင်းယှဉ် ပြောဆိုမှုတွေ ပြုလုပ်တုန်းက ၎င်းမှာ ရယ်မောမိကြောင်း ယူနိုက်တက် ခံစစ်မှူးဟောင်း အီဗရာက ဆိုလိုက်ပြီး ဝက်စ်ဟမ်းနဲ့ ပွဲက ပေါ့ဘာ သွင်းဂိုး ဘယ်လောက်လှလဲ ကြည့်ကြဖို့ ပြောဆိုလိုက်ပါတယ်။
စာချုပ်သက်တမ်း ၁၂လသာ ကျန်တော့တဲ့ ဂျက်ဆီလင်ဂတ်ဟာ အသင်းကြီး လူစာရင်းကနေ ဆက်လက် ချန်လှပ်ခံထားရပေမယ့်လဲ ယူနိုက်တက်က သူ့ကို အလကား လက်မလွှတ်ရအောင် စာချုပ် နောက်တစ်နှစ် သက်တမ်းတိုးဖို့ အလိုရှိနေပါတယ်။
ယူနိုက်တက်ဟာ နောက်နှစ်မှာ ဖာမာလီကာအို ကွင်းလယ် ကစားသမား ဂတ်စတာဗို အက်ဆူကာအို ကို ခေါ်ယူဖို့ ကြံရွယ်နေပြီး အသက် ၂၀ အရွယ် ကစားသမား အတွက် ယူရို ၂၅ သန်း ဝန်းကျင် သုံးရဖွယ် ရှိနေပါတယ်။ ၎င်းကို နိုက်စ်နဲ့ ဆီဗီလာ အသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။
ကိုရိုနာ ကူးစက်ခံရပြီး ပြန်လည် သက်သာ ပျောက်ကင်းချိန်မှာ နဂိုအတိုင်း ပြန်ဖြစ်ဖို့ ရုန်းကန်ခဲ့ရမှုများကို ပေါ့ဘာက ဖွင့်ဟလိုက်ပြီး ၎င်း အနေနဲ့ ကောင်းကောင်းတောင် မပြေးနိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
ဝက်စ်ဟမ်းနဲ့ ပွဲမှာ ယူနိုက်တက် အတွက် တတိယဂိုး သွင်းပေးခဲ့တဲ့ မားကပ် ရက်ဖို့ဒ်က ယူနိုက်တက် အနေနဲ့ ပြိုင်ဘက်တွေကို အမြဲ ဦးဆောင်ဂိုး ခွင့်ပြုနေလို့ မရကြောင်း ခံစစ်ကို အားစိုက်ကြဖို့ အသင်းဖော်တွေအား သတိပေးသွားခဲ့ပါတယ်။
Zawgyi – ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ပေမယ့် ခြေစွမ်းနဲ့ယှဉ်ရင် အတော်နည်းပါးတဲ့ တစ်ပတ်လုပ်ခ ပေါင် ၁သိန်းသာ ရရှိနေတာကြောင့် ယူနိုက်တက်က သူ့ကို ပေါင်၂သိန်းနဲ့ စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ကွင်းလယ် ကစားသမား ပေါ့ဘာကို ဗန်ဒီဘိခ်နဲ့ နှိုင်းယှဉ် ပြောဆိုမှုတွေ ပြုလုပ်တုန်းက ၄င်းမှာ ရယ်မောမိကြောင်း ယူနိုက်တက် ခံစစ်မှူးဟောင်း အီဗရာက ဆိုလိုက်ပြီး ၀က်စ်ဟမ်းနဲ့ ပွဲက ပေါ့ဘာ သွင်းဂိုး ဘယ်လောက်လှလဲ ကြည့်ကြဖို့ ပြောဆိုလိုက်ပါတယ်။
ကိုရိုနာ ကူးစက်ခံရပြီး ပြန်လည် သက်သာ ပျောက်ကင်းချိန်မှာ နဂိုအတိုင်း ပြန်ဖြစ်ဖို့ ရုန်းကန်ခဲ့ရမှုများကို ပေါ့ဘာက ဖွင့်ဟလိုက်ပြီး ၄င်း အနေနဲ့ ကောင်းကောင်းတောင် မပြေးနိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။