ကတ်ဇူးမားဟာ ခံစစ်ပိုင်းအရ ချယ်ဆီးကို တခြားအသင်းတွေထက် clean sheet ပိုရအောင် ကူညီပေးထားပြီး တိုက်စစ်မှာလဲ လိဂ် ၄ ဂိုး သွင်းယူထားသလို သူ့ရဲ့ တိုးတက်မှုမှာ သီယာဂိုဆေးဗားရဲ့ အကူအညီတွေပါဝင်တယ်လို့ လမ်းပတ်က ဆိုပါတယ်။
ချယ်ဆီး နည်းပြလမ်းပတ်အနေနဲ့ တခါတလေ တစ်ကိုယ်ကောင်းဆန်ဖို့ လိုအပ်ပြီး ဇန်နဝါရီမှာ ဂျီရူးအတွက် ဘယ်လိုအပြောင်းအရွှေ့မျိုးကို မဆို တားဆီး ပိတ်ပင်သင့်တယ်လို့ တိုက်စစ်မှူးဟောင်း ဟယ်ဆယ်ဘိန့်က တိုက်တွန်းခဲ့ပါတယ်။
ဇူးမားဟာ မနှစ်ကမှ ချယ်ဆီးအသင်းကြီးထံ ပြန်လည်ရောက်ရှိခဲ့ပြီး ဒီနှစ်မှာ ပုံစံကောင်းတွေ ပြသနေတာဖြစ်သလို လမ်းပတ်က သူ့ခြေစွမ်းကို ချီးကျူးခဲ့ပြီး ဇူးမားက အရေးပါတဲ့ကစားသမားဖြစ်လာလိမ့်မယ်ဆိုတာ သိခဲ့ပြီးသားလို့ပြောဆိုခဲ့ပါတယ်။
ဒိုင်ဘားလားဟာ ဂျူဗင်တပ်မှာ ပုံမှန်နေရာ ပျောက်ဆုံးနေတာနဲ့အတူ သူ့ရဲ့ ကိုယ်စားလှယ်တွေက အင်္ဂလန်ထံ ပြောင်းရွှေ့စေချင်နေပြီး ချယ်ဆီးအပါအဝင် ပရီးမီးယာလိဂ် ထိပ်သီးကလပ်တွေထံ ကမ်းလှမ်းမှုလုပ်ခဲ့တယ်လို့သိရပါတယ်။
လမ်းပတ်အနေနဲ့ တိုက်စစ်ကို ဦးဆောင်ဖို့ ဂျီရူးကို ပုံမှန် ဆက်သုံးနေမယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားစိန်ခေါ်ဖို့ မဖြစ်နိုင်ဘူးလို့ မိုက်ကယ်အိုဝင်က ယုံကြည်နေပြီး သူ့ထက်ပိုကောင်းတဲ့ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ယောက်ကို လိုအပ်တယ်လို့ အကြံပေးခဲ့ပါတယ်။
ချယ်ဆီးမှာ ဗဟိုခံစစ်နေရာအတွက် ၅ယောက် ၆ယောက်လောက် ရွေးချယ်စရာ ရှိနေတာဖြစ်သလို လမ်းပတ်က လူစာရင်းကို လျှော့ချလိုနေပြီး ဇန်နဝါရီမှာ တိုမိုရီနဲ့ ရူဒီဂါတို့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာဖြစ်ပါတယ်။
ချယ်ဆီး အငှားကစားသမား ကော်နယ်ဂယ်လာဂါဟာ ပဲလေ့စ်ကို ၅-၁ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းအတွက် ဂိုးသွင်းယူပြီး ခြေစွမ်းကောင်းတွေ ပြသခဲ့သလိုအနာဂတ်မှာ လမ်းပတ်ရဲ့ ခြေရာနင်းမယ့်သူအဖြစ် ချယ်ဆီးပရိသတ်တွေက ချီးကျူးပြောဆိုခဲ့ပါတယ်။
ဒေးဗစ်အလာဘာဟာ ရာသီကုန်မှာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းကုန်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာ ဆိုပေမယ့် ချယ်ဆီးက ဇန်နဝါရီမှာ ခေါ်ယူချင်နေတာကြောင့် ဘိုင်ယန်ကို ပြောင်းရွှေ့ကြေး ပေးရနိုင်ပါတယ်။
Zawgyi – ကတ္ဇူးမားဟာ ခံစစ္ပိုင္းအရ ခ်ယ္ဆီးကို တျခားအသင္းေတြထက္ clean sheet ပိုရေအာင္ ကူညီေပးထားၿပီး တိုက္စစ္မွာလဲ လိဂ္ ၄ ဂိုး သြင္းယူထားသလို သူ႔ရဲ႕ တိုးတက္မႈမွာ သီယာဂိုေဆးဗားရဲ႕ အကူအညီေတြပါဝင္တယ္လို႔ လမ္းပတ္က ဆိုပါတယ္။
ခ်ယ္ဆီး နည္းျပလမ္းပတ္အေနနဲ႔ တခါတေလ တစ္ကိုယ္ေကာင္းဆန္ဖို႔ လိုအပ္ၿပီး ဇန္နဝါရီမွာ ဂ်ီ႐ူးအတြက္ ဘယ္လိုအေျပာင္းအေ႐ႊ႕မ်ိဳးကို မဆို တားဆီး ပိတ္ပင္သင့္တယ္လို႔ တိုက္စစ္မႉးေဟာင္း ဟယ္ဆယ္ဘိန႔္က တိုက္တြန္းခဲ့ပါတယ္။
ဇူးမားဟာ မႏွစ္ကမွ ခ်ယ္ဆီးအသင္းႀကီးထံ ျပန္လည္ေရာက္ရွိခဲ့ၿပီး ဒီႏွစ္မွာ ပုံစံေကာင္းေတြ ျပသေနတာျဖစ္သလို လမ္းပတ္က သူ႔ေျခစြမ္းကို ခ်ီးက်ဴးခဲ့ၿပီး ဇူးမားက အေရးပါတဲ့ ကစားသမားျဖစ္လာလိမ့္မယ္ဆိုတာ သိခဲ့ၿပီးသားလို႔ေျပာဆိုခဲ့ပါတယ္။
ဒိုင္ဘားလားဟာ ဂ်ဴဗင္တပ္မွာ ပုံမွန္ေနရာ ေပ်ာက္ဆုံးေနတာနဲ႔အတူ သူ႔ရဲ႕ ကိုယ္စားလွယ္ေတြက အဂၤလန္ထံ ေျပာင္းေ႐ႊ႕ေစခ်င္ေနၿပီး ခ်ယ္ဆီးအပါအဝင္ ပရီးမီးယာလိဂ္ ထိပ္သီးကလပ္ေတြထံ ကမ္းလွမ္းမႈလုပ္ခဲ့တယ္လို႔သိရပါတယ္။
လမ္းပတ္အေနနဲ႔ တိုက္စစ္ကို ဦးေဆာင္ဖို႔ ဂ်ီ႐ူးကို ပုံမွန္ ဆက္သုံးေနမယ္ဆိုရင္ ပရီးမီးယားလိဂ္ဖလားစိန္ေခၚဖို႔ မျဖစ္ႏိုင္ဘူးလို႔ မိုက္ကယ္အိုဝင္က ယုံၾကည္ေနၿပီး သူ႔ထက္ပိုေကာင္းတဲ့ကမာၻ႔အဆင့္တိုက္စစ္မႉးတစ္ေယာက္ကို လိုအပ္တယ္လို႔ အႀကံေပးခဲ့ပါတယ္။
ခ်ယ္ဆီးမွာ ဗဟိုခံစစ္ေနရာအတြက္ ၅ေယာက္ ၆ေယာက္ေလာက္ ေ႐ြးခ်ယ္စရာ ရွိေနတာျဖစ္သလို လမ္းပတ္က လူစာရင္းကို ေလွ်ာ့ခ်လိုေနၿပီး ဇန္နဝါရီမွာ တိုမိုရီနဲ႔ ႐ူဒီဂါတို႔အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈေတြကို စဥ္းစားသြားမွာျဖစ္ပါတယ္။
ခ်ယ္ဆီး အငွားကစားသမား ေကာ္နယ္ဂယ္လာဂါဟာ ပဲေလ့စ္ကို ၅-၁ နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ဝက္စ္ဟမ္းအတြက္ ဂိုးသြင္းယူၿပီး ေျခစြမ္းေကာင္းေတြ ျပသခဲ့သလိုအနာဂတ္မွာ လမ္းပတ္ရဲ႕ ေျခရာနင္းမယ့္သူအျဖစ္ ခ်ယ္ဆီးပရိသတ္ေတြက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ေဒးဗစ္အလာဘာဟာ ရာသီကုန္မွာ ဘိုင္ယန္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာႏိုင္မွာ ဆိုေပမယ့္ ခ်ယ္ဆီးက ဇန္နဝါရီမွာ ေခၚယူခ်င္ေနတာေၾကာင့္ ဘိုင္ယန္ကို ေျပာင္းေ႐ႊ႕ေၾကး ေပးရႏိုင္ပါတယ္။