ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (7/12/20)

မန်ချက်စတာဒါဘီက နောက်တစ်ပတ်မှာ တွေ့ဆုံရမှာဖြစ်သလို မန်စီးတီးက ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ဝင်ခွင့်ရပြီးသားဖြစ်တာကြောင့် ကြားရက်မှာ ရုန်းရဦးမယ့် ယူနိုက်တက်ထက် ပြင်ဆင်ချိန်ပိုများတယ်ဆိုတဲ့ပြောဆိုမှုကို ဂွာဒီယိုလာက ငြင်းပယ်ခဲ့ပါတယ်။

ကာဗာနီနဲ့ မာရှယ်တို့ဟာ ဝက်စ်ဟမ်းကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဒဏ်ရာအသီးသီး ရခဲ့ကြကြောင်း ဆိုးလ်ရှားက အတည်ပြုခဲ့ပြီးတဲ့နောက် ကြားရက် ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ်နဲ့တွေ့ရမယ့်အရေးကြီးပွဲကို ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေပါတယ်။

ယူနိုက်တက်မှာ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာအတွက် ကာဗာပေးနိုင်မယ့် အစားထိုး ကစားသမား ကောင်းကောင်းမရှိသလို စီနီယာအနေနဲ့ မိုဆူမန်ဆာတစ်ယောက်သာ ကျန်ရှိတာကြောင့် အေတီကိုကြယ်ပွင့် ထရစ်ပီယာကို ခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ဖရက်မပါဝင်လာခဲ့တဲ့နောက် ဒဏ်ရာရလို့လား? ပီအက်စ်ဂျီနဲ့ပွဲက အနီကဒ်အတွက် အပြစ်ပေးတာလားဆိုတဲ့ ထင်မြင်မှုတွေရှိနေပေမယ့် ဆိုးလ်ရှားကတော့ မတူညီတဲ့ နည်းဗျူဟာသုံးဖို့အတွက်သာ အနားပေးခဲ့တာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

လင်ဂတ်ဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ရောက်နေပြီဖြစ်တာကြောင့် ဇန်နဝါရီမှာ တခြားကလပ်တွေနဲ့ အပြောင်းအရွှေ့ဆွေးနွေးမှု လုပ်နိုင်တော့မှာ ဖြစ်သလို စတီဗင်ဂျရတ်ရဲ့ ရိန်းဂျားစ်အသင်းက သူ့ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ချိတ်ဆက်ခဲ့တဲ့ ပေါ့ဘာဟာ ၂၀၂၂အထိ စာချုပ်တစ်နှစ် သက်တမ်းတိုးခဲ့ပေမယ့် ယူနိုက်တက်က သူ့အတွက် ပြောင်းရွှေ့ကြေးမရမှာ စိုးတာကြောင့် နောက်နှစ် နွေရာသီမှာ သူ့ကို ရောင်းချတော့မှာဖြစ်တယ်လို့သိရပါတယ်။

Zawgyi – မန္ခ်က္စတာဒါဘီက ေနာက္တစ္ပတ္မွာ ေတြ႕ဆုံရမွာျဖစ္သလို မန္စီးတီးက ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ကို ဝင္ခြင့္ရၿပီးသားျဖစ္တာေၾကာင့္ ၾကားရက္မွာ ႐ုန္းရဦးမယ့္ ယူႏိုက္တက္ထက္ ျပင္ဆင္ခ်ိန္ပိုမ်ားတယ္ဆိုတဲ့ေျပာဆိုမႈကို ဂြာဒီယိုလာက ျငင္းပယ္ခဲ့ပါတယ္။

ကာဗာနီနဲ႔ မာရွယ္တို႔ဟာ ဝက္စ္ဟမ္းကို ၃-၁ နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ဒဏ္ရာအသီးသီး ရခဲ့ၾကေၾကာင္း ဆိုးလ္ရွားက အတည္ျပဳခဲ့ၿပီးတဲ့ေနာက္ ၾကားရက္ ခ်န္ပီယံလိဂ္မွာ လိုက္ပ္ဇစ္နဲ႔ေတြ႕ရမယ့္အေရးႀကီးပြဲကို ပါဝင္ႏိုင္ဖို႔ မေသမခ်ာျဖစ္ေနပါတယ္။

ယူႏိုက္တက္မွာ ညာေနာက္ခံလူ ဝမ္ဘစ္ဆာကာအတြက္ ကာဗာေပးႏိုင္မယ့္ အစားထိုး ကစားသမား ေကာင္းေကာင္းမရွိသလို စီနီယာအေနနဲ႔ မိုဆူမန္ဆာတစ္ေယာက္သာ က်န္ရွိတာေၾကာင့္ ေအတီကိုၾကယ္ပြင့္ ထရစ္ပီယာကို ေခၚယူဖို႔ေစာင့္ၾကည့္ေနပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဖရက္မပါဝင္လာခဲ့တဲ့ေနာက္ ဒဏ္ရာရလို႔လား? ပီအက္စ္ဂ်ီနဲ႔ပြဲက အနီကဒ္အတြက္ အျပစ္ေပးတာလားဆိုတဲ့ ထင္ျမင္မႈေတြရွိေနေပမယ့္ ဆိုးလ္ရွားကေတာ့ မတူညီတဲ့ နည္းဗ်ဴဟာသုံးဖို႔အတြက္သာ အနားေပးခဲ့တာျဖစ္ေၾကာင္း ေျဖရွင္းခဲ့ပါတယ္။

လင္ဂတ္ဟာ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲ ေရာက္ေနၿပီျဖစ္တာေၾကာင့္ ဇန္နဝါရီမွာ တျခားကလပ္ေတြနဲ႔ အေျပာင္းအေ႐ႊ႕ေဆြးေႏြးမႈ လုပ္ႏိုင္ေတာ့မွာ ျဖစ္သလို စတီဗင္ဂ်ရတ္ရဲ႕ ရိန္းဂ်ားစ္အသင္းက သူ႔ကို ေခၚယူဖို႔စိတ္ဝင္စားေနပါတယ္။

အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္ခဲ့တဲ့ ေပါ့ဘာဟာ ၂၀၂၂အထိ စာခ်ဳပ္တစ္ႏွစ္ သက္တမ္းတိုးခဲ့ေပမယ့္ ယူႏိုက္တက္က သူ႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးမရမွာ စိုးတာေၾကာင့္ ေနာက္ႏွစ္ ေႏြရာသီမွာ သူ႔ကို ေရာင္းခ်ေတာ့မွာျဖစ္တယ္လို႔သိရပါတယ္။