ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်အသင်း သတင်းတိုများ (7/12/20)

အာဆင်နယ်ဟာ စပါးနဲ့ပွဲမှာ ဒီရာသီ ၆ ပွဲမြောက် ရှုံးပွဲတွေ့ခဲ့သလို လိဂ်အဖွင့် ၁၁ ပွဲမှာ စုစုပေါင်း ၁၃ မှတ်သာ ရရှိခဲ့ပြီးတော့ ၁၉၈၁-၈၂ ရာသီမှာ ၁၂ မှတ်ရခဲ့တဲ့နောက်ပိုင်း ၃၉ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစဖြစ် စံချိန်တင်ခဲ့ပါတယ်။

အူဘာမီးယန်းရဲ့ ဂိုးပေါက်ပျောက်နေမှုနဲ့ ပတ်သက်လို့ အေးဂျင့် ကွာကူမန်ဆာက အာတီတာရဲ့ တိုက်စစ်ကစားပုံအပေါ် မေးခွန်း ထုတ်ခဲ့သလို ဒီရာသီ အခွင့်အရေး ဖန်တီးမှုပိုင်းမှာ အာဆင်နယ်က ၆၅ကြိမ်နဲ့ အဆင့် ၂၀ ဖြစ်နေတာကိုတွေ့ရပါတယ်။

အာဆင်နယ်ရဲ့ စိတ်ပျက်စရာ အခြေအနေတွေကို မြင်တွေ့ခဲ့ရတဲ့နောက် အမှုဆောင်ချုပ် ဗင်ကာတက်စ်ဟမ်ဟာ အာဆင်ဝင်းဂါးကို အမ်းမရိတ်စ် ထံ ပြန်ခေါ်နိုင်အောင် ဆွဲဆောင်ဖို့အတွက် သူ့ဆီ အလည်သွားခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ် ဂန္တဝင် တိုနီအဒမ်က မြောက်လန်ဒန်ဒါဘီမှာ ဟက်တာ ဘယ်လာရဲ့ ခံစစ် ကစားပုံကို ဝေဖန်ပြစ်တင်ခဲ့ပြီး အရင်ဆုံး ကိုယ့် အလုပ် ကိုယ် လုပ်ပြီး နောက်ခံလူကောင်းတစ်ယောက်ဖြစ်အောင် လေ့လာလိုက်ဦးလို့ ပြောဆိုခဲ့ပါတယ်။

ကိန်း၊ ဆွန်ယောင်မင်တို့ရဲ့ ဂိုးတွေကြောင့် စပါးကို အရေးနိမ့်ခဲ့တဲ့နောက် အာတီတာဟာ ၁၉၆၆-၆၇ ရာသီတုန်းက ဘာတီမီးနောက်ပိုင်း ပထမဆုံး မြောက်လန်ဒန်ဒါဘီ ၂ ပွဲကို ရှုံးနိမ့်ခဲ့တဲ့ ဒုတိယမြောက် အာဆင်နယ် နည်းပြဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်တို့ ရှုံးပွဲတွေ့ခဲ့ပေမယ့်လဲ နည်းပြ အာတီတာကတော့ သူ့အသင်းဟာ သူ တောင်းဆိုသမျှ အရာအားလုံးကို လုပ်ပေးခဲ့တာပါလို့ ကာကွယ်ပြောဆိုခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့တာကတော့ ထိန်းချုပ်လို့မရတဲ့အရာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

စပါးနဲ့ပွဲမှာ ဟက်တာ ဘယ်လာရင်ဟာ ဒီရာသီလိဂ်မှာ သူ့ရဲ့ ၅ ကြိမ်မြောက် လက်ထိဘော ပြစ်ဒဏ်ကျူးလွန်မှု လုပ်ခဲ့သလို ပရီးမီးယားလိဂ် တစ်ခုလုံး ပေါင်းမှ အဲ့လို ကျူးလွန်မှုမျိုးက ဒီရာသီမှာ ၁၆ ကြိမ်သာ ရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ စပါးနဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၁၁ ကြိမ်ရှိခဲ့ပြီး အနိုင်ရခဲ့တဲ့ စပါးက ၆ကြိမ်သာရှိခဲ့သလို ဂိုးရှေ့မှာ တည်ငြိမ်မှု ပျောက်ဆုံး နေတဲ့ တိုက်စစ်ကို အာတီတာက စိတ်ပျက်နေခဲ့ပြီး အဆုံးသတ်ပိုင်း တိုးတက်ဖို့ လိုနေပြီလို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

Zawgyi – အာဆင်နယ်ဟာ စပါးနဲ့ပွဲမှာ ဒီရာသီ ၆ ပွဲမြောက် ရှုံးပွဲတွေ့ခဲ့သလို လိဂ်အဖွင့် ၁၁ ပွဲမှာ စုစုပေါင်း ၁၃ မှတ်သာ ရရှိခဲ့ပြီးတော့ ၁၉၈၁-၈၂ ရာသီမှာ ၁၂ မှတ်ရခဲ့တဲ့နောက်ပိုင်း ၃၉ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစဖြစ် စံချိန်တင်ခဲ့ပါတယ်။