ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (23/05/20)
မန်ချက်စတာယူနိုက်တက် နည်းပြ အဖြစ် တာဝန်ယူရတဲ့ ကိစ္စက ဖိအားတွေ ဝေဖန်မှုတွေ များစွာ ခံယူရတာ ရှိလို့ သိပ် ဂရုမစိုက်ဘဲ အရေထူဖို့တော့ လိုအပ်ကြောင်း နည်းပြ ဆိုးရှားက ဝန်ခံ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် အကယ်ဒမီထွက် လူငယ် ကစားသမားလေး ဒိုင်လန် လယ်ဗစ်ဟာ ရှေ့မှာ တောက်ပတဲ့ အနာဂတ်တွေ ရှိတဲ့ လူငယ်လေး ဖြစ်တယ်လို့ ရိုင်ယန်ဂစ်က ထောက်ခံလိုက်ပါတယ်။
ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ လီဗာကူဆင် တိုက်စစ်သမား ကိုင် ဟာဗက်ဇ်ဟာ ချယ်ဆီးအသင်း အတွက် ဟာဇက်နေရာ အစားထိုးဖို သင့်တော်တဲ့သူ ဖြစ်ကြောင်း ဘာဘာတော့ဗ်က တိုက်တွန်းလိုက်ပါတယ်။ ၎င်းကို ယူနိုက်တက်၊ ချယ်ဆီးနဲ့ လီဗာပူးတို့ အပြိုင် ချိတ်ဆက်နေကြတာပါ။
ယူနိုက်တက် ခံစစ်မှူး လုခ်ရှောက ဒီရာသီမှာ သူ့ ခြေစွမ်းပိုင်း တိုးတက် လာအောင် နည်းပြ ဆိုးရှားက အများကြီး ကူညီပေးခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဘောလုံးပွဲတွေ ပြန်စရင် ပါဝင်ကစားဖို့ ယူနိုက်တက် စုစည်းထားတဲ့ ကနဦး ၂၉ ယောက် လူစာရင်းမှာ စာချုပ်ကုန်တော့မယ့် အစ်ဟာလို၊ အိန်ဂျယ် ဂိုမက်စ်တို့ ထည့်သွင်းထားပေမယ့် ၎င်းတို့ အနာဂတ်က မရေရာသေးဘဲ ရှိနေပါတယ်။
ဂျူဗင်တပ်အသင်းဟာ ယူနိုက်တက် ကွင်းလယ် ပေါ့ဘာကို ခေါ်ယူဖို့ အတွက် ၎င်းရဲ့ အေးဂျင့် ရွိုင်းအိုလာနဲ့ ပြောဆိုဆွေးနွေးမှုတွေ စတင်နေပြီ လို့ ပြင်သစ် သတင်းတွေက ဖော်ထုတ်လိုက်ပါတယ်။
ဂျက် ဂရေးလစ်ချ် အတွက် တန်ကြေး ပေါင် သန်း ၈၀ အက်စတွန်ဗီလာက တောင်းဆိုနေပေမယ့် ၎င်း အတွက်ဆို တစ်ပြားက အစ ပေးရ ထိုက်တန်တယ်လို့ အသင်းဖော်ဟောင်း အလန်ဟက်တန်က ယူနိုက်တက်အား တိုက်တွန်းစကား ဆိုလိုက်ပါတယ်။
Zawgyi – မန်ချက်စတာယူနိုက်တက် နည်းပြ အဖြစ် တာဝန်ယူရတဲ့ ကိစ္စက ဖိအားတွေ ဝေဖန်မှုတွေ များစွာ ခံယူရတာ ရှိလို့ သိပ် ဂရုမစိုက်ဘဲ အရေထူဖို့တော့ လိုအပ်ကြောင်း နည်းပြ ဆိုးရှားက ၀န်ခံ ပြောဆိုခဲ့ပါတယ်။
ဘောလုံးပွဲတွေ ပြန်စရင် ပါဝင်ကစားဖို့ ယူနိုက်တက် စုစည်းထားတဲ့ ကနဦး ၂၉ ယောက် လူစာရင်းမှာ စာချုပ်ကုန်တော့မယ့် အစ်ဟာလို၊ အိန်ဂျယ် ဂိုမက်စ်တို့ ထည့်သွင်းထားပေမယ့် ၄င်းတို့ အနာဂတ်က မရေရာသေးဘဲ ရှိနေပါတယ်။
ဂျူဗင်တပ်အသင်းဟာ ယူနိုက်တက် ကွင်းလယ် ပေါ့ဘာကို ခေါ်ယူဖို့ အတွက် ၄င်းရဲ့ အေးဂျင့် ရွိုင်းအိုလာနဲ့ ပြောဆိုဆွေးနွေးမှုတွေ စတင်နေပြီ လို့ ပြင်သစ် သတင်းတွေက ဖော်ထုတ်လိုက်ပါတယ်။
ဂျက် ဂရေးလစ်ခ်ျ အတွက် တန်ကြေး ပေါင် သန်း ၈၀ အက်စတွန်ဗီလာက တောင်းဆိုနေပေမယ့် ၄င်း အတွက်ဆို တစ်ပြားက အစ ပေးရ ထိုက်တန်တယ်လို့ အသင်းဖော်ဟောင်း အလန်ဟက်တန်က ယူနိုက်တက်အား တိုက်တွန်းစကား ဆိုလိုက်ပါတယ်။