ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (07/12/20)

ဝက်စ်ဟမ်းနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ၄၅ မိနစ်အတွင်း အခွင့်အရေး ဖန်တီးမှု ၈ ကြိမ်လုပ်ခဲ့သလို ဒါဟာ ဒီရာသီ လိဂ်ပွဲတစ်ပွဲအတွင်းမှာ အများဆုံးပမာဏဖြစ်ခဲ့ပြီး ဒီဘရိုင်းရဲ့ ၆ ကြိမ် မှတ်တမ်းဟောင်းကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်နဲ့ ပွဲမှာ ယူနိုက်တက်ဟာ တိုက်စစ်မှာ ဂရင်းဝုဒ်နဲ့ ရက်ဖို့ဒ်တို့ကို တွဲကာ ပွဲထုတ်လာဖွယ် ရှိကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ထုတ်ထားပါတယ်။

မန်ယူနိုက်တက်ဟာ အက်သလက်တီကို မက်ဒရစ် မှ ခံစစ်မှူး ထရစ်ပီယာကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း စကိုင်းစပေါ့သတင်းမှာ ဖော်ပြထားပါတယ်။

လူငယ် ကစားသမား ပယ်လစ္စထရီဟာ ယူနိုက်တက် လူငယ်အသင်းနဲ့ ကစားရင်း ပရီးမီးယားလိဂ် ၂ မှာ ကလပ်အသင်းအတွက် ပွဲဦးထွက် ဂိုးသွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၎င်းက ဆောက်သမ်တန်နဲ့ ပွဲမှာ သွင်းယူသွားခဲ့တာပါ။

ယူနိုက်တက်ဟာ နောက်ဆုံးလိဂ်အဝေးကွင်း ၅ ပွဲလုံးကို အနိုင်ရခဲ့ပေမယ့် အဲ့ဒီ့ပွဲတိုင်းမှာ ပြိုင်ဘက်တွေကို အရင်ဂိုးပေးခဲ့ရတာဖြစ်သလို မိမိတို့အသင်းအနေနဲ့ ရည်မှန်းချက်တွေ အောင်မြင်ချင်ရင် ခံစစ်ပိုင်းက ပိုပြီးတောင့်တင်းခိုင်မာဖို့လိုတယ်လို့ ရက်ရှ်ဖို့ဒ်က ဆိုပါတယ်။

လာမယ့် ရက်များအတွင်းမှာ ယူနိုက်တက်က လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲ၊ စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲ စတဲ့ အဆုံးအဖြတ် ပွဲကောင်းတွေ ရှိနေတာကြောင့် နိုင်လိုစိတ် အပြည့်နဲ့ ရင်ဆိုင်ကစားဖို့ ပြင်ဆင်ထားကြရန် ပေါ့ဘာက အသင်းဖော်တွေအား တိုက်တွန်းလိုက်ပါတယ်။

Zawgyi – ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ၄၅ မိနစ္အတြင္း အခြင့္အေရး ဖန္တီးမႈ ၈ ႀကိမ္လုပ္ခဲ့သလို ဒါဟာ ဒီရာသီ လိဂ္ပြဲတစ္ပြဲအတြင္းမွာ အမ်ားဆုံးပမာဏျဖစ္ခဲ့ၿပီး ဒီဘ႐ိုင္းရဲ႕ ၆ ႀကိမ္ မွတ္တမ္းေဟာင္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လိုက္ပ္ဇစ္နဲ႕ ပြဲမွာ ယူနိုက္တက္ဟာ တိုက္စစ္မွာ ဂရင္း၀ုဒ္နဲ႕ ရက္ဖုိ႔ဒ္တို႔ကို တြဲကာ ပြဲထုတ္လာဖြယ္ ရွိေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေဖာ္ထုတ္ထားပါတယ္။

မန္ယူနိုက္တက္ဟာ အက္သလက္တီကို မက္ဒရစ္ မွ ခံစစ္မွဴး ထရစ္ပီယာကို ေခၚယူဖို႔ မ်က္စိက်ေနေၾကာင္း စကိုင္းစေပါ့သတင္းမွာ ေဖာ္ျပထားပါတယ္။

လူငယ္ ကစားသမား ပယ္လစၥထရီဟာ ယူနိုက္တက္ လူငယ္အသင္းနဲ႕ ကစားရင္း ပရီးမီးယားလိဂ္ ၂ မွာ ကလပ္အသင္းအတြက္ ပြဲဦးထြက္ ဂိုးသြင္းနုိင္ခဲ့ျပီ ျဖစ္ပါတယ္။ ၄င္းက ေဆာက္သမ္တန္နဲ႕ ပြဲမွာ သြင္းယူသြားခဲ့တာပါ။

ယူႏိုက္တက္ဟာ ေနာက္ဆုံးလိဂ္အေဝးကြင္း ၅ ပြဲလုံးကို အႏိုင္ရခဲ့ေပမယ့္ အဲ့ဒီ့ပြဲတိုင္းမွာ ၿပိဳင္ဘက္ေတြကို အရင္ဂိုးေပးခဲ့ရတာျဖစ္သလို မိမိတို႔အသင္းအေနနဲ႔ ရည္မွန္းခ်က္ေတြ ေအာင္ျမင္ခ်င္ရင္ ခံစစ္ပိုင္းက ပိုၿပီးေတာင့္တင္းခိုင္မာဖို႔လိုတယ္လို႔ ရက္ရွ္ဖို႔ဒ္က ဆိုပါတယ္။

လာမယ့္ ရက္မ်ားအတြင္းမွာ ယူနိုက္တက္က လိုက္ပ္ဇစ္နဲ႕ ခ်န္ပီယံလိဂ္ပြဲ၊ စီးတီးနဲ႕ ပရီးမီးယားလိဂ္ပြဲ စတဲ့ အဆံုးအျဖတ္ ပြဲေကာင္းေတြ ရွိေနတာေၾကာင့္ နုိင္လိုစိတ္ အျပည့္နဲ႕ ရင္ဆိုင္ကစားဖို႔ ျပင္ဆင္ထားၾကရန္ ေပါ့ဘာက အသင္းေဖာ္ေတြအား တိုက္တြန္းလိုက္ပါတယ္။