လီဗာပူးဂန္တဝင် ဂျေမီကာရေဂါက ချယ်ဆီးအသင်းကို ချီးကျူးမှုလုပ်ခဲ့ပြီး လမ်းပတ်ရဲ့ တပ်သားတွေဟာ ပရီးမီးယားလိဂ်က ဘယ်အသင်းကိုမဆို ယှဉ်ပြိုင်ဖို့ အင်အားတောင့်တင်းမှုရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
မန်ဒီရောက်လာတဲ့နောက် အသင်းမှာ နေရာပျောက်သွားတဲ့ ကီပါဟာ လေ့ကျင့်ရေးမှာ ကောင်းကောင်းလုပ်နေပြီး မန်ဒီကိုလဲ ပံ့ပိုး ပေးနိုင်ခဲ့တာကြောင့် ခရက်စ်နိုဒါနဲ့ ချန်ပီယံလိဂ်မှာ ပွဲထွက်ရမှာဖြစ်ကြောင်းလမ်းပတ်က အတည်ပြုပြောကြားခဲ့ပါတဘ်။
ဟာကင်ဇီယက်ခ်ျဟာ လိဒ်စ်ကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ မိနစ် ၃၀ သာ ကစားခဲ့ရပြီး တံကောက်ကြောဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာ ခဲ့ရသလို လမ်းပတ်ကတော့ အကြာကြီး မနားရမယ့် အသေးစားဒဏ်ရာပဲဖြစ်ဖို့မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
အိုဒွိုင်းဟာ ပြီးခဲ့တဲ့ ၅ ပတ်အတွင်း လိဂ်မှာ ၁၄ မိနစ်သာ ကစားခဲ့ရတဲ့နောက် ကစားချိန် ပိုရရေးအတွက် အသင်းပြောင်းဖို့ဆန္ဒရှိနေပေမယ့် ချယ်ဆိးကတော့ ဇန်နဝါရီမှာ သူ့အတွက် ကမ်းလှမ်းလာမယ့်သူတွေကို ငြင်းပယ်သွားဖို့ အသင့်ရှိနေပါတယ်။
တိုမိုရီဟာ နွေရာသီမှာ အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့ပြီး အသင်းမှာ နေရာရအောင် ဆက်လက်တိုက်ပွဲဝင်ဖို့ ရွေးချယ်ခဲ့ပေမယ့် လုံလောက်တဲ့ ကစားခွင့်ကို မရခဲ့တာနဲ့အတူ ဆုံးဖြတ်ချက်ကိုပြင်ပြီး ဇန်နဝါရီမှာအငှားထွက်ကစားဖို့ စဉ်းစားနေပါတယ်။
ချယ်ဆီးဟာ သီယာဂိုဆေးဗားကိုခေါ်ယူခဲ့ပေမယ့် သူက အသင်းခံစစ်အတွက် ရေရှည် ဖြေရှင်းချက်မဟုတ်သလို သူတို့ ချိတ်ဆက်ခဲ့ဖူးတဲ့ အေတီကို နောက်ခံလူ ဂျီမီနက်က တနေ့မှာ ချယ်ဆီးထံ ပြောင်းရွှေ့နိုင်တယ်လို့ အရိပ်အမြွက် ပေးခဲ့ပါတယ်။
ဟားဗတ်နဲ့ တီမိုဗာနာတို့ရဲ့ မကြာသေးမီက ဆိုးရွားတဲ့ပုံစံတွေနဲ့ ပတ်သက်လို့ လမ်းပတ်ကတော့ စိုးရိမ်မှုရှိမနေပဲ သူတို့ဟာ အနာဂတ်မှာ ကလပ် အတွက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်လာလိမ့်မယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။
ချယ်ဆီးက ဖလားအောင်မြင်ဖို့ ရေပန်းစားနေတယ်ဆိုတဲ့ ကလော့ပ်ရဲ့မှတ်ချက် စကားအပေါ် လမ်းပတ်က လျှောချပြောဆိုခဲ့ပြီး သူတို့ဟာ စီးတီးနဲ့ လီဗာပူးတို့ရဲ့ ခြေရာကိုနင်းဖို့ ကြိုးစားနေဆဲသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါတယ်။
Zawgyi – လီဗာပူးဂန္တဝင် ဂျေမီကာရေဂါက ချယ်ဆီးအသင်းကို ချီးကျူးမှုလုပ်ခဲ့ပြီး လမ်းပတ်ရဲ့ တပ်သားတွေဟာ ပရီးမီးယားလိဂ်က ဘယ်အသင်းကိုမဆို ယှဉ်ပြိုင်ဖို့ အင်အားတောင့်တင်းမှုရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။