အာဆင်နယ်ဟာ တိုက်စစ်ပိုင်းမှာ ရုန်းကန်နေရတာဟာ ဖန်တီးနိုင်စွမ်းရှိတဲ့ ကွင်းလယ်လူ မရှိလို့ဖြစ်တယ်လို့ ယာယီနည်းပြဟောင်း ယွန်းဘတ်က ထင်မြင်နေပြီး အိုဇေးကို ကစားသမားမျိုးကို အခုချိန်မှာ အာတီတာ လိုအပ်နေတယ်လို့ အကြံပေးခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်ဖြစ်တဲ့ ပီယာ့စ် မော်ဂန်က အိုဇေးကို ပြင်းပြင်းထန်ထန် ဝေဖန်မှု လုပ်ခဲ့ပြီး ဂျာမန်ကွင်းလယ်လူဟာ လစာအများကြီးပေးရပြီး ဘာခြေစွမ်းမှ မပြနိုင်တဲ့ အာဆင်နယ်ရဲ့ ပေါလ်ပေါ့ဘာ ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ ပြောဆိုခဲ့ပါတယ်။
စပါးနဲ့ ပွဲမှာ အာဆင်နယ်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားခွင့်ရခဲ့ပေမယ့် တချိန်လုံး ခံစစ်ဆော့နေတဲ့ စပါးက တန်ပြန်တိုက်စစ် ၂ ကြိမ် ကနေ ဂိုးရယူခဲ့သလို သူတို့ရဲ့ နည်းဗျူဟာက ဂန်းနားတွေထက် သာလွန်ခဲ့တယ်လို့ ယွန်းဘတ်က ဝန်ခံခဲ့ပါတယ်။
အိုဇေးဟာ အာဆင်နယ်မှာ နောက်နွေရာသီအထိ စာချုပ်သက်တမ်းရှိထားပေမယ့် တူရကီဘီလူး ဖီနာဘာချီက ဇန်နဝါရီမှာ ခေါ်ယူမှုလုပ်မှာဖြစ်ပြီး ၎င်းက စူပါလီဂါမှာ ကစားရဖို့ ၉၀% သေချာနေပြီလို့ ဖီနာဘာချီရဲ့ မူရတ်ဇိုလူက ပြောဆိုခဲ့ပါတယ်။
မြောက်လန်ဒန်ဒါဘီမှာ စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့တဲ့နောက် အာဆင်နယ်ရဲ့ အဓိက ပြဿနာက ဂိုးရှေ့မှာ တည်ငြိမ်မှုပျောက်ဆုံးနေတာဖြစ်ပြီး မကြာခင်မှာ ကံကောင်းစွာနဲ့ တဆစ်ချိုး အပြောင်းအလဲဖြစ်လာဖို့ မျှော်လင့်ကြောင်း ရော့ဘ်ဟိုးဒင်းဆိုပါတယ်။
အာဆင်နယ်ရဲ့ ဖန်တီးနိုင်စွမ်းကင်းမဲ့တဲ့ပြဿနာအတွက် အိုဇေးက အဖြေမဟုတ်ဘူးလို့ ဂျေမီကာရေဂါက ပြောဆိုခဲ့ပြီး ဂန်းနားတွေအနေနဲ့ ပိုကောင်းတဲ့ အနာဂတ်မတိုင်ခင် ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ်ဟာ ကွင်းလယ်ဖန်တီးမှုအပိုင်းမှာ အားဖြည့်ဖို့ လိုအပ်နေတာဖြစ်သလို သူတို့ပစ်မှတ်ထားနေတဲ့ ဆဲလ်ဘက်ကြယ်ပွင့်ကို ဇန်နဝါရီမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင်၂၂.၅သန်းပေးပြီးခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိလာမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ရက်ပစ်ဗီယင်နာနဲ့ပွဲမှာ ပြိုင်ဘက်ဧည့်သည် အသင်းနဲ့ အရောင် မတူပေမယ့်လဲ အဝေးကွင်းဝတ်စုံကို ရွေးချယ်ခဲ့တဲ့အပေါ် ပီတာခရော့ခ်ျက ဝေဖန်ခဲ့ပြီး အိမ်ကွင်းမှာ ရိုးရာဝတ်စုံ အနီနဲ့အဖြူကိုပဲ ရွေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Zawgyi – အာဆင္နယ္ဟာ တိုက္စစ္ပိုင္းမွာ ႐ုန္းကန္ေနရတာဟာ ဖန္တီးႏိုင္စြမ္းရွိတဲ့ ကြင္းလယ္လူ မရွိလို႔ျဖစ္တယ္လို႔ ယာယီနည္းျပေဟာင္း ယြန္းဘတ္က ထင္ျမင္ေနၿပီး အိုေဇးကို ကစားသမားမ်ိဳးကို အခုခ်ိန္မွာ အာတီတာ လိုအပ္ေနတယ္လို႔ အႀကံေပးခဲ့ပါတယ္။
အာဆင္နယ္ပရိသတ္ျဖစ္တဲ့ ပီယာ့စ္ ေမာ္ဂန္က အိုေဇးကို ျပင္းျပင္းထန္ထန္ ေဝဖန္မႈ လုပ္ခဲ့ၿပီး ဂ်ာမန္ကြင္းလယ္လူဟာ လစာအမ်ားႀကီးေပးရၿပီး ဘာေျခစြမ္းမွ မျပႏိုင္တဲ့ အာဆင္နယ္ရဲ႕ ေပါလ္ေပါ့ဘာ ျဖစ္တယ္လို႔ ဆိုရွယ္မီဒီယာမွာ ေျပာဆိုခဲ့ပါတယ္။
စပါးနဲ႔ ပြဲမွာ အာဆင္နယ္ဟာ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ကစားခြင့္ရခဲ့ေပမယ့္ တခ်ိန္လုံး ခံစစ္ေဆာ့ေနတဲ့ စပါးက တန္ျပန္တိုက္စစ္ ၂ ႀကိမ္ ကေန ဂိုးရယူခဲ့သလို သူတို႔ရဲ႕ နည္းဗ်ဴဟာက ဂန္းနားေတြထက္ သာလြန္ခဲ့တယ္လို႔ ယြန္းဘတ္က ဝန္ခံခဲ့ပါတယ္။
အိုေဇးဟာ အာဆင္နယ္မွာ ေနာက္ေႏြရာသီအထိ စာခ်ဳပ္သက္တမ္းရွိထားေပမယ့္ တူရကီဘီလူး ဖီနာဘာခ်ီက ဇန္နဝါရီမွာ ေခၚယူမႈလုပ္မွာျဖစ္ၿပီး ၎က စူပါလီဂါမွာ ကစားရဖို႔ ၉၀% ေသခ်ာေနၿပီလို႔ ဖီနာဘာခ်ီရဲ႕ မူရတ္ဇိုလူက ေျပာဆိုခဲ့ပါတယ္။
ေျမာက္လန္ဒန္ဒါဘီမွာ စိတ္ပ်က္ဖြယ္ရႈံးနိမ့္ခဲ့တဲ့ေနာက္ အာဆင္နယ္ရဲ႕ အဓိက ျပႆနာက ဂိုးေရွ႕မွာ တည္ၿငိမ္မႈေပ်ာက္ဆုံးေနတာျဖစ္ၿပီး မၾကာခင္မွာ ကံေကာင္းစြာနဲ႔ တဆစ္ခ်ိဳး အေျပာင္းအလဲျဖစ္လာဖို႔ ေမွ်ာ္လင့္ေၾကာင္း ေရာ့ဘ္ဟိုးဒင္းဆိုပါတယ္။
အာဆင္နယ္ရဲ႕ ဖန္တီးႏိုင္စြမ္းကင္းမဲ့တဲ့ျပႆနာအတြက္ အိုေဇးက အေျဖမဟုတ္ဘူးလို႔ ေဂ်မီကာေရဂါက ေျပာဆိုခဲ့ၿပီး ဂန္းနားေတြအေနနဲ႔ ပိုေကာင္းတဲ့ အနာဂတ္မတိုင္ခင္ ခက္ခဲတဲ့အခ်ိန္ေတြကို ေက်ာ္ျဖတ္ရလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
အာဆင္နယ္ဟာ ကြင္းလယ္ဖန္တီးမႈအပိုင္းမွာ အားျဖည့္ဖို႔ လိုအပ္ေနတာျဖစ္သလို သူတို႔ပစ္မွတ္ထားေနတဲ့ ဆဲလ္ဘက္ၾကယ္ပြင့္ကို ဇန္နဝါရီမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္၂၂.၅သန္းေပးၿပီးေခၚယူႏိုင္မယ့္ အခြင့္အေရး ရွိလာမွာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ရက္ပစ္ဗီယင္နာနဲ႔ပြဲမွာ ၿပိဳင္ဘက္ဧည့္သည္ အသင္းနဲ႔ အေရာင္ မတူေပမယ့္လဲ အေဝးကြင္းဝတ္စုံကို ေ႐ြးခ်ယ္ခဲ့တဲ့အေပၚ ပီတာခေရာ့ခ္်က ေဝဖန္ခဲ့ၿပီး အိမ္ကြင္းမွာ ႐ိုးရာဝတ္စုံ အနီနဲ႔အျဖဴကိုပဲ ေ႐ြးသင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။