ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ လိုက်ပ်ဇစ်နဲ့ ပွဲမှာ မလိုအပ်တဲ့ စွန့်စားမှုတွေ ပြုလုပ်မှာ မဟုတ်ဘဲ အဆုံးအဖြတ်ကောင်းတွေနဲ့ အရည်အသွေးကောင်းတွေကိုသာ ပြသသွားမယ်လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။
ပေါ့ဘာနဲ့ မန် ယူနိုက်တက်ရဲ့ ဇာတ်လမ်းက ပြီးဆုံးသွားပြီလို့ အေးဂျင့် ရွိုင်းအိုလာက ပြောဆိုခဲ့တဲ့နောက် ဂျေမီ ကာရေဂါကတော့ ပေါ့ဘာ ဟာ overrated အဖြစ်ဆုံး ကစားသမားပဲလို့ ထင်မြင်နေပြီး လက်လွှတ်လိုက်ဖို့ ပြောဆိုခဲ့ပါတယ်။
ပေါ့ဘာရဲ့ အသင်းပြောင်းချင်နေပြီ ဆိုတဲ့ သတင်းကို အေးဂျင့် ရွိုင်းအိုလာက အသင်း တည်ငြိမ်အောင် ထိန်းသိမ်းနေရတဲ့ အချိန်မှာ ထုတ်ပြောခဲ့တာကြောင့် ယူနိုက်တက် အကြီးအကဲပိုင်းက အလွန်အမင်း ဒေါသထွက်နေတယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဆိုပါတယ်။
ယူနိုက်တက် ခံစစ်မှူး ဖိုဆုမန်ဆာက ဗန်ဒီဘိခ်တစ်ယောက် အသင်း ပြောင်းမလာခင်က မန်ချက်စတာကလပ်ဟာ အသင်းကြီး အသင်းကောင်း ဖြစ်ပြီး ပြောင်းရွှေ့လာဖို့ နိုင်ငံအသင်းဖော် ကွင်းလယ်သမားကို အကြံပေး တိုက်တွန်းခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အနားပေးခံထားခဲ့ရတဲ့ ဂိုးသမား ဒီဂီယာ က လိုက်ပ်ဇစ်နဲ့ ပွဲမှာ ပြန်ပါဝင်လာ မလား အမေးကို ဆိုးရှားက မဖြေကြားခဲ့ပေမယ့် ဂျာမနီ ကို ဒီဂီယာ လိုက်ပါလာမယ်လို့ အသိပေးခဲ့ပါတယ်။
ပြင်သစ်သား ကွင်းလယ်သမား ပေါ့ဘာဟာ ယူနိုက်တက် ကွင်းလယ်မှာ တိုက်စစ် ပိုလိုက်ပါရတဲ့ ဖာနန်ဒက်စ် နေရာမှာ ကစားလိုနေပြီး ကွင်းလယ်မှာ ခံစစ် ပိုကူရတဲ့ သူ့ အနေအထားကို မနှစ်ခြိုက်ဘဲ ဖြစ်နေတယ်လို့ တယ်လီဂရပ်ဖ် သတင်းက ဖော်ပြထားပါတယ်။
ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီနဲ့ မာရှယ် တို့ နှစ်ဦးလုံးဟာ အနည်းငယ် ကိုက်ခဲနာကျင်မှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် ဂျာမနီသို့ လိုက်ပါ မလာခဲ့ဘဲ ချန်နေရစ်ခဲ့ပါတယ်။
Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ လိုက္ပ္ဇစ္နဲ႕ ပြဲမွာ မလိုအပ္တဲ့ စြန္႔စားမႈေတြ ျပဳလုပ္မွာ မဟုတ္ဘဲ အဆံုးအျဖတ္ ေကာင္းေတြနဲ႕ အရည္အေသြးေကာင္းေတြကိုသာ ျပသသြားမယ္လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။
ေပါ့ဘာနဲ႔ မန္ ယူႏိုက္တက္ရဲ႕ ဇာတ္လမ္းက ၿပီးဆုံးသြားၿပီလို႔ ေအးဂ်င့္ ႐ြိဳင္းအိုလာက ေျပာဆိုခဲ့တဲ့ေနာက္ ေဂ်မီ ကာေရဂါကေတာ့ ေပါ့ဘာ ဟာ overrated အျဖစ္ဆုံး ကစားသမားပဲလို႔ ထင္ျမင္ေနၿပီး လက္လႊတ္လိုက္ဖို႔ ေျပာဆိုခဲ့ပါတယ္။
ေပါ့ဘာရဲ႕ အသင္းေျပာင္းခ်င္ေနျပီ ဆိုတဲ့ သတင္းကို ေအးဂ်င့္ ရြိဳင္းအိုလာက အသင္း တည္ျငိမ္ေအာင္ ထိန္းသိမ္းေနရတဲ့ အခ်ိန္မွာ ထုတ္ေျပာခဲ့တာေၾကာင့္ ယူနိုက္တက္ အၾကီးအကဲပိုင္းက အလြန္အမင္း ေဒါသထြက္ေနတယ္လို႔ မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ဆိုပါတယ္။
ယူနိုက္တက္ ခံစစ္မွဴး ဖိုဆုမန္ဆာက ဗန္ဒီဘိခ္တစ္ေယာက္ အသင္း ေျပာင္းမလာခင္က မန္ခ်က္စတာကလပ္ဟာ အသင္းၾကီး အသင္းေကာင္း ျဖစ္ျပီး ေျပာင္းေရႊ႕လာဖို႔ နိုင္ငံအသင္းေဖာ္ ကြင္းလယ္သမားကို အၾကံေပး တိုက္တြန္းခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
ျပီးခဲ့တဲ့ ၀က္စ္ဟမ္းနဲ႕ ပြဲမွာ အနားေပးခံထားခဲ့ရတဲ့ ဂိုးသမား ဒီဂီယာ က လိုက္ပ္ဇစ္နဲ႕ ပြဲမွာ ျပန္ပါ၀င္လာ မလား အေမးကို ဆိုးရွားက မေျဖၾကားခဲ့ေပမယ့္ ဂ်ာမနီ ကို ဒီဂီယာ လိုက္ပါလာမယ္လို႔ အသိေပးခဲ့ပါတယ္။
ျပင္သစ္သား ကြင္းလယ္သမား ေပါ့ဘာဟာ ယူနိုက္တက္ ကြင္းလယ္မွာ တိုက္စစ္ ပိုလိုက္ပါရတဲ့ ဖာနန္ဒက္စ္ ေနရာမွာ ကစားလိုေနျပီး ကြင္းလယ္မွာ ခံစစ္ ပိုကူရတဲ့ သူ႔ အေနအထားကို မနွစ္ျခိဳက္ဘဲ ျဖစ္ေနတယ္လို႔ တယ္လီဂရပ္ဖ္ သတင္းက ေဖာ္ျပထားပါတယ္။
ယူနိုက္တက္ တိုက္စစ္မွဴး ကာဗာနီနဲ႕ မာရွယ္ တို႔ နွစ္ဦးလံုးဟာ အနည္းငယ္ ကိုက္ခဲနာက်င္မႈေတြ ရွိေနဆဲ ျဖစ္တာေၾကာင့္ ဂ်ာမနီသို႔ လိုက္ပါ မလာခဲ့ဘဲ ခ်န္ေနရစ္ခဲ့ပါတယ္။