ယေန႔ နံနက္ခင္း ေနာက္ဆံုးရ အာဆင္နယ္ သတင္းတိုမ်ား (09/12/20)

အာဆင်နယ်ဟာ အေစီမီလန်ကွင်းလယ်လူ ဖရန့် ကက်ဆီကို စိတ်ဝင်စားနေတယ်လို့ သိရပြီး ၎င်းဟာ စာချုပ်သက်တမ်း ၁၈ လသာ ကျန်တော့တာကြောင့် သက်တမ်းမတိုးဖြစ်ရင် နောက်နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်မှာဖြစ်ပါတယ်။

စပါးနဲ့ပွဲမှာ အာဆင်နယ်ဟာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ဖန်တီးမှုကင်းမဲ့နေခဲ့သလို သူ့အသင်းက ကောင်းကောင်း ကစားခဲ့တယ်ဆိုတဲ့ အာတီတာရဲ့ စကားကို ဂျေမီ ကာရေဂါက ငြင်းဆိုခဲ့ပြီး သူတို့ရဲ့ကစားပုံက ဖရိုဖရဲဖြစ်နေခဲ့တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဇာတ်လမ်းပြီးဆုံးသွားပြီဖြစ်တဲ့ အိုဇေးဟာ ဇန်နဝါရီ ဒါမှမဟုတ် ရာသီကုန်မှာ အသင်းကနေထွက်ခွာဖို့ စဉ်းစားနေတာဖြစ်သလို မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်က သူ့ကို အလေးအနက် ကမ်းလှမ်းမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဂိုးမိုးခေါင်နေတဲ့ အူဘာမီးယန်းဟာ သူ့ရဲ့ အရည်အချင်းနဲ့ ဦးဆောင်နိုင်စွမ်းအပေါ် မေးခွန်းထုတ်မှုတွေ ရှိလာတဲ့နောက် ‘မပုန်းရှောင်နဲ့၊ နေ့တိုင်း ကိုယ့်ကိုယ်ကို ဝေဖန်၊ အရှုံးမပေးနဲ့ကြိုးစာ၊ဒါက ငါတို့လုပ်တဲ့ပုံစံပဲ’လို့ တွစ်တာပေါ်ကနေ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ရက်ဘူးဆဲလ်ဘက်နည်းပြ ဂျက်ဆီမက်ခ်ျက အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဆိုဘော့စလေးဟာ နောက်လမှာ အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိတာကို ဝန်ခံခဲ့ပြီး သူ့ကိုစိတ်ဝင်စားသူတွေ များစွာရှိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဒီရာသီ အာဆင်နယ်ရဲ့ ရုန်းကန်ရမှုတွေအတွက် အာတီတာကိုပဲ အပြစ်ပုံချလို့ မရဘူးလို့ ကာရေဂါက ထင်မြင်နေပြီး မြောက်လန်ဒန် ကလပ်အနေနဲ့ သူတို့ရဲ့လူသစ်ခေါ်ယူမှု ပေါ်လစီကို သေချာပြန်သုံးသပ်ဖို့ လိုနေပြီလို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

အူဘာမီးယန်းဟာ လေယာဉ်ကွင်းမှာ အိပ်ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အာဖရိက ဘောလုံးအဖွဲ့အစည်းရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့ စော်ကား သိက္ခာချတဲ့ စကားတွေ ပြောခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ ၁သောင်း ဒဏ်ရိုက်ဖို့ အဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

မာတင် နယ်လီဟာ မနေ့က ဝင်ဘလီဒန်ကို ၃-ဝနဲ့ ရှုံးခဲ့တဲ့ပွဲမှာ အာဆင်နယ် ယူ၂၁ အတွက် ပါဝင်ကစားပေးခဲ့ပြီး ဒါဟာ ဒူးဒဏ်ရာ ရပြီးနောက် ဒီရာသီသူ့ရဲ့ပထမဆုံးပွဲဖြစ်ခဲ့သလို ပွဲအပြီးမှာ သူ့ဒဏ်ရာပြန်ကောင်းလာအောင်ကူညီပေးခဲ့တဲ့ အသင်းဝန်ထမ်းတွေကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ဟာ ေအစီမီလန္ကြင္းလယ္လူ ဖရန႔္ ကက္ဆီကို စိတ္ဝင္စားေနတယ္လို႔ သိရၿပီး ၎ဟာ စာခ်ဳပ္သက္တမ္း ၁၈ လသာ က်န္ေတာ့တာေၾကာင့္ သက္တမ္းမတိုးျဖစ္ရင္ ေနာက္ေႏြရာသီမွာ အသင္းကေန ထြက္ခြာႏိုင္မွာျဖစ္ပါတယ္။

စပါးနဲ႔ပြဲမွာ အာဆင္နယ္ဟာ ဂိုးရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ဖန္တီးမႈကင္းမဲ့ေနခဲ့သလို သူ႔အသင္းက ေကာင္းေကာင္း ကစားခဲ့တယ္ဆိုတဲ့ အာတီတာရဲ႕ စကားကို ေဂ်မီ ကာေရဂါက ျငင္းဆိုခဲ့ၿပီး သူတို႔ရဲ႕ကစားပုံက ဖ႐ိုဖရဲျဖစ္ေနခဲ့တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္နဲ႔ ဇာတ္လမ္းၿပီးဆုံးသြားၿပီျဖစ္တဲ့ အိုေဇးဟာ ဇန္နဝါရီ ဒါမွမဟုတ္ ရာသီကုန္မွာ အသင္းကေနထြက္ခြာဖို႔ စဥ္းစားေနတာျဖစ္သလို ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္က သူ႔ကို အေလးအနက္ ကမ္းလွမ္းမႈလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ဂိုးမိုးေခါင္ေနတဲ့ အူဘာမီးယန္းဟာ သူ႔ရဲ႕ အရည္အခ်င္းနဲ႔ ဦးေဆာင္ႏိုင္စြမ္းအေပၚ ေမးခြန္းထုတ္မႈေတြ ရွိလာတဲ့ေနာက္ ‘မပုန္းေရွာင္နဲ႔၊ ေန႔တိုင္း ကိုယ့္ကိုယ္ကို ေဝဖန္၊ အရႈံးမေပးနဲ႔ႀကိဳးစာ၊ဒါက ငါတို႔လုပ္တဲ့ပုံစံပဲ’လို႔ တြစ္တာေပၚကေန တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

ရက္ဘူးဆဲလ္ဘက္နည္းျပ ဂ်က္ဆီမက္ခ္်က အာဆင္နယ္ ပစ္မွတ္ထားေနတဲ့ ဆိုေဘာ့စေလးဟာ ေနာက္လမွာ အသင္းကေန ထြက္ခြာႏိုင္ဖြယ္ ရွိတာကို ဝန္ခံခဲ့ၿပီး သူ႔ကိုစိတ္ဝင္စားသူေတြ မ်ားစြာရွိေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

ဒီရာသီ အာဆင္နယ္ရဲ႕ ႐ုန္းကန္ရမႈေတြအတြက္ အာတီတာကိုပဲ အျပစ္ပုံခ်လို႔ မရဘူးလို႔ ကာေရဂါက ထင္ျမင္ေနၿပီး ေျမာက္လန္ဒန္ ကလပ္အေနနဲ႔ သူတို႔ရဲ႕လူသစ္ေခၚယူမႈ ေပၚလစီကို ေသခ်ာျပန္သုံးသပ္ဖို႔ လိုေနၿပီလို႔ ေထာက္ျပေျပာဆိုခဲ့ပါတယ္။

အူဘာမီးယန္းဟာ ေလယာဥ္ကြင္းမွာ အိပ္ရတဲ့ကိစၥနဲ႔ ပတ္သက္လို႔ အာဖရိက ေဘာလုံးအဖြဲ႕အစည္းရဲ႕ပုံရိပ္ကို ထိခိုက္ေစတဲ့ ေစာ္ကား သိကၡာခ်တဲ့ စကားေတြ ေျပာခဲ့တဲ့အတြက္ အေမရိကန္ေဒၚလာ ၁ေသာင္း ဒဏ္႐ိုက္ဖို႔ အဖြဲ႕ခ်ဳပ္က ဆုံးျဖတ္ခဲ့ပါတယ္။

မာတင္ နယ္လီဟာ မေန႔က ဝင္ဘလီဒန္ကို ၃-၀နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ အာဆင္နယ္ ယူ၂၁ အတြက္ ပါဝင္ကစားေပးခဲ့ၿပီး ဒါဟာ ဒူးဒဏ္ရာ ရၿပီးေနာက္ ဒီရာသီသူ႔ရဲ႕ပထမဆုံးပြဲျဖစ္ခဲ့သလို ပြဲအၿပီးမွာ သူ႔ဒဏ္ရာျပန္ေကာင္းလာေအာင္ကူညီေပးခဲ့တဲ့ အသင္းဝန္ထမ္းေတြကို ေက်းဇူးတင္စကား ဆိုခဲ့ပါတယ္။