ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (09/12/20)

ချန်ပီယံလိဂ် ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာရတာက ကမ္ဘာပျက်ကပ် ဆိုက်သွားတာ မဟုတ်ဘဲ ဒါမျိုး ဆာအဲလက်စ် ရှိစဉ်ကလည်း ကြုံဖူးတာ ဖြစ်လို့ ပရိသတ်တွေ မှတ်မိဦးမယ် ယုံကြည်ကြောင်း ဖီးနဗီးလ်ကတော့ ဖြေသိမ့်လိုက်ပါတယ်။

လိုက်ပ်ဇစ်ရဲ့ တတိယဂိုး ကို ခွင့်ပြုလိုက်ရတာက ယူနိုက်တက် ဂိုးသမား ဒီဂီယာ အနာမခံလိုဘဲ နောက်ဆုတ်လိုက်တာကြောင့် စပိန်သားဟာ အသင်းကို ပြိုင်ပွဲက ထွက်ခွာစေတဲ့ အပြစ်သားလို ဖြစ်ခဲ့ပြီလို့ ပေါစခိုးလ်ကတော့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်းမှာ နေရာရဖို့ ဆိုရင် ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန် အနေနဲ့ ပုံမှန် ပွဲကစားခွင့် ရမယ့် ကလပ်အသင်း တစ်သင်းသင်းထံ ပြောင်းရွှေ့သင့်ကြောင်း ဒေးဗစ် ဆီးမန်းက တိုက်တွန်းခဲ့ပါတယ်။

မီးလောင်ရာ လေပင့်ပြီး အသင်းပြောင်းဖို့ လမ်းကြောင်းဖော်နေတဲ့ အေးဂျင့် ရွိုင်းအိုလာကို နည်းပြ ဆိုးရှားက အေးဂျင့် ဖြစ်သူက ပေါ့ဘာကို ချန်ပီယံကလပ် ပြောင်းစေမယ့် အစား ချန်ပီယံအသင်းသားလို ဘယ်လို ကစားမလဲ တည့်မတ် ပေးသင့်ကြောင်း တုန့်ပြန်စကား ဆိုလိုက်ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားက လိုက်ပ်ဇစ်ကို ရှုံးခဲ့တဲ့ အသင်းရဲ့ စိတ်ဓာတ်အပေါ် မေးခွန်းထုတ်ခဲ့ပေမယ့် ခံစစ် အမှားတွေကြောင့် ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာ ဖြစ်ကြောင်း ဝန်ခံခဲ့သလို ဒီထက်ပိုတိုးတက်အောင်လုပ်ဖို့လိုနေပြီလို့ ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်က ထွက်ခွာရ အပြီးမှာ ယူနိုက်တက်ရဲ့ အဝတ်လဲခန်းထဲ နည်းပြဆိုးရှားကို ဆက်လက် ထောက်ခံလိုသူနဲ့ အပြောင်းအလဲ အမြန်ဆုံး လုပ်စေလိုကြသူတွေ နှစ်စု ကွဲနေကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

Zawgyi – ခ်န္ပီယံလိဂ္ ျပိဳင္ပြဲကေန ေစာေစာစီးစီး ထြက္ခြာရတာက ကမၻာပ်က္ကပ္ ဆိုက္သြားတာ မဟုတ္ဘဲ ဒါမ်ိဳး ဆာအဲလက္စ္ ရွိစဥ္ကလည္း ၾကံဳဖူးတာ ျဖစ္လို႔ ပရိသတ္ေတြ မွတ္မိဦးမယ္ ယံုၾကည္ေၾကာင္း ဖီးနဗီးလ္ကေတာ့ ေျဖသိမ့္လိုက္ပါတယ္။

လိုက္ပ္ဇစ္ရဲ႕ တတိယဂိုး ကို ခြင့္ျပဳလုိုက္ရတာက ယူနိုက္တက္ ဂိုးသမား ဒီဂီယာ အနာမခံလိုဘဲ ေနာက္ဆုတ္လိုက္တာေၾကာင့္ စပိန္သားဟာ အသင္းကို ျပိဳင္ပြဲက ထြက္ခြာေစတဲ့ အျပစ္သားလို ျဖစ္ခဲ့ျပီလို႔ ေပါစခိုးလ္ကေတာ့ ေ၀ဖန္ေျပာဆိုခဲ့ပါတယ္။

အဂၤလန္ လက္ေရြးစင္ အသင္းမွာ ေနရာရဖို႔ ဆိုရင္ ယူနိုက္တက္ ဂိုးသမား ဒင္း ဟန္ဒါဆန္ အေနနဲ႕ ပံုမွန္ ပြဲကစားခြင့္ ရမယ့္ ကလပ္အသင္း တစ္သင္းသင္းထံ ေျပာင္းေရႊ႕သင့္ေၾကာင္း ေဒးဗစ္ ဆီးမန္းက တိုက္တြန္းခဲ့ပါတယ္။

မီးေလာင္ရာ ေလပင့္ျပီး အသင္းေျပာင္းဖို႔ လမ္းေၾကာင္းေဖာ္ေနတဲ့ ေအးဂ်င့္ ရြိဳင္းအိုလာကို နည္းျပ ဆိုးရွားက ေအးဂ်င့္ ျဖစ္သူက ေပါ့ဘာကို ခ်န္ပီယံကလပ္ ေျပာင္းေစမယ့္ အစား ခ်န္ပီယံအသင္းသားလို ဘယ္လို ကစားမလဲ တည့္မတ္ ေပးသင့္ေၾကာင္း တုန္႔ျပန္စကား ဆိုလိုက္ပါတယ္။

ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားက လိုက္ပ္ဇစ္ကို ရႈံးခဲ့တဲ့ အသင္းရဲ႕ စိတ္ဓာတ္အေပၚ ေမးခြန္းထုတ္ခဲ့ေပမယ့္ ခံစစ္ အမွားေတြေၾကာင့္ ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရတာ ျဖစ္ေၾကာင္း ဝန္ခံခဲ့သလို ဒီထက္ပိုတိုးတက္ေအာင္လုပ္ဖို႔လိုေနၿပီလို႔ ေျပာဆိုခဲ့ပါတယ္။

ခ်န္ပီယံလိဂ္က ထြက္ခြာရ အျပီးမွာ ယူနိုက္တက္ရဲ႕ အ၀တ္လဲခန္းထဲ နည္းျပဆိုးရွားကို ဆက္လက္ ေထာက္ခံလိုသူနဲ႕ အေျပာင္းအလဲ အျမန္ဆံုး လုပ္ေစလိုၾကသူေတြ နွစ္စု ကြဲေနေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။