ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (10/12/20)

ချယ်ဆီးဟာ အုပ်စုဗိုလ်အနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ပြီးနောက် ၁၆ သင်းအဆင့်မှာ တွေ့ဆုံရနိုင်ခြေရှိတဲ့ ပြိုင်ဘက်တွေကတော့ လိုက်ပ်ဇစ်၊ ဘာစီလိုနာ၊ လာဇီယို၊ အတ္တလန္တာ၊ ပေါ်တို၊ မိုချင်ဂလာဘက်နဲ့ အက်သလက်တီကို တို့ပဲ ဖြစ်ပါတယ်။

ဘီလီဂေလ်မာဟာ ဒူးဒဏ်ရာကနေ ပြန်လာပြီး ခရက်စ်နိုဒါနဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပေမယ့် လမ်းပတ်လက်အောက် ပုံမှန်ကစားချိန်ရဖို့ ရုန်းကန် ရနိုင်ခြေရှိသလို ရိန်းဂျားစ်အသင်းက ဇန်နဝါရီမှာ သူ့ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ ချန်ပီယံလိဂ် ၁၆သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့နောက် ဒီရာသီ ဥရောပဖလားအတွက် စိန်ခေါ်နိုင်တယ်လို့ ရီယိုဖာဒီနန်က ယုံကြည်နေပေမယ့် ဘိုင်ယန်မြူးနစ်ကိုကျော်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ကိုင်ဟားဗတ်ဟာ ချယ်ဆီးမှာ အထင်ကြီးစရာ မလုပ်ပြနိုင်ခဲ့တဲ့နောက် မကြာသေးမီက အပတ်တွေအတွင်းမှာ ဝေဖန်မှုတွေခံခဲ့ရပေမယ့် ၎င်းက ထိပ်တန်းအဆင့်ကို ရောက်လာပြီး သံသယရှိသူတွေမှားကြောင်း သက်သေပြလိမ့်မယ်လို့ ဂျိုကိုးလ်က ဆိုပါတယ်။

ဘိုင်ယန်ဟာ ဒေးဗစ်အလာဘာကို လက်လျှော့လိုက်ပြီဖြစ်ပြီး ရာသီကုန်မှာ ထွက်ခွာစေတော့မှာ ဖြစ်သလို ၎င်းဟာဇန်နဝါရီမှာ ပြည်ပ ကလပ်တွေ နဲ့ ဆွေးနွေးနိုင်တော့မှာဖြစ်လို့ ချယ်ဆီး၊ ပီအက်စ်ဂျီ၊ ရီးရဲလ်၊ဘာကာတို့က အပြိုင်ကြိုးစားရတော့မှာပါ။

လူငယ်တွေကိုအာရုံစိုက်နေတဲ့ ချယ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီမှာ မာဆေး ကွင်းလယ်လူ ကာမာရာကိုခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပြီး ငြင်းပယ်ခံခဲ့ရတယ်လို့ သိရပေမယ့် လူငယ်ကစားသမားကို နောက်နွေရာသီမှာ ယူရို၃၅သန်းနဲ့ ခေါ်ယူနိုင်ခွင့် ရှိနေပါတယ်။

ချယ်ဆီးရဲ့ အားကစားဒါရိုက်တာ မာရီနာဟာ လမ်းပတ်အလိုကျအတိုင်း ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူပေးချင်နေတာကြောင့် လိုအပ်တဲ့အသုံးစရိတ် ရရှိဖို့အတွက် ရူဒီဂါနဲ့ ကီပါတို့ကို ရောင်းထုတ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ချယ်ဆီးကိုဖလားစိန်ခေါ်နိုင်စေဖို့ အဓိကကူညီပေးနေတဲ့ကစားသမားက ကန်တေ ဖြစ်တယ်လို့ လိဒ်စ်ကြယ်ပွင့် ကယ်ဗင်ဖီးလစ်က ချီးကျူး ပာဆိုခဲ့ေြပြီး ပွဲထဲမှာ ကန်တေနဲ့ ရင်ဆိုင်ရတာက သူ့အတွက် ခက်ခဲတဲ့အချိန်ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးဟာ အုပ္စုဗိုလ္အေနနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ၿပီးေနာက္ ၁၆ သင္းအဆင့္မွာ ေတြ႕ဆုံရႏိုင္ေျခရွိတဲ့ ၿပိဳင္ဘက္ေတြကေတာ့ လိုက္ပ္ဇစ္၊ ဘာစီလိုနာ၊ လာဇီယို၊ အတၱလႏၲာ၊ ေပၚတို၊ မိုခ်င္ဂလာဘက္နဲ႔ အက္သလက္တီကို တို႔ပဲ ျဖစ္ပါတယ္။

ဘီလီေဂလ္မာဟာ ဒူးဒဏ္ရာကေန ျပန္လာၿပီး ခရက္စ္ႏိုဒါနဲ႔ပြဲမွာ ေျခစြမ္းျပခဲ့ေပမယ့္ လမ္းပတ္လက္ေအာက္ ပုံမွန္ကစားခ်ိန္ရဖို႔ ႐ုန္းကန္ ရႏိုင္ေျခရွိသလို ရိန္းဂ်ားစ္အသင္းက ဇန္နဝါရီမွာ သူ႔ကို အငွားေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ဟာ ခ်န္ပီယံလိဂ္ ၁၆သင္း အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ေနာက္ ဒီရာသီ ဥေရာပဖလားအတြက္ စိန္ေခၚႏိုင္တယ္လို႔ ရီယိုဖာဒီနန္က ယုံၾကည္ေနေပမယ့္ ဘိုင္ယန္ျမဴးနစ္ကိုေက်ာ္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ကိုင္ဟားဗတ္ဟာ ခ်ယ္ဆီးမွာ အထင္ႀကီးစရာ မလုပ္ျပႏိုင္ခဲ့တဲ့ေနာက္ မၾကာေသးမီက အပတ္ေတြအတြင္းမွာ ေဝဖန္မႈေတြခံခဲ့ရေပမယ့္ ၎က ထိပ္တန္းအဆင့္ကို ေရာက္လာၿပီး သံသယရွိသူေတြမွားေၾကာင္း သက္ေသျပလိမ့္မယ္လို႔ ဂ်ိဳကိုးလ္က ဆိုပါတယ္။

ဘိုင္ယန္ဟာ ေဒးဗစ္အလာဘာကို လက္ေလွ်ာ့လိုက္ၿပီျဖစ္ၿပီး ရာသီကုန္မွာ ထြက္ခြာေစေတာ့မွာ ျဖစ္သလို ၎ဟာဇန္နဝါရီမွာ ျပည္ပ ကလပ္ေတြ နဲ႔ ေဆြးေႏြးႏိုင္ေတာ့မွာျဖစ္လို႔ ခ်ယ္ဆီး၊ ပီအက္စ္ဂ်ီ၊ ရီးရဲလ္၊ဘာကာတို႔က အၿပိဳင္ႀကိဳးစားရေတာ့မွာပါ။

လူငယ္ေတြကိုအာ႐ုံစိုက္ေနတဲ့ ခ်ယ္ဆီးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မာေဆး ကြင္းလယ္လူ ကာမာရာကိုေခၚယူဖို႔ ခ်ဥ္းကပ္ခဲ့ၿပီး ျငင္းပယ္ခံခဲ့ရတယ္လို႔ သိရေပမယ့္ လူငယ္ကစားသမားကို ေနာက္ေႏြရာသီမွာ ယူ႐ို၃၅သန္းနဲ႔ ေခၚယူႏိုင္ခြင့္ ရွိေနပါတယ္။

ခ်ယ္ဆီးရဲ႕ အားကစားဒါ႐ိုက္တာ မာရီနာဟာ လမ္းပတ္အလိုက်အတိုင္း ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္႐ိုက္စ္ကို ေခၚယူေပးခ်င္ေနတာေၾကာင့္ လိုအပ္တဲ့အသုံးစရိတ္ ရရွိဖို႔အတြက္ ႐ူဒီဂါနဲ႔ ကီပါတို႔ကို ေရာင္းထုတ္ဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးကိုဖလားစိန္ေခၚႏိုင္ေစဖို႔ အဓိကကူညီေပးေနတဲ့ကစားသမားက ကန္ေတ ျဖစ္တယ္လို႔ လိဒ္စ္ၾကယ္ပြင့္ ကယ္ဗင္ဖီးလစ္က ခ်ီးက်ဴး ပာဆိုခဲ့ေျၿပီး ပြဲထဲမွာ ကန္ေတနဲ႔ ရင္ဆိုင္ရတာက သူ႔အတြက္ ခက္ခဲတဲ့အခ်ိန္ျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။