အာဆင်နယ် အသင်းဟာ ကြာသပတေးနေ့ညမှာ ယူရိုပါလိဂ် အုပ်စုပွဲစဉ် အဖြစ် ဒန်းဒပ်အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ဒီပွဲမှာ အာတီတာက ပွဲထွက်မှာ သိပ်နေရာ မရတဲ့ ကစားသမားတွေကို အခွင့်အရေးပေး သုံးသွားဖို့ ရှိနေပါတယ်။
စပါးနဲ့ လန်ဒန်ဒါဘီပွဲမှာ ဒဏ်ရာ ရသွားတဲ့ ကွင်းလယ် ကစားသမား သောမတ်စ် ပါတေးကို အလောတကြီး ပြန် ကစားစေမှာ မဟုတ်ဘဲ နောက်ထပ် ပွဲ အနည်းငယ် အနားပေးထားဦးမှာ ဖြစ်ကြောင်း အာဆင်နယ် နည်းပြ အာတီတာက ပြောဆိုခဲ့ပါတယ်။
လန်ဒန်ဒါဘီပွဲမှာ ကွင်းလယ် ကစားသမား ဇာခါ ကစားသွားခဲ့နေရာတွေက ခံစစ်မှူး ဂါဘရီရယ် မက်ဂါးလက်စ် ကစားရမယ့် နေရာတွေ ဖြစ်ပြီး ကွင်းလယ်သမားဟာ သူ့တာဝန် သူ မကျေခဲ့ကြောင်း ထောက်ပြမှုတွေ ရှိနေပါတယ်။
အာဆင်နယ် စီနီယာ အသင်းကြီးမှာ နေရာ မပေးနိုင်လို့ ပြိုင်ပွဲဝင် လူစာရင်းတွေကနေ ချန်လှပ်ခဲ့တဲ့ ခံစစ်မှူး ဝီလီယံ ဆာလီဘာရဲ့ အနာဂတ်ကို မကြာခင်မှာ ဆုံးဖြတ်မှာ ဖြစ်ေ်ကြာင်းလည်း အာတီတာက ပြောဆိုခဲ့ပါတယ်။
အာဆင်နယ် အသင်းသားတွေဟာ လူမျိုးရေး ခွဲခြားခံတာမျိုး ကြုံလို့ ဆက် မကစားဘဲ ကွင်းထဲက ထွက်ခွာသွားမယ် ဆိုရင် အသင်းသားတွေရဲ့ ရပ်တည်မှုကို လေးစားလက်ခံမှာ ဖြစ်ကြောင်း နည်းပြ အာတီတာက အသိပေးခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကလပ်အသင်း မန်နေဂျာတွေထဲ အထုတ်ပယ်ခံရဖို့ အလေးပေးမှုတွေ ကြေးဖွင့်နေရာ ယူနိုက်တက် နည်းပြ ဆိုးရှားက ထိပ်ဆုံးမှာ ရှိပြီး အာဆင်နယ် နည်းပြ အာတီတာက ၆လေး ၁လေးနဲ့ စတုတ္ထနေရာမှာ ပါဝင်နေပါတယ်။
Zawgyi – အာဆင္နယ္ အသင္းဟာ ၾကာသပေတးေန႔ညမွာ ယူရိုပါလိဂ္ အုပ္စုပြဲစဥ္ အျဖစ္ ဒန္းဒပ္အသင္းနဲ႕ ရင္ဆိုင္ ကစားရမွာ ျဖစ္ျပီး ဒီပြဲမွာ အာတီတာက ပြဲထြက္မွာ သိပ္ေနရာ မရတဲ့ ကစားသမားေတြကို အခြင့္အေရးေပး သံုးသြားဖို႔ ရွိေနပါတယ္။
စပါးနဲ႕ လန္ဒန္ဒါဘီပြဲမွာ ဒဏ္ရာ ရသြားတဲ့ ကြင္းလယ္ ကစားသမား ေသာမတ္စ္ ပါေတးကို အေလာတၾကီး ျပန္ ကစားေစမွာ မဟုတ္ဘဲ ေနာက္ထပ္ ပြဲ အနည္းငယ္ အနားေပးထားဦးမွာ ျဖစ္ေၾကာင္း အာဆင္နယ္ နည္းျပ အာတီတာက ေျပာဆိုခဲ့ပါတယ္။
လန္ဒန္ဒါဘီပြဲမွာ ကြင္းလယ္ ကစားသမား ဇာခါ ကစားသြားခဲ့ေနရာေတြက ခံစစ္မွဴး ဂါဘရီရယ္ မက္ဂါးလက္စ္ ကစားရမယ့္ ေနရာေတြ ျဖစ္ျပီး ကြင္းလယ္သမားဟာ သူ႔တာ၀န္ သူ မေက်ခဲ့ေၾကာင္း ေထာက္ျပမႈေတြ ရွိေနပါတယ္။
အာဆင္နယ္ စီနီယာ အသင္းၾကီးမွာ ေနရာ မေပးနုိင္လို႔ ျပိဳင္ပြဲ၀င္ လူစာရင္းေတြကေန ခ်န္လွပ္ခဲ့တဲ့ ခံစစ္မွူး ၀ီလီယံ ဆာလီဘာရဲ႕ အနာဂတ္ကို မၾကာခင္မွာ ဆံုးျဖတ္မွာ ျဖစ္ေ္ၾကာင္းလည္း အာတီတာက ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ အသင္းသားေတြဟာ လူမ်ိဳးေရး ခြဲျခားခံတာမ်ိဳး ၾကံဳလို႔ ဆက္ မကစားဘဲ ကြင္းထဲက ထြက္ခြာသြားမယ္ ဆိုရင္ အသင္းသားေတြရဲ႕ ရပ္တည္မႈကို ေလးစားလက္ခံမွာ ျဖစ္ေၾကာင္း နည္းျပ အာတီတာက အသိေပးခဲ့ပါတယ္။
ပရီးမီးယားလိဂ္ ကလပ္အသင္း မန္ေနဂ်ာေတြထဲ အထုတ္ပယ္ခံရဖို႔ အေလးေပးမႈေတြ ေၾကးဖြင့္ေနရာ ယူနိုက္တက္ နည္းျပ ဆိုးရွားက ထိပ္ဆံုးမွာ ရွိျပီး အာဆင္နယ္ နည္းျပ အာတီတာက ၆ေလး ၁ေလးနဲ႕ စတုတၳေနရာမွာ ပါ၀င္ေနပါတယ္။