ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (11/12/20)

ချယ်ဆီးကစားသမားတွေအနေနဲ့ ဒီခရစ္စမတ်မှာ social distancing စည်းမျဉ်းတွေကို မချိုးဖောက်မိအောင် ရှောင်ကြဉ်ဖို့၊ စံပြပုဂ္ဂိုလ်တွေအဖြစ် သူတို့ရဲ့ တာဝန်တွေကို လိုက်နာဖို့ သတိပေးရမှာဖြစ်ကြောင်း လမ်းပတ်က ဝန်ခံခဲ့ပါတယ်။

အခုချိန်မှာ စပါးက အဆင့် ၁ ရောက်နေပေမယ့် ရာသီကုန်ရင် ချယ်ဆီးနဲ့ ယူနိုက်တက်က ထိပ်ဆုံးလေးသင်းထဲ ဝင်မှာဖြစ်ပြီး စပါးကသာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်ခြေ ရှိတယ်လို့ သရဲနီဟောင်း ဝက်စ်ဘရောင်းက ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ချယ်ဆီးက ပရီးမီးယားလိဂ်ဖလားအတွက် ရေပန်းစားနေတယ်ဆိုတဲ့ ကလော့ပ်ရဲ့ ပြောဆိုမှုကို လမ်းပတ်က တုံ့ပြန်ခဲ့ပြီး လီဗာပူးနဲ့စီးတီးတို့က ထိပ်ဆုံးကပြေးနေသလို စပါးနဲ့ ယူနိုက်တက်တို့ကလဲ လမ်းကြောင်းထဲမှာရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

နည်းပြ လမ်းပတ်ဟာ ခရက်စ်နိုဒါနဲ့ပွဲမှာ ပူလီဆစ်ကို ချန်ထားခဲ့တာက သူ့ရဲ့ တံကောက်ကြော ဒဏ်ရာကြောင့်ဖြစ်ကြောင်း ရှင်းလင်းခဲ့ပေမယ့် အဲ့ဒါက မစိုးရိမ်ရဘူးလို့ ဆိုပြီး အဲဗာတန်နဲ့ပွဲမှာ သူပြန်ကစားနိုင်မှာပါလို့ သတင်းပေးခဲ့ပါတယ်။

လမ်းပတ်ဟာ ဗဟိုခံစစ်မှာ ကတ်ဇူးမားနဲ့ သီယာဂိုဆေးဗားတို့ကိုသာ ဦးစားပေးနေပြီး ရူဒီဂါက အရန်ကစားသမားသာဖြစ်ခဲ့သလို အသင်းကနေ ထွက်ခွာနိုင်ခြေရှိနေကာ အေစီမီလန်၊ဂျူဗင်တပ်နဲ့ ဘာကာတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချယ်ဆီးဟာ ကက်ဂလီရာရီ ဗဟိုနောက်ခံလူ ဆီဘက်ရှန် ဝါလူကီဝစ်ဇ်ကို စိတ်ဝင်စားနေတဲ့ ကလပ်တွေထဲမှာ ပါဝင်လာပြီး ပေါင်၅၄သန်းတန် လူငယ်ကြယ်ပွင့်ကို သီယာဂိုဆေးဗားနေရာ ဆက်ခံသူအဖြစ် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းက ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေ မဲပေးရွေးချယ်ခဲ့ကြတဲ့ 2020 FIFA FIFPRO ရဲ့ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၁ယောက် ဆန်ကာတင်စရင်းမှာ ချယ်ဆီးက သီယာဂိုဆေးဗားနဲ့ ကန်တေတို့ ပါဝင်လာခဲ့ပါတယ်။

ကိုင်ဟားဗတ်ဟာ ချယ်ဆီးမှာ ကစားသမားဘဝ အောင်မြင်အောင် လုပ်ဖို့ အလိုရှိနေပြီး အသင်း လိုအပ်တဲ့ ဘယ်နေရာမဆို ကစားပေးဖို့ ပြဿနာမရှိဘူးလို့ ဖွင့်ဟခဲ့ပေမယ့် သူ့အနေနဲ့ တိုက်စစ်ကို လိုက်ပါကစားရတာမျိုးကို အားသန်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးကစားသမားေတြအေနနဲ႔ ဒီခရစၥမတ္မွာ social distancing စည္းမ်ဥ္းေတြကို မခ်ိဳးေဖာက္မိေအာင္ ေရွာင္ၾကဥ္ဖို႔၊ စံျပပုဂၢိဳလ္ေတြအျဖစ္ သူတို႔ရဲ႕ တာဝန္ေတြကို လိုက္နာဖို႔ သတိေပးရမွာျဖစ္ေၾကာင္း လမ္းပတ္က ဝန္ခံခဲ့ပါတယ္။

အခုခ်ိန္မွာ စပါးက အဆင့္ ၁ ေရာက္ေနေပမယ့္ ရာသီကုန္ရင္ ခ်ယ္ဆီးနဲ႔ ယူႏိုက္တက္က ထိပ္ဆုံးေလးသင္းထဲ ဝင္မွာျဖစ္ၿပီး စပါးကသာ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ႏိုင္ေျခ ရွိတယ္လို႔ သရဲနီေဟာင္း ဝက္စ္ဘေရာင္းက ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးက ပရီးမီးယားလိဂ္ဖလားအတြက္ ေရပန္းစားေနတယ္ဆိုတဲ့ ကေလာ့ပ္ရဲ႕ ေျပာဆိုမႈကို လမ္းပတ္က တုံ႔ျပန္ခဲ့ၿပီး လီဗာပူးနဲ႔စီးတီးတို႔က ထိပ္ဆုံးကေျပးေနသလို စပါးနဲ႔ ယူႏိုက္တက္တို႔ကလဲ လမ္းေၾကာင္းထဲမွာရွိေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

နည္းျပ လမ္းပတ္ဟာ ခရက္စ္ႏိုဒါနဲ႔ပြဲမွာ ပူလီဆစ္ကို ခ်န္ထားခဲ့တာက သူ႔ရဲ႕ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ျဖစ္ေၾကာင္း ရွင္းလင္းခဲ့ေပမယ့္ အဲ့ဒါက မစိုးရိမ္ရဘူးလို႔ ဆိုၿပီး အဲဗာတန္နဲ႔ပြဲမွာ သူျပန္ကစားႏိုင္မွာပါလို႔ သတင္းေပးခဲ့ပါတယ္။

လမ္းပတ္ဟာ ဗဟိုခံစစ္မွာ ကတ္ဇူးမားနဲ႔ သီယာဂိုေဆးဗားတို႔ကိုသာ ဦးစားေပးေနၿပီး ႐ူဒီဂါက အရန္ကစားသမားသာျဖစ္ခဲ့သလို အသင္းကေန ထြက္ခြာႏိုင္ေျခရွိေနကာ ေအစီမီလန္၊ဂ်ဴဗင္တပ္နဲ႔ ဘာကာတို႔က သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

ခ်ယ္ဆီးဟာ ကက္ဂလီရာရီ ဗဟိုေနာက္ခံလူ ဆီဘက္ရွန္ ဝါလူကီဝစ္ဇ္ကို စိတ္ဝင္စားေနတဲ့ ကလပ္ေတြထဲမွာ ပါဝင္လာျပီး ေပါင္၅၄သန္းတန္ လူငယ္ၾကယ္ပြင့္ကို သီယာဂိုေဆးဗားေနရာ ဆက္ခံသူအျဖစ္ ရည္႐ြယ္ထားတာ ျဖစ္ပါတယ္။

ကမာၻတစ္ဝန္းက ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားေတြ မဲေပးေ႐ြးခ်ယ္ခဲ့ၾကတဲ့ 2020 FIFA FIFPRO ရဲ႕ကမာၻ႔အေကာင္းဆုံး ကစားသမား ၁၁ေယာက္ ဆန္ကာတင္စရင္းမွာ ခ်ယ္ဆီးက သီယာဂိုေဆးဗားနဲ႔ ကန္ေတတို႔ ပါဝင္လာခဲ့ပါတယ္။

ကိုင္ဟားဗတ္ဟာ ခ်ယ္ဆီးမွာ ကစားသမားဘဝ ေအာင္ျမင္ေအာင္ လုပ္ဖို႔ အလိုရွိေနျပီး အသင္း လိုအပ္တဲ့ ဘယ္ေနရာမဆို ကစားေပးဖို႔ ျပႆနာမရွိဘူးလို႔ ဖြင့္ဟခဲ့ေပမယ့္ သူ႔အေနနဲ႔ တိုက္စစ္ကို လိုက္ပါကစားရတာမ်ိဳးကို အားသန္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။