တိုက်စစ်မှူးဟောင်းကြီး ဗန်ပါစီ ရွေးချယ်လိုက်တဲ့ အကောင်းဆုံး စူပါနည်းပြ

ဟော်လန်သား တိုက်စစ်မှူးဟောင်းကြီး ဗန်ပါစီဟာ ပရီးမီးယားလိဂ်မှာ ကျင်လည်ရင်း အကောင်းဆုံးသော နည်းပြတွေနဲ့ လက်တွဲ အလုပ်လုပ်ဖူးခဲ့သူ ဖြစ်ပါတယ်။ အာဆင်နယ်မှာ အာဆင်ဝင်းဂါး၊ ယူနိုက်တက်မှာ ဆိုရင် ဆာအဲလက်စ် ဖာဂူဆန်၊ ဗန်ဟားလ်တို့နဲ့ ဆုံခဲ့သူပါ။

ဒီထဲကနေ ဗန်ပါစီက သူ့အတွက်တော့ နံပါတ် ၁ အကောင်းဆုံး စူပါ မန်နေဂျာ အဖြစ် ဆာအဲလက်စ် ဖာဂူဆန် ဖြစ်တယ်လို့ ရွေးချယ်ရင်း နှိုင်းယှဉ် ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်မှာ ၈ နှစ်ကြာ ကစားပြီးနောက် ဗန်ပါစီဟာ ၂၀၁၂ မှာ တော့ ဂန်းနားတွေရဲ့ ခါးသီး ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် ထံ ပြောင်းရွှေ့သွားခဲ့ပြီး ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ်ဖလားပါ ရယူနိုင်ခဲ့ပါတယ်။

” သူ (ဆာအဲလက်စ်) က အသင်း လူစာရင်းက သူတွေ အကုန်လုံးကို ပျော်ပျော်ရွှင်ရွှင် အာရုံစိုက် ကစားနိုင်အောင် ထိန်းထားနိုင်တာက လုံး၀ အလန်းပါ။ ဝင်းဂါးကတော့ ဖာဂူဆန်နဲ့ ဗန်ဟားလ် ပေါင်းစပ်ထားတဲ့ ပုံစံပဲ။ အာဆင်က ရေရှည်အတွက် ဘာက အလုပ်ဖြစ်မလဲကို သုံးသပ်တယ် အကောင်းမြင်နိုင်တဲ့ အရာတွေ အပေါ် ပို အားစိုက် လုပ်ဆောင်တယ်။

နည်းဗျူဟာပိုင်း ဆိုရင် ဗန်ဟားလ်က တကယ့် ဉာဏ်ကြီးရှင်ပဲ ဒါကို ငြင်းလို့ မရဘူး။ ကျနော် ကြုံဖူးတဲ့ မန်နေဂျာတွေက ကိုယ်ပိုင် အားသာချက် ကိုယ်စီနဲ့ ပါပဲ။ ဒါပေမယ့် ဖာဂူဆန်က တကယ့်ကို စူပါ မန်နေဂျာ တစ်ယောက်ပါ။ ” လို့ ဗန်ပါစီက ပြောဆိုခဲ့ပါတယ်။

Zawgyi – ေဟာ္လန္သား တိုက္စစ္မွဴးေဟာင္းၾကီး ဗန္ပါစီဟာ ပရီးမီးယားလိဂ္မွာ က်င္လည္ရင္း အေကာင္းဆံုးေသာ နည္းျပေတြနဲ႕ လက္တြဲ အလုပ္လုပ္ဖူးခဲ့သူ ျဖစ္ပါတယ္။ အာဆင္နယ္မွာ အာဆင္၀င္းဂါး၊ ယူနိုက္တက္မွာ ဆိုရင္ ဆာအဲလက္စ္ ဖာဂူဆန္၊ ဗန္ဟားလ္တို႔နဲ႕ ဆံုခဲ့သူပါ။

ဒီထဲကေန ဗန္ပါစီက သူ႔အတြက္ေတာ့ နံပါတ္ ၁ အေကာင္းဆံုး စူပါ မန္ေနဂ်ာ အျဖစ္ ဆာအဲလက္စ္ ဖာဂူဆန္ ျဖစ္တယ္လို႔ ေရြးခ်ယ္ရင္း ႏိႈင္းယွဥ္ ရွင္းလင္း ေျပာဆိုသြားခဲ့ပါတယ္။

အာဆင္နယ္မွာ ၈ နွစ္ၾကာ ကစားျပီးေနာက္ ဗန္ပါစီဟာ ၂၀၁၂ မွာ ေတာ့ ဂန္းနားေတြရဲ႕ ခါးသီး ျပိဳင္ဘက္ မန္ခ်က္စတာယူနိုက္တက္ ထံ ေျပာင္းေရႊ႕သြားခဲ့ျပီး ယူနိုက္တက္နဲ႕ အတူ ပရီးမီးယားလိဂ္ဖလားပါ ရယူနိုင္ခဲ့ပါတယ္။

” သူ (ဆာအဲလက္စ္) က အသင္း လူစာရင္းက သူေတြ အကုန္လံုးကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အာရံုစိုက္ ကစားနုိင္ေအာင္ ထိန္းထားနိုင္တာက လံုး၀ အလန္းပါ။ ၀င္းဂါးကေတာ့ ဖာဂူဆန္နဲ႕ ဗန္ဟားလ္ ေပါင္းစပ္ထားတဲ့ ပံုစံပဲ။ အာဆင္က ေရရွည္အတြက္ ဘာက အလုပ္ျဖစ္မလဲကို သံုးသပ္တယ္ အေကာင္းျမင္နုိင္တဲ့ အရာေတြ အေပၚ ပို အားစိုက္ လုပ္ေဆာင္တယ္။

နည္းဗ်ဴဟာပိုင္း ဆိုရင္ ဗန္ဟားလ္က တကယ့္ ဥာဏ္ၾကီးရွင္ပဲ ဒါကို ျငင္းလို႔ မရဘူး။ က်ေနာ္ ၾကံဳဖူးတဲ့ မန္ေနဂ်ာေတြက ကုိယ္ပိုင္ အားသာခ်က္ ကိုယ္စီနဲ႕ ပါပဲ။ ဒါေပမယ့္ ဖာဂူဆန္က တကယ့္ကို စူပါ မန္ေနဂ်ာ တစ္ေယာက္ပါ။ ” လို႔ ဗန္ပါစီက ေျပာဆိုခဲ့ပါတယ္။