ဂိုးသမား မန်ဒီရဲ့ ရှားပါးတဲ့ အမှားကြောင့် ချယ်ဆီးဟာ အဲဗာတန်ကိုပင်နယ်တီပေးခဲ့ရပြီး ဆီဂတ်ဆန်ရဲ့ ကန်သွင်းမှုနဲ့ပဲ အဲဗာတန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့သလို ပြိုင်ပွဲစုံ ၁၇ပွဲ ဆက် မရှုံးတဲ့ မှတ်တမ်းကောင်းကလဲ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
မန်ဒီဟာ လိဒ်စ်နဲ့ပွဲမှာ သူ့အမှားကြောင့် ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် အခုပွဲမှာလဲ အနိုင်ဂိုးဖြစ်စေခဲ့တဲ့ အမှား ထပ်လုပ်ခဲ့ပေမယ့် လမ်းပတ်ကတော့ သူ့ကို အပြစ်တင်ဖို့ ငြင်းပယ်ခဲ့ပြီး အသင်းရဲ့စိတ်ဓာတ်က လုံလောက်မှုမရှိခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။
အဲဗာတန်ကိုရှုံးနိမ့်ပြီးနောက် လမ်းပတ်က သူ့အသင်းဟာ တိုးတက်ဖို့ သင်ယူနေဆဲ ဖြစ်တာကြောင့် တခါတလေ ဒါမျိုး ဖြစ်နိုင်တယ်လို့ ဝန်ခံခဲ့ပေမယ့် အင်္ဂါနေ့ ဝုလ်ဗ်နဲ့ပွဲမှာ အရှုံးကို တုံ့ပြန်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ကတိပေးပြောဆိုခဲ့ပါတယ်။
ချယ်ဆီးမှာ အတောင့်တင်းဆုံး လူအင်အားရှိနေတယ်ဆိုတဲ့ ချီးကျူးလွန်းမှုတွေကြောင့် စိတ်ရှုပ်ထွေးခဲ့ရတယ်လို့ လမ်းပတ်က ပြောဆိုခဲ့ပြီး ပရီးမီးယားလိဂ် မှာ လူစားလဲမှု ၅ယောက်ခွင့်ပြုဖို့ ကိစ္စကို ထပ်မံဆွေးနွေးဖို့ မျှော်လင့်နေပါတယ်။
ကိုင်ဟားဗတ်ဟာ အဲဗာတန်နဲ့ပွဲမှာ ဘာမှမလုပ်ပြနိုင်ခဲ့သလို ခြေစွမ်းပြနိုင်ဖို့ ထပ်မံရုန်းကန်နေရတဲ့အပေါ် ဝေဖန်သူတွေကို လမ်းပတ်က တုံ့ပြန်ခဲ့ပြီး မိမိတို့ဟာ သူ့ကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးစောင့်ဆိုင်းသင့်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးရဲ့ ရှုံးပွဲမရှိမှတ်တမ်း အဆုံးသတ်သွားခဲ့တဲ့နောက် သူတို့ကို ဖလားစိန်ခေါ်သူတွေ အဖြစ် ပြောဆိုခဲ့တာတွေက ရယ်စရာကောင်းတယ်လို့ လမ်းပတ်က ဆိုခဲ့ပြီး အစောပိုင်းပြဿနာတွေပြီးထဲက ပိုဆိုးတာတွေဖြစ်လာဖို့မျှော်လင့်ထားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
နောက်ခံလူ တိုမိုရီဟာ ဒီရာသီချယ်ဆီးအတွက် လိဂ်တစ်ပွဲသာ ကစားခွင့်ရခဲ့ပြီး လမ်းပတ်ရဲ့ မျက်ကွယ်ပြုခြင်းခံခဲ့ရတဲ့နောက် ကစားချိန်ပိုရဖို့ စဉ်းစားနေသလို ဇန်နဝါရီမှာ နိုက်စ်က သူ့ကို ရာသီကုန်အထိ အငှားခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အဲဗာတန်နဲ့ပွဲမှာ ပူလီဆစ်ကို ချန်လှပ်ထားခဲ့တာဟာ သူ့ကို အလျင်စလို ကစားခိုင်းပြီး အရဲစွန့်တာမျိုးမလုပ်ချင်တာကြောင့်ဖြစ်တယ်လို့ လမ်းပတ်က ဖြေရှင်းခဲ့ပေမယ့် အင်္ဂါနေ့ ဝုလ်ဗ်နဲ့ ပွဲမှာတော့ ပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
Zawgyi – ဂိုးသမား မန္ဒီရဲ႕ ရွားပါးတဲ့ အမွားေၾကာင့္ ခ်ယ္ဆီးဟာ အဲဗာတန္ကိုပင္နယ္တီေပးခဲ့ရၿပီး ဆီဂတ္ဆန္ရဲ႕ ကန္သြင္းမႈနဲ႔ပဲ အဲဗာတန္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့သလို ၿပိဳင္ပြဲစုံ ၁၇ပြဲ ဆက္ မရႈံးတဲ့ မွတ္တမ္းေကာင္းကလဲ အဆုံးသတ္သြားခဲ့ၿပီ ျဖစ္ပါတယ္။
မန္ဒီဟာ လိဒ္စ္နဲ႔ပြဲမွာ သူ႔အမွားေၾကာင့္ ဦးေဆာင္ဂိုးေပးခဲ့ရၿပီးေနာက္ အခုပြဲမွာလဲ အႏိုင္ဂိုးျဖစ္ေစခဲ့တဲ့ အမွား ထပ္လုပ္ခဲ့ေပမယ့္ လမ္းပတ္ကေတာ့ သူ႔ကို အျပစ္တင္ဖို႔ ျငင္းပယ္ခဲ့ၿပီး အသင္းရဲ႕စိတ္ဓာတ္က လုံေလာက္မႈမရွိခဲ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
အဲဗာတန္ကိုရႈံးနိမ့္ၿပီးေနာက္ လမ္းပတ္က သူ႔အသင္းဟာ တိုးတက္ဖို႔ သင္ယူေနဆဲ ျဖစ္တာေၾကာင့္ တခါတေလ ဒါမ်ိဳး ျဖစ္ႏိုင္တယ္လို႔ ဝန္ခံခဲ့ေပမယ့္ အဂၤါေန႔ ဝုလ္ဗ္နဲ႔ပြဲမွာ အရႈံးကို တုံ႔ျပန္ဖို႔ ႀကိဳးစားသြားမွာျဖစ္ေၾကာင္း ကတိေပးေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးမွာ အေတာင့္တင္းဆုံး လူအင္အားရွိေနတယ္ဆိုတဲ့ ခ်ီးက်ဴးလြန္းမႈေတြေၾကာင့္ စိတ္ရႈပ္ေထြးခဲ့ရတယ္လို႔ လမ္းပတ္က ေျပာဆိုခဲ့ၿပီး ပရီးမီးယားလိဂ္ မွာ လူစားလဲမႈ ၅ေယာက္ခြင့္ျပဳဖို႔ ကိစၥကို ထပ္မံေဆြးေႏြးဖို႔ ေမွ်ာ္လင့္ေနပါတယ္။
ကိုင္ဟားဗတ္ဟာ အဲဗာတန္နဲ႔ပြဲမွာ ဘာမွမလုပ္ျပႏိုင္ခဲ့သလို ေျခစြမ္းျပႏိုင္ဖို႔ ထပ္မံ႐ုန္းကန္ေနရတဲ့အေပၚ ေဝဖန္သူေတြကို လမ္းပတ္က တုံ႔ျပန္ခဲ့ၿပီး မိမိတို႔ဟာ သူ႔ကို စိတ္ရွည္ရွည္နဲ႔ အခ်ိန္ေပးေစာင့္ဆိုင္းသင့္တယ္လို႔ ကာကြယ္ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးရဲ႕ ရႈံးပြဲမရွိမွတ္တမ္း အဆုံးသတ္သြားခဲ့တဲ့ေနာက္ သူတို႔ကို ဖလားစိန္ေခၚသူေတြ အျဖစ္ ေျပာဆိုခဲ့တာေတြက ရယ္စရာေကာင္းတယ္လို႔ လမ္းပတ္က ဆိုခဲ့ၿပီး အေစာပိုင္းျပႆနာေတြၿပီးထဲက ပိုဆိုးတာေတြျဖစ္လာဖို႔ေမွ်ာ္လင့္ထားခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။
အဲဗာတန္နဲ႔ပြဲမွာ ပူလီဆစ္ကို ခ်န္လွပ္ထားခဲ့တာဟာ သူ႔ကို အလ်င္စလို ကစားခိုင္းၿပီး အရဲစြန႔္တာမ်ိဳးမလုပ္ခ်င္တာေၾကာင့္ျဖစ္တယ္လို႔ လမ္းပတ္က ေျဖရွင္းခဲ့ေပမယ့္ အဂၤါေန႔ ဝုလ္ဗ္နဲ႔ ပြဲမွာေတာ့ ျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ေနာက္ခံလူ တိုမိုရီဟာ ဒီရာသီခ်ယ္ဆီးအတြက္ လိဂ္တစ္ပြဲသာ ကစားခြင့္ရခဲ့ၿပီး လမ္းပတ္ရဲ႕ မ်က္ကြယ္ျပဳျခင္းခံခဲ့ရတဲ့ေနာက္ ကစားခ်ိန္ပိုရဖို႔ စဥ္းစားေနသလို ဇန္နဝါရီမွာ ႏိုက္စ္က သူ႔ကို ရာသီကုန္အထိ အငွားေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။