ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (13/12/20)

ဂိုးမိုးခေါင်နေတဲ့ တိုက်စစ်မှူး အူဘာမီးယန်း အနေနဲ့ ဘေးစကားတွေ အပေါ် အတွေးများ မနေဘဲ ယခင် ပုံစံကောင်းများ ရလာဖို့သာ အာရုံစိုက် ကြိုးစားနေဖို့ နည်းပြ အာတီတာက တိုက်တွန်းခဲ့ပါတယ်။

မီခေးလ် အာတီတာဟာ တက်သစ်စ အသင်း မန်နေဂျာ ဖြစ်နေတာကြောင့် ဒေးဗစ်လူးဝစ်ကို စာချုပ်သက်တမ်းတိုးတာ၊ ဝီလီယံကို ခေါ်ယူလိုက်တာလို အမှားတွေ ကျူးလွန်မိတာ ဖြစ်ကြောင်းနဲ့ အချိန်ရလာတာနဲ့ အမျှ လူငယ်တွေကို အခွင့်အရေးပိုပေးလာမယ်လို့ အလန်စမစ် က သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဘန်လေအသင်းဟာ အမ်းမရိတ်မှာလည်း အာဆင်နယ်ကို အနိုင်ယူနိုင်ကြောင်း ပွဲကစားရင် သိသွားနိုင်တယ်လို့ ဝက်ဖို့ဒ် တိုက်စစ်မှူး ထရိုင်ဒီနေးက သုံးသပ်ပြောဆိုလိုက်ပြီး အာဆင်နယ် အနေနဲ့ တန်းဆင်းဇုန်နားထိ ရောက်ပြီး ရုန်းကန်ရနိုင်တယ်လို့ပါ သတိပေးလိုက်ပါတယ်။

ဆယ်ကျော်သက် ခံစစ်သမားလေး ဝီလီယံ ဆာလီဘာ ကို အာဆင်နယ် က လာမယ့် အပြောင်းအရွှေ့မှာ လက်လွှတ်ဖို့ အသင့် ရှိနေပြီ ဖြစ်ကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

စပါးကွင်းလယ်ဟောင်း အဲရစ်ဆန်ဟာ ဇန်နဝါရီမှာ အင်တာမီလန်ကနေ ထွက်ခွာဖွယ် ရှိနေပြီး ၎င်းကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ အာဆင်နယ်လည်း ပါဝင်နေပါတယ်။

ဘန်လေနဲ့ ပွဲ မတိုင်ခင်မှာ အာဆင်နယ် အသင်း ခံစစ်မှူး ဒေးဗစ် လူးဝစ် အခြေအနေကို စစ်ဆေးဦးမှာ ဖြစ်ကာ ပါဝင် ကစားနိုင်မလား ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

Zawgyi – ဂိုးမိုးေခါင္ေနတဲ့ တိုက္စစ္မွဴး အူဘာမီးယန္း အေနနဲ႕ ေဘးစကားေတြ အေပၚ အေတြးမ်ား မေနဘဲ ယခင္ ပံုစံေကာင္းမ်ား ရလာဖို႔သာ အာရံုစိုက္ ၾကိဳးစားေနဖို႔ နည္းျပ အာတီတာက တိုက္တြန္းခဲ့ပါတယ္။

မီေခးလ္ အာတီတာဟာ တက္သစ္စ အသင္း မန္ေနဂ်ာ ျဖစ္ေနတာေၾကာင့္ ေဒးဗစ္လူး၀စ္ကို စာခ်ဳပ္သက္တမ္းတိုးတာ၊ ၀ီလီယံကို ေခၚယူလိုက္တာလို အမွားေတြ က်ဴးလြန္မိတာ ျဖစ္ေၾကာင္းနဲ႕ အခ်ိန္ရလာတာနဲ႕ အမွ် လူငယ္ေတြကို အခြင့္အေရးပိုေပးလာမယ္လို႔ အလန္စမစ္ က သံုးသပ္ေျပာဆိုခဲ့ပါတယ္။

ဘန္ေလအသင္းဟာ အမ္းမရိတ္မွာလည္း အာဆင္နယ္ကို အနုိင္ယူနုိင္ေၾကာင္း ပြဲကစားရင္ သိသြားနိုင္တယ္လို႔ ၀က္ဖို႔ဒ္ တိုက္စစ္မွဴး ထရိုင္ဒီေနးက သံုးသပ္ေျပာဆိုလိုက္ျပီး အာဆင္နယ္ အေနနဲ႕ တန္းဆင္းဇုန္နားထိ ေရာက္ျပီး ရုန္းကန္ရနိုင္တယ္လို႔ပါ သတိေပးလိုက္ပါတယ္။

ဆယ္ေက်ာ္သက္ ခံစစ္သမားေလး ၀ီလီယံ ဆာလီဘာ ကို အာဆင္နယ္ က လာမယ့္ အေျပာင္းအေရႊ႕မွာ လက္လႊတ္ဖို႔ အသင့္ ရွိေနျပီ ျဖစ္ေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။

စပါးကြင္းလယ္ေဟာင္း အဲရစ္ဆန္ဟာ ဇန္န၀ါရီမွာ အင္တာမီလန္ကေန ထြက္ခြာဖြယ္ ရွိေနျပီး ၄င္းကို ေခၚယူလိုတဲ့ အသင္းေတြထဲ အာဆင္နယ္လည္း ပါ၀င္ေနပါတယ္။

ဘန္ေလနဲ႕ ပြဲ မတိုင္ခင္မွာ အာဆင္နယ္ အသင္း ခံစစ္မွဴး ေဒးဗစ္ လူး၀စ္ အေျခအေနကို စစ္ေဆးဦးမွာ ျဖစ္ကာ ပါ၀င္ ကစားနုိင္မလား ဆံုးျဖတ္သြားမယ္လို႔ သိရပါတယ္။