လတ်တလော ၅နှစ် ၆နှစ်အတွင်း ယူနိုက်တက် လူစာရင်းဟာ ဆုဖလားတွေ ကို စိန်ခေါ်နိုင်ဖို့ လုံလောက် တောင့်တင်းမှု မရှိဘဲ ဒီအခြေအနေတွေဟာ နည်းပြ ဆိုးရှား တစ်ယောက်တည်း အပေါ် အပြစ် ဆို မရဘဲ ယူနိုက်တက် အကြီးအကဲတွေနဲ့ ဘုတ်အဖွဲ့တွေရဲ့ လိုအပ်မှုတွေလည်း ပါကြောင်း နဗီးလ်က ထောက်ပြသွားခဲ့ပါတယ်။
မပျော်မရွှင်ဖြစ်နေတဲ့ ပေါ့ဘာဟာ အသင်းပြောင်းလိုနေတယ်လို့ အေးဂျင့် ရိုင်အိုလာက ပြောခဲ့ပေမယ့်လဲ ဆိုးလ်ရှားကတော့ ၎င်းရဲ့ ကွင်းလယ်လူ ဟာ ကလပ်အတွက် ကစားပေးချင်တဲ့ စိတ်အားထက်သန်မှု ရှိနေဆဲပါလို့ ထောက်ခံပြောဆိုခဲ့ပါတယ်။
အီဗရာဟီမိုဗစ်က သူဟာ ၂၀၁၇ မှာ ယူနိုက်တက်ကစားသမားဘဝအတွင်း ဒဏ်ရာကြောင့် ၇ လလောက် နားခဲ့ရတဲ့နောက် တတ်နိုင် သလောက် အကြာကြီး ဘောလုံး ဆက်ကစားဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ဒါဘီပွဲက ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ဟာ သူကိုင်တွယ်နေတဲ့ ကာလတလျောက် အကောင်းဆုံး ခြေစွမ်း ဖြစ်ခဲ့တယ်လို့ နည်းပြ ဆိုးရှားက ဖာထေးပြောဆိုသွားခဲ့ပါတယ်။
နဗီးလ်ကတော့ ယူနိုက်တက်ရဲ့ အခြေအနေကို နည်းပြ ဆိုးရှားက အကောင်းမြင် ဖြေသိမ့် ပြောဆိုရလွန်းလို့ အပူမီးတွေ ငြှိမ်းပေးနေတဲ့ မီးသတ်သမားလို ဖြစ်နေပြီလို့ သရော်သွားခဲ့ပါတယ်။
မန်ချက်စတာ ဒါဘီပွဲ အပြီးမှာ နှစ်ဘက်အသင်းသားတွေနဲ့ နည်းပြတွေ ဖက်လှဲတကင်း နှုတ်ဆက်နေကြတဲ့ အပေါ် ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းကတော့ ရှုံ့ချလိုက်ပြီး မြို့ခံပြိုင်ဘက်နှစ်သင်း ဆုံပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒါဘီပွဲ တစ်ပွဲ အပြီး ဒီလောက် ပွေ့ဖက်နေတာ ခုမှ မြင်ဖူးတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
Zawgyi – လတ္တေလာ ၅နွစ္ ၆နွစ္အတြင္း ယူနိုက္တက္ လူစာရင္းဟာ ဆုဖလားေတြ ကို စိန္ေခၚနိုင္ဖုိ႔ လံုေလာက္ ေတာင့္တင္းမႈ မရွိဘဲ ဒီအေျခအေနေတြဟာ နည္းျပ ဆိုးရွား တစ္ေယာက္တည္း အေပၚ အျပစ္ ဆို မရဘဲ ယူနိုက္တက္ အၾကီးအကဲေတြနဲ႕ ဘုတ္အဖြဲ႕ေတြရဲ႕ လိုအပ္မႈေတြလည္း ပါေၾကာင္း နဗီးလ္က ေထာက္ျပသြားခဲ့ပါတယ္။
မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ ေပါ့ဘာဟာ အသင္းေျပာင္းလိုေနတယ္လို႔ ေအးဂ်င့္ ႐ိုင္အိုလာက ေျပာခဲ့ေပမယ့္လဲ ဆိုးလ္ရွားကေတာ့ ၎ရဲ႕ ကြင္းလယ္လူ ဟာ ကလပ္အတြက္ ကစားေပးခ်င္တဲ့ စိတ္အားထက္သန္မႈ ရွိေနဆဲပါလို႔ ေထာက္ခံေျပာဆိုခဲ့ပါတယ္။
အီဗရာဟီမိုဗစ္က သူဟာ ၂၀၁၇ မွာ ယူႏိုက္တက္ ကစားသမားဘဝအတြင္း ဒဏ္ရာေၾကာင့္ ၇ လေလာက္ နားခဲ့ရတဲ့ေနာက္ တတ္ႏိုင္ သေလာက္ အၾကာႀကီး ေဘာလုံး ဆက္ကစားဖို႔ တြန္းအားျဖစ္ေစခဲ့တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။
မန္ခ်က္စတာ ဒါဘီပြဲက ယူနိုက္တက္ရဲ႕ စြမ္းေဆာင္ရည္ဟာ သူကိုင္တြယ္ေနတဲ့ ကာလတေလ်ာက္ အေကာင္းဆံုး ေျခစြမ္း ျဖစ္ခဲ့တယ္လို႔ နည္းျပ ဆိုးရွားက ဖာေထးေျပာဆိုသြားခဲ့ပါတယ္။
နဗီးလ္ကေတာ့ ယူနိုက္တက္ရဲ႕ အေျခအေနကို နည္းျပ ဆိုးရွားက အေကာင္းျမင္ ေျဖသိမ့္ ေျပာဆိုရလြန္းလို႔ အပူမီးေတြ ျငွိမ္းေပးေနတဲ့ မီးသတ္သမားလို ျဖစ္ေနျပီလို႔ သေရာ္သြားခဲ့ပါတယ္။
မန္ခ်က္စတာ ဒါဘီပြဲ အျပီးမွာ နွစ္ဘက္အသင္းသားေတြနဲ႕ နည္းျပေတြ ဖက္လွဲတကင္း ႏႈတ္ဆက္ေနၾကတဲ့ အေပၚ ယူနုိက္တက္ ဂႏၱ၀င္ ရြိဳင္ကိန္းကေတာ့ ရွံဳ႕ခ်လိုက္ျပီး ျမိဳ႔ခံျပိဳင္ဘက္နွစ္သင္း ဆံုျပီး ျပိဳင္ဆိုင္မႈျပင္းထန္တဲ့ ဒါဘီပြဲ တစ္ပြဲ အျပီး ဒီေလာက္ ေပြ႕ဖက္ေနတာ ခုမွ ျမင္ဖူးတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။