ကန်တေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ချယ်ဆီးအသိုင်းအဝိုင်း သဘောထား

ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေဟာ ကိုရိုနာ ဗိုင်းရပ်စ် စစ်ဆေးမှုခံယူပြီး ကင်းရှင်းခဲ့ပေမယ့် အသင်းနဲ့ ထရိန်နင် ပြန်ဆင်းဖို့ ဘောလုံး ပြန်ကစားဖို့ စိုးရွံ့နေတာကြောင့် ကလပ်အသင်းဘက်က ကစားသမားကို အနားပေးထားခဲ့ပါတယ်။ ကန်တေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ဝေဖန်မှု ထောက်ခံမှုတွေကတော့ မျိုးစုံ ရှိနေပါတယ်။

ကန်တေရဲ့ လုပ်ရပ်အပေါ် ချယ်ဆီးအသင်းသား၊ ဝန်ထမ်းတွေနဲ့ ကလပ်အသင်း အသိုင်းအဝိုင်းကတော့ နားလည် လက်ခံကြကြောင်း ဂိုးသမားကြီး ကာဘယ်လာရိုက ဖော်ထုတ်လိုက်ပါတယ်။

ကာဘယ်လာရို ကိုယ်တိုင်ကလည်း ကန်တေရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံလိုက်ပြီး ကစားသမားတွေဟာ အတူ လေ့ကျင့်ရင်း ကစားရင်း ရောဂါ ကူးစက်နိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ သူလည်း ခံစားရကြောင်း ဆိုခဲ့ပါတယ်။

” ကန်တေတင် မဟုတ်ဘူး တခြားအသင်းက တချို့ ကစားသမားတွေလည်း ဒီလို ဆုံးဖြတ်တာ ရှိပါတယ်။ ဒါပေမယ့် ဒီ ဆုံးဖြတ်ချက်တွေက နားလည် ပေးလို့ ရပါတယ်။ ဒီလို ကပ်ရောဂါဘေးကြီး ကာလမှာ သူတို့လည်း ဖြတ်သန်းလာခဲ့ရတာပဲလေ။

လုံခြုံစိတ်ချရပြီလို့ အာမခံချက် မရှိသေးခင် ပြန်မလာချင်ကြတဲ့ ကစားသမားတွေ တော်တော် များများ ရှိပါတယ်။ ဒီအစောပိုင်းကာလ အဆင့် ၁ မှာတော့ အချင်းချင်း အထိအတွေ့ နည်းသေးတယ် ဒါကြောင့် ကျနော်တို့တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ဒါတွေ အားလုံးထက် ချယ်ဆီး အသိုင်းအဝိုင်းကတော့ ကန်တေ လုပ်တာကို နားလည်း ထောက်ခံ ပေးကြတယ်။

ကျနော်တို့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ပြည့်ဝအောင် အနည်းဆုံး ပြင်ဆင်ချိန် သုံးပတ် လိုအပ်တယ်။ ကျနော်တို့ အားလပ်ရက် ရပြီးရင်လည်း ပုံစံကောင်း ပြန်ရဖို့ တစ်လလောက် အချိန်ပြန်ယူရတာ။ အခုက အိမ်ထဲမှာ နှစ်လလောက် နေလိုက်ရတော့ ကစားသမား အားလုံး အတွက် စိတ်ဓာတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာ အရပါ ပုံမှန် ပြန်ရဖို့ စိန်ခေါ်မှုကြီး ရှိေ်နတယ်။ ” လို့ ကာဘယ်လာရိုက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကန္ေတဟာ ကိုရိုနာ ဗိုင္းရပ္စ္ စစ္ေဆးမႈခံယူျပီး ကင္းရွင္းခဲ့ေပမယ့္ အသင္းနဲ႕ ထရိန္နင္ ျပန္ဆင္းဖို႔ ေဘာလံုး ျပန္ကစားဖို႔ စိုးရြံ႕ေနတာေၾကာင့္ ကလပ္အသင္းဘက္က ကစားသမားကို အနားေပးထားခဲ့ပါတယ္။ ကန္ေတရဲ႕ ဆံုးျဖတ္ခ်က္နဲ႕ ပတ္သတ္ျပီး ေ၀ဖန္မႈ ေထာက္ခံမႈေတြကေတာ့ မ်ိဳးစံု ရွိေနပါတယ္။

ကန္ေတရဲ႕ လုပ္ရပ္အေပၚ ခ်ယ္ဆီးအသင္းသား၊ ၀န္ထမ္းေတြနဲ႕ ကလပ္အသင္း အသိုင္းအ၀ိုင္းကေတာ့ နားလည္ လက္ခံၾကေၾကာင္း ဂိုးသမားၾကီး ကာဘယ္လာရိုက ေဖာ္ထုတ္လိုက္ပါတယ္။

ကာဘယ္လာရို ကိုယ္တိုင္ကလည္း ကန္ေတရဲ႕ ဆံုးျဖတ္ခ်က္ကို ေထာက္ခံလိုက္ျပီး ကစားသမားေတြဟာ အတူ ေလ့က်င့္ရင္း ကစားရင္း ေရာဂါ ကူးစက္နုိင္တဲ့ အလားအလာေတြ ရွိတယ္လို႔ သူလည္း ခံစားရေၾကာင္း ဆိုခဲ့ပါတယ္။

” ကန္ေတတင္ မဟုတ္ဘူး တျခားအသင္းက တခ်ိဳ႕ ကစားသမားေတြလည္း ဒီလို ဆံုးျဖတ္တာ ရွိပါတယ္။ ဒါေပမယ့္ ဒီ ဆံုးျဖတ္ခ်က္ေတြက နားလည္ ေပးလို႔ ရပါတယ္။ ဒီလို ကပ္ေရာဂါေဘးၾကီး ကာလမွာ သူတို႔လည္း ျဖတ္သန္းလာခဲ့ရတာပဲေလ။

လံုျခံဳစိတ္ခ်ရျပီလို႔ အာမခံခ်က္ မရွိေသးခင္ ျပန္မလာခ်င္ၾကတဲ့ ကစားသမားေတြ ေတာ္ေတာ္ မ်ားမ်ား ရွိပါတယ္။ ဒီအေစာပိုင္းကာလ အဆင့္ ၁ မွာေတာ့ အခ်င္းခ်င္း အထိအေတြ႔ နည္းေသးတယ္ ဒါေၾကာင့္ က်ေနာ္တို႔ေတာ့ အဆင္ေျပပါတယ္။ ဒါေပမယ့္ ဒါေတြ အားလံုးထက္ ခ်ယ္ဆီး အသိုင္းအ၀ုိင္းကေတာ့ ကန္ေတ လုပ္တာကို နားလည္း ေထာက္ခံ ေပးၾကတယ္။

က်ေနာ္တို႔ ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္မႈ ျပည့္၀ေအာင္ အနည္းဆံုး ျပင္ဆင္ခ်ိန္ သံုးပတ္ လိုအပ္တယ္။ က်ေနာ္တို႔ အားလပ္ရက္ ရျပီးရင္လည္း ပံုစံေကာင္း ျပန္ရဖို႔ တစ္လေလာက္ အခ်ိန္ျပန္ယူရတာ။ အခုက အိမ္ထဲမွာ နွစ္လေလာက္ ေနလိုက္ရေတာ့ ကစားသမား အားလံုး အတြက္ စိတ္ဓာတ္ပိုင္းေရာ ရုပ္ပိုင္းဆိုင္ရာ အရပါ ပံုမွန္ ျပန္ရဖို႔ စိန္ေခၚမႈၾကီး ရွိေ္နတယ္။ ” လုိ႔ ကာဘယ္လာရိုက ရွင္းလင္း ေျပာဆိုသြားခဲ့ပါတယ္။