ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (14/12/20)

ချန်ပီယံလိဂ် အုပ်စုကနေ လှည့်ပြန်ခဲ့ရတာကြောင့် ယူရိုပါလိဂ် ရောက်သွားတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ၃၂သင်းအဆင့်မှာ ရီးရဲလ် ဆိုဒီဒက် အသင်းနဲ့ တွေ့ဆုံနေပါတယ်။

ဘိုင်ယန်မြူးနစ် အသင်း အမှုဆောင်ချုပ် Rummenigge ကတော့ မန်ချက်စတာ ယူနိုက်တက် ပစ်မှတ် တောင်ပံတိုက်စစ်သမား ကင်းစလေ ကိုးမန်းဟာ ရောင်းမယ့် ကစားသမား မဟုတ်ဘူးလို့ ယတိပြတ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လိုက်ပ်ဇစ် ဗဟိုခံစစ်မှူး အူပါမီကာနို ကို အလိုရှိတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ်မှ ယူနိုက်တက်ကတော့ နောက်ဆုတ် သွားပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ အူပါမီကာနို ကို လီဗာပူးကလည်း စောင့်ကြည့်နေပြီး ဘိုင်ယန်မြူးနစ်ကလည်း အရှိန်မြှင့် ချဉ်းကပ်နေပါတယ်။

ယူနိုက်တက်အနေနဲ့ နောက် လာမယ့်အပတ်တွေမှာ ခြေစွမ်းကောင်းတွေ စတင်ပြသနိုင်ပြီးတော့ ခရစ္စမတ် ပွဲကြပ်ကာလအပြီးမှာ အမှတ်ပေးဇယား ထိပ်ပိုင်းကို တက်ရောက်နိုင်အောင် တွန်းအားပေးနိုင်ဖို့ ဆိုးရှားက အလိုရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်း ကစားပုံ ဟန်ချက် မညီ ဖြစ်နေပြီး သွင်းဂိုးတွေ ရရှိလာဦးမယ်လို့ကို မခံစားမိ ဖြစ်နေရကြောင်း ပေါစခိုးလ်က သတိပေး ထောက်ပြသွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကစားသမားတွေရဲ့ လိမ်ခေါက်ခံရမှုမှာ စုစုပေါင်း ၂၄ကြိမ်တောင် ရှိခဲ့ပြီး သူ့ထက် ပိုဆိုးတဲ့ ကစားသမားဆိုလို့ လိဒ်စ်ကွင်းလယ်လူ ကလစ်ခ်ျရဲ့ ၂၅ကြိမ်သာ ရှိတော့တာဖြစ်ပါတယ်။

Zawgyi – ခ်န္ပီယံလိဂ္ အုပ္စုကေန လွည့္ျပန္ခဲ့ရတာေၾကာင့္ ယူရိုပါလိဂ္ ေရာက္သြားတဲ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ ၃၂သင္းအဆင့္မွာ ရီးရဲလ္ ဆိုဒီဒက္ အသင္းနဲ႕ ေတြ႔ဆံုေနပါတယ္။

ဘိုင္ယန္ျမဴးနစ္ အသင္း အမႈေဆာင္ခ်ဳပ္ Rummenigge ကေတာ့ မန္ခ်က္စတာ ယူနုိက္တက္ ပစ္မွတ္ ေတာင္ပံတိုက္စစ္သမား ကင္းစေလ ကိုးမန္းဟာ ေရာင္းမယ့္ ကစားသမား မဟုတ္ဘူးလို႔ ယတိျပတ္ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

လိုက္ပ္ဇစ္ ဗဟိုခံစစ္မွဴး အူပါမီကာနို ကို အလိုရွိတဲ့ အသင္းေတြထဲမွာ ပရီးမီးယားလိဂ္မွ ယူနိုက္တက္ကေတာ့ ေနာက္ဆုတ္ သြားျပီလို႔ သတင္းထြက္ေပၚလာပါတယ္။ အူပါမီကာနို ကို လီဗာပူးကလည္း ေစာင့္ၾကည့္ေနျပီး ဘိုင္ယန္ျမဴးနစ္ကလည္း အရွိန္ျမွင့္ ခ်ဥ္းကပ္ေနပါတယ္။

ယူႏိုက္တက္အေနနဲ႔ ေနာက္ လာမယ့္အပတ္ေတြမွာ ေျခစြမ္းေကာင္းေတြ စတင္ျပသႏိုင္ၿပီးေတာ့ ခရစၥမတ္ ပြဲၾကပ္ကာလအၿပီးမွာ အမွတ္ေပးဇယား ထိပ္ပိုင္းကို တက္ေရာက္ႏိုင္ေအာင္ တြန္းအားေပးႏိုင္ဖို႔ ဆိုးရွားက အလိုရွိေနပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ အသင္း ကစားပံု ဟန္ခ်က္ မညီ ျဖစ္ေနျပီး သြင္းဂိုးေတြ ရရွိလာဦးမယ္လုိ႔ကို မခံစားမိ ျဖစ္ေနရေၾကာင္း ေပါစခိုးလ္က သတိေပး ေထာက္ျပသြားခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၿပိဳင္ဘက္ကစားသမားေတြရဲ႕ လိမ္ေခါက္ခံရမႈမွာ စုစုေပါင္း ၂၄ႀကိမ္ေတာင္ ရွိခဲ့ၿပီး သူ႔ထက္ ပိုဆိုးတဲ့ ကစားသမားဆိုလို႔ လိဒ္စ္ကြင္းလယ္လူ ကလစ္ခ္်ရဲ႕ ၂၅ႀကိမ္သာ ရွိေတာ့တာျဖစ္ပါတယ္။