ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (15/12/20)

အင်တာမီလန်မှာ အထိုင်မကျခဲ့တဲ့နောက် အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ အဲရစ်ဆင်ဟာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကိုခံနေရပေမယ့် ပီအက်စ်ဂျီကို ပြောင်းချင်တာကြောင့် မန်ချက်စတာ ကလပ် ရဲ့ ချဉ်းကပ်မှုကို ပယ်ချဖို့ အဆင်သင့်ဖြစ်နေပါတယ်။

မန်ချက်စတာဒါဘီမှာ နှစ်ဖက်ကစားသမားတွေဟာ ပြိုင်ဆိုင်မှုပြင်းထန်ပုံမရှိတဲ့အပေါ် ရွိုင်ကိန်းက ဝေဖန်ခဲ့သလို ပွဲအပြီးမှာ မက်ဂွိုင်းယားက ဂျွန်စတုန်းကို ပွေ့ဖက်ပြီး ရင်းနှီးနေတဲ့အတွက် ဖာဂူဆန် ဒေါသဖြစ်နေလိမ့်မယ်လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ပေါ့ဘာက အဆုံးသတ်ပြီလို့ အရင်အပတ်က ပြောခဲ့တဲ့ ရွိုင်အိုလာက အခုတော့ သူ့ရဲ့ ကွင်းလယ်လူဟာ ဇန်နဝါရီမှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ မဖြစ်နိုင်ဘူးလို့ ဝန်ခံခဲ့ပြီးနောက် နွေရာသီမှာ ထွက်ခွာစေဖို့ ကြိုးစားလာတော့မှာပါ။

ဒီရာသီပရီးမီးယားလိဂ်မှာ အခွင့်အရေးဖန်တီးမှုအများဆုံးအဖြစ် ၃၇ကြိမ် ရထားတဲ့ ဖာနန်ဒက်စ်က ဒီဘရိုင်း၊ ဂရီးလစ်ရှ်တို့ထက် သာလွန်ခဲ့သလို open play ကနေ အခွင့်အရေး ဖန်တီးမှုအပိုင်းမှာလဲ ဖာနန်ဒက်စ်ကပဲ ၂၉ကြိမ်နဲ့ အများဆုံးဖြစ်နေပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ ပရိသတ်တွေဝင်ခွင့်မရသေးတာကြောင့် ၁၂ယောက်မြောက် အားပေးသူတွေရဲ့ အင်အားက ပျောက်ဆုံးနေခဲ့သလို ပရိသတ်တွေ ပြန်ရောက်လာရင် ကလပ်အတွက် အဖက်ဖက်က အကျိုးရှိစေလိမ့်မယ်လို့ ဆိုးရှားက ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုကို မခေါ်ယူနိုင်ခဲ့တဲ့နောက် ကင်စလေကိုမန်ကို ပစ်မှတ်ပြောင်းလဲခဲ့ပြီး ချဉ်းကပ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ဥက္ကဌ ရူမန်နစ်ဂီကတော့ သူကို ဇန်နဝါရီမှာ ရောင်းချမှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

Zawgyi – အင္တာမီလန္မွာ အထိုင္ မက်ခဲ့တဲ့ေနာက္ အသင္းကေန ထြက္ခြာဖို႔ ရွိေနတဲ့ အဲရစ္ဆင္ဟာ ယူႏိုက္တက္ရဲ႕ စိတ္ဝင္စားမႈကိုခံေနရေပမယ့္ ပီအက္စ္ဂ်ီကို ေျပာင္းခ်င္တာေၾကာင့္ မန္ခ်က္စတာ ကလပ္ ရဲ႕ ခ်ဥ္းကပ္မႈကို ပယ္ခ်ဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။

မန္ခ်က္စတာဒါဘီမွာ ႏွစ္ဖက္ကစားသမားေတြဟာ ၿပိဳင္ဆိုင္မႈျပင္းထန္ပုံမရွိတဲ့အေပၚ ႐ြိဳင္ကိန္းက ေဝဖန္ခဲ့သလို ပြဲအၿပီးမွာ မက္ဂြိဳင္းယားက ဂြၽန္စတုန္းကို ေပြ႕ဖက္ၿပီး ရင္းႏွီးေနတဲ့အတြက္ ဖာဂူဆန္ ေဒါသျဖစ္ေနလိမ့္မယ္လို႔ ဖာဒီနန္က ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္နဲ႔ ေပါ့ဘာက အဆုံးသတ္ၿပီလို႔ အရင္အပတ္က ေျပာခဲ့တဲ့ ႐ြိဳင္အိုလာက အခုေတာ့ သူ႔ရဲ႕ ကြင္းလယ္လူဟာ ဇန္နဝါရီမွာ ယူႏိုက္တက္ ကေန ထြက္ခြာဖို႔ မျဖစ္ႏိုင္ဘူးလို႔ ဝန္ခံခဲ့ၿပီးေနာက္ ေႏြရာသီမွာ ထြက္ခြာေစဖို႔ ႀကိဳးစားလာေတာ့မွာပါ။

ဒီရာသီပရီးမီးယားလိဂ္မွာ အခြင့္အေရးဖန္တီးမႈအမ်ားဆုံးအျဖစ္ ၃၇ႀကိမ္ ရထားတဲ့ ဖာနန္ဒက္စ္က ဒီဘ႐ိုင္း၊ ဂရီးလစ္ရွ္တို႔ထက္ သာလြန္ခဲ့သလို open play ကေန အခြင့္အေရး ဖန္တီးမႈအပိုင္းမွာလဲ ဖာနန္ဒက္စ္ကပဲ ၂၉ႀကိမ္နဲ႔ အမ်ားဆုံးျဖစ္ေနပါတယ္။

အိုးလ္ထရက္ဖို႔ဒ္မွာ ပရိသတ္ေတြဝင္ခြင့္မရေသးတာေၾကာင့္ ၁၂ေယာက္ေျမာက္ အားေပးသူေတြရဲ႕ အင္အားက ေပ်ာက္ဆုံးေနခဲ့သလို ပရိသတ္ေတြ ျပန္ေရာက္လာရင္ ကလပ္အတြက္ အဖက္ဖက္က အက်ိဳးရွိေစလိမ့္မယ္လို႔ ဆိုးရွားက ယုံၾကည္ေနပါတယ္။

ယူႏိုက္တက္ဟာ ဆန္ခ်ိဳကို မေခၚယူႏိုင္ခဲ့တဲ့ေနာက္ ကင္စေလကိုမန္ကို ပစ္မွတ္ေျပာင္းလဲခဲ့ၿပီး ခ်ဥ္းကပ္ခဲ့ေပမယ့္ ဘိုင္ယန္ျမဴးနစ္ဥကၠဌ ႐ူမန္နစ္ဂီကေတာ့ သူကို ဇန္နဝါရီမွာ ေရာင္းခ်မွာမဟုတ္ဘူးလို႔ အေၾကာင္းျပန္ခဲ့ပါတယ္။