ဒီဇင်ဘာလ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၀၀း၃၀ နာရီမှာ ယှဉ်ပြိုင်ကစားမယ့် ဝုဗ် Vs ချယ်ဆီးပွဲအတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းကို ဖော်ပြမှာဖြစ်ပါတယ်။
အိုဝင်ကတော့ ” ပွဲ ၄ ပွဲမှာ ၃ ပွဲထိ အရေးနိမ့်တဲ့နောက် ဝုဗ်ရဲ့ အင်အားနည်းမှုက ထိခိုက်မှုတွေ ရှိလာစေပါပြီ။ ဂျိုတာနေရာ အစားထိုးဖို့ကို ကိစ္စက ခက်ခဲခဲ့သလို ဂျင်မီးနက်စ်နေရာ အစားထိုးဖို့ လိုအပ်တာကလည်း သွင်းဂိုးတွေအတွက် လိုအပ်ချက်ဖြစ်လာတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
အက်စတွန်ဗီလာကို ရင်ဆိုင်ကစားတဲ့ပွဲမှာ သူတို့ ကစားပုံ ကောင်းပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ပင်နယ်တီ ခွင့်ပြုရမှုနဲ့အတူ ဘာရမှတ်မှ မရခဲ့ဘူး။
ချယ်ဆီးက အဲဗာတန်ကို အနိုင်ယူဖို့ ရေပန်းစားခဲ့ပေမယ့် အဲ့ပွဲကပဲ ပရီးမီးယားလိဂ်ဆိုတာ ခန့်မှန်းရမလွယ်ဘူးဆိုတာကို အဲဗာတန်က အနိုင်သုံးမှတ် ရယူသွားခြင်းနဲ့ ကျနေ်ာတို့ကို သက်သေပြခဲ့တယ်။ အဲ့တာက ချယ်ဆီးကို အထိနာစေတယ်။ ပုံစံကောင်းတွေ ရနေတဲ့အတွင်း ထိခိုက်မှုဖြစ်ခဲ့လို့ ဒီပွဲမှာတော့ မန်နေဂျာလမ်းပတ်က ချက်ခြင်း တုန့်ပြန်ပြမှုဖြင့် အနိုင်သုံးမှတ်ကို ပြန်ရယူလိုပါလိမ့်မယ်။
ဝုဗ်ရဲ့ အိမ်ကွင်းက ဘယ်အသင်းအတွက်မဆို ယှဉ်ပြိုင်ရ ခက်ခဲစေပါတယ်။ ဒါပေမယ့်လို့ သူတို့အသင်း ဂိုးတွေပြတ်လှပ်နေတာက စိုးရိမ်စရာ ကိစ္စကြီးပါ။ ပြဿနာတွေကို ပြန်လည်ပြင်ဆင်ပြီးချိန်ထိ သူတို့က ဆက်ပြီး ရုန်းကန်နေရဦးမှာပါ။ ချယ်ဆီးက ဒီပွဲကို အင်ပြည့်အားပြည့်ဖြင့် လာရောက်မှာဖြစ်ပြီး အဝေးကွင်းမှာ ရလဒ်အပြည့် ရယူသွားမယ် ထင်ပါတယ်။ ” ဆိုကာ သုံးသပ်သွားခဲ့ခြင်းဖြစ်တယ်။
အိုဝင် ခန့်မှန်းရလဒ်မှာ ဝုဗ် ဝ-၂ ချယ်ဆီးပဲ ဖြစ်ပါတယ်။
ZAWGYI