မိုနာကိုမှာ အငှားကုန်ရင် ပြောင်းချင်တဲ့ကလပ် ရှိနေတဲ့ ချယ်ဆီးကွင်းလယ် ဘာကာယိုကို

ပြင်သစ်ကလပ် မိုနာကို အသင်းမှာ အငှားထွက် ကစားနေခဲ့တဲ့ ချယ်ဆီး ကွင်းလယ်ကစားသမား ဘာကာယိုကို ဟာ အငှား ပြီးဆုံးခဲ့ချိန်မှာ ချယ်ဆီး အသင်း ပြန်လာဖို့ထက် အသင်းဟောင်း အေစီမီလန် အသင်းထံ ပြောင်းရွှေ့လိုနေတယ်လို့ သတင်းထွက်လာပါတယ်။

လာမယ့် သြဂုတ်မှာ အသက် ၂၆ ပြည့်မယ့် ဘာကာယိုကိုက အခုထိ ကစားသမား ဘ၀ တည်ငြိမ်မှု ရဖို့ ရှာဖွေနေရဆဲဖြစ်ပြီး ဒီရာသီ မိုနာကိုမှာ အငှား ကစားရာ ၂၃ ပွဲ ပါဝင်ကစားပြီး ၂ ဂိုးသွင်း ၂ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

မိခင်ကလပ် ချယ်ဆီးအသင်းနဲ့ စာချုပ်က ဇွန် ၂၀၂၂ ထိ ကျန်ရှိနေသေးပေမယ့် ပြင်သစ်သားဟာ ချယ်ဆီးရဲ့ ရေရှည် အစီအစဉ်တွေထဲ ပါဝင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် ၎င်းက သူ ခြေစွမ်းပြနိုင်ခဲ့တဲ့ မီလန်အသင်းထံ ပြန်သွားလိုနေပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီ အငှား လာရောက် ကစားစဉ်က ခြေစွမ်းပြခဲ့သူ ဖြစ်ပေမယ့် အေစီမီလန်အသင်းဟာ ထိုစဉ်က ဘာကာယိုကို ကို ခေါ်ယူလိုခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းတော့ ပေးလိုခြင်း မရှိပါဘူး။ ပြင်သစ်သားရဲ့ တန်ကြေးဟာ သိသိသာသာ ကျဆင်းသွားပြီ ဖြစ်လို့ ဒီတကြိမ်မှာတော့ မီလန်အသင်း လှုပ်ရှားဖွယ် ရှိပါတယ်။

ဒါပေမယ့် လက်ရှိ အေစီမီလန်အသင်းရဲ့ အနေအထားမှာ အံဝင်ဖို့ အတွက် ဘာကာယိုကို အနေနဲ့ ကစားသမား လုပ်ခလစာကိုတော့ လျှော့ယူရဖွယ် ရှိပါတယ်။ ကစားသမားရဲ့ ဆန္ဒကတော့ စိတ်အားထက်သန်နေပြီး ကလပ်အသင်း နှစ်သင်း လှုပ်ရှားမှုကတော့ မစတင်ရသေးပါဘူး။

Zawgyi – ျပင္သစ္ကလပ္ မိုနာကို အသင္းမွာ အငွားထြက္ ကစားေနခဲ့တဲ့ ခ်ယ္ဆီး ကြင္းလယ္ကစားသမား ဘာကာယိုကို ဟာ အငွား ျပီးဆံုးခဲ့ခ်ိန္မွာ ခ်ယ္ဆီး အသင္း ျပန္လာဖို႔ထက္ အသင္းေဟာင္း ေအစီမီလန္ အသင္းထံ ေျပာင္းေရႊ႕လိုေနတယ္လို႔ သတင္းထြက္လာပါတယ္။

လာမယ့္ ၾသဂုတ္မွာ အသက္ ၂၆ ျပည့္မယ့္ ဘာကာယိုကိုက အခုထိ ကစားသမား ဘ၀ တည္ျငိမ္မႈ ရဖို႔ ရွာေဖြေနရဆဲျဖစ္ျပီး ဒီရာသီ မိုနာကိုမွာ အငွား ကစားရာ ၂၃ ပြဲ ပါ၀င္ကစားျပီး ၂ ဂိုးသြင္း ၂ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။

မိခင္ကလပ္ ခ်ယ္ဆီးအသင္းနဲ႕ စာခ်ဳပ္က ဇြန္ ၂၀၂၂ ထိ က်န္ရွိေနေသးေပမယ့္ ျပင္သစ္သားဟာ ခ်ယ္ဆီးရဲ႕ ေရရွည္ အစီအစဥ္ေတြထဲ ပါ၀င္ျခင္း မရွိေတာ့ပါဘူး။ ဒါေၾကာင့္ ၄င္းက သူ ေျခစြမ္းျပနိုင္ခဲ့တဲ့ မီလန္အသင္းထံ ျပန္သြားလိုေနပါတယ္။

၂၀၁၈-၁၉ ေဘာလံုးရာသီ အငွား လာေရာက္ ကစားစဥ္က ေျခစြမ္းျပခဲ့သူ ျဖစ္ေပမယ့္ ေအစီမီလန္အသင္းဟာ ထိုစဥ္က ဘာကာယိုကို ကို ေခၚယူလိုခဲ့ေပမယ့္ ေျပာင္းေရႊ႕ေၾကး ယူရို ၂၅ သန္းေတာ့ ေပးလိုျခင္း မရွိပါဘူး။ ျပင္သစ္သားရဲ႕ တန္ေၾကးဟာ သိသိသာသာ က်ဆင္းသြားျပီ ျဖစ္လို႔ ဒီတၾကိမ္မွာေတာ့ မီလန္အသင္း လႈပ္ရွားဖြယ္ ရွိပါတယ္။

ဒါေပမယ့္ လက္ရွိ ေအစီမီလန္အသင္းရဲ႕ အေနအထားမွာ အံ၀င္ဖို႔ အတြက္ ဘာကာယိုကို အေနနဲ႕ ကစားသမား လုပ္ခလစာကိုေတာ့ ေလွ်ာ့ယူရဖြယ္ ရွိပါတယ္။ ကစားသမားရဲ႕ ဆႏၵကေတာ့ စိတ္အားထက္သန္ေနျပီး ကလပ္အသင္း နွစ္သင္း လႈပ္ရွားမႈကေတာ့ မစတင္ရေသးပါဘူး။