ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ မှာတော့ ချယ်ဆီးဟာ အဝေးကွင်းကို သွားရောက်ရမှာဖြစ်ကာ ဝုဗ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
နောက်ဆုံးကစားထားတဲ့ ပွဲကို နှစ်သင်းလုံး အရေးနိမ့်ထားပေမယ့် ချယ်ဆီးက ဝုဗ် အများကြီး ပုံစံကောင်းထားတဲ့ အသင်းဖြစ်တယ်။ အဲဗာတန်ကို တစ်လုံးတည်းသော သွင်းဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်ကာ ချယ်ဆီးက တိုက်စစ်၊ ခံစစ်မှာ တောင့်တင်းနေဆဲဖြစ်ပါတယ်။
ဒီပွဲမှာတော့ ဝုဗ်အသင်းက ပရိသတ်တွေ ဝင်ရောက်ကြည့်ခွင့်ရမှာ မဟုတ်ဘဲ ကွင်းပိတ်ပဲ ကစားရမှာဖြစ်လို့ ချယ်ဆီးအတွက် ထူးထူးခြားခြား ဖိအားလည်း ရှိမှာ မဟုတ်ပါဘူး။ မန်နေဂျာလမ်းပတ်ကတော့ လီဗာပူးနဲ့ စပါးတို့ ထိပ်တိုက် တွေ့နေတဲ့ ဒီအပတ်ပွဲမှာ အနိုင်ရလဒ်ကိုပဲ လိုချင်ပါလိမ့်မယ်။
ဘီဘီစီရဲ့ ဘောလုံးခန့်မှန်းသူဖြစ်တဲ့ လော်ရိုးက ပွဲနဲ့ ပက်သက်ပြီး ” အက်စတွန်ဗီလာကို အိမ်ကွင်းမှာ အရေးနိမ့်တဲ့ပွဲမှာ ဝုဗ်က အခွင့်အရေးတွေ ဖန်တီးနိုင်ပေမယ့် သွင်းဂိုးတွေအတွက် ရုန်းကန်ခဲ့ရပါတယ်။
ချယ်ဆီးကလည်း အရေးနိမ့်ခဲ့ပြီး အဲဗာတန်ကို သူတို့ အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ဖရန့်လမ်းပတ်ရဲ့ အသင်းကို သူတို့ကစားချင်သလို ပေးမကစားဘဲ ရပ်တန့်နိုင်တဲ့ အသင်းတွေ ရှိနေဦးမှာပါ။ ဒါပေမယ့် ဒီပွဲမှာ ချယ်ဆီး အနိုင်ရမယ်လို့ ထင်ပါတယ်။ ” လို့ ဆိုသွားခဲ့တယ်။
ပွဲနဲ့ပက်သက်လို့ လော်ရိုးရဲ့ ခန့်မှန်းရလဒ်က ဝုဗ် ဝ-၂ ချယ်ဆီး ဖြစ်ပါတယ်။

ZAWGYI
ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၃ မွာေတာ့ ခ်ယ္ဆီးဟာ အေဝးကြင္းကို သြားေရာက္ရမွာျဖစ္ကာ ဝုဗ္အသင္းနဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။
ေနာက္ဆံုးကစားထားတဲ့ ပြဲကို ႏွစ္သင္းလံုး အေရးနိမ့္ထားေပမယ့္ ခ်ယ္ဆီးက ဝုဗ္ အမ်ားၾကီး ပံုစံေကာင္းထားတဲ့ အသင္းျဖစ္တယ္။ အဲဗာတန္ကို တစ္လံုးတည္းေသာ သြင္းဂိုးျဖင့္ အေရးနိမ့္ခဲ့ျခင္းျဖစ္ကာ ခ်ယ္ဆီးက တိုက္စစ္၊ ခံစစ္မွာ ေတာင့္တင္းေနဆဲျဖစ္ပါတယ္။
ဒီပြဲမွာေတာ့ ဝုဗ္အသင္းက ပရိသတ္ေတြ ဝင္ေရာက္ၾကည့္ခြင့္ရမွာ မဟုတ္ဘဲ ကြင္းပိတ္ပဲ ကစားရမွာျဖစ္လို႔ ခ်ယ္ဆီးအတြက္ ထူးထူးျခားျခား ဖိအားလည္း ရွိမွာ မဟုတ္ပါဘူး။ မန္ေနဂ်ာလမ္းပတ္ကေတာ့ လီဗာပူးနဲ႔ စပါးတို႔ ထိပ္တိုက္ ေတြ႔ေနတဲ့ ဒီအပတ္ပြဲမွာ အႏုိင္ရလဒ္ကိုပဲ လိုခ်င္ပါလိမ့္မယ္။
ဘီဘီစီရဲ႕ ေဘာလံုးခန္႔မွန္းသူျဖစ္တဲ့ ေလာ္ရိုးက ပြဲနဲ႔ ပက္သက္ျပီး ” အက္စတြန္ဗီလာကို အိမ္ကြင္းမွာ အေရးနိမ့္တဲ့ပြဲမွာ ဝုဗ္က အခြင့္အေရးေတြ ဖန္တီးႏုိင္ေပမယ့္ သြင္းဂိုးေတြအတြက္ ရုန္းကန္ခဲ့ရပါတယ္။
ခ်ယ္ဆီးကလည္း အေရးနိမ့္ခဲ့ျပီး အဲဗာတန္ကို သူတို႔ အေကာင္းဆံုး ယွဥ္ျပိဳင္ကစားႏုိင္ခဲ့ျခင္း မရွိပါဘူး။ ဖရန္႔လမ္းပတ္ရဲ႕ အသင္းကို သူတို႔ကစားခ်င္သလို ေပးမကစားဘဲ ရပ္တန္႔ႏုိင္တဲ့ အသင္းေတြ ရွိေနဦးမွာပါ။ ဒါေပမယ့္ ဒီပြဲမွာ ခ်ယ္ဆီး အႏုိင္ရမယ္လို႔ ထင္ပါတယ္။ ” လို႔ ဆိုသြားခဲ့တယ္။
ပြဲနဲ႔ပက္သက္လို႔ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္က ဝုဗ္ ၀-၂ ခ်ယ္ဆီး ျဖစ္ပါတယ္။
