ပီအက်ဂျီ ကမ်းလှမ်းမှု မအောင်မြင်တဲ့ အပြောင်းအရွှေ့ကိစ္စထဲ ဝင်ပါဖို့ ဦးတည်သွားမယ့် ချယ်ဆီး

UNICODE – ချယ်ဆီးအသင်းဟာ ဒီအပတ်မှာပဲ ပီအက်ဂျီဘက်က ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ထားတဲ့ အင်တာမီလန်တိုက်စစ်သမား အယ်ကာဒီကို ခေါ်ယူဖို့ ဝင်ရောက်လာတယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြပါတယ်။

လီဂူးဝမ်း ပထမဆုံးရာသီမှာ ၃၁ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူထားတဲ့ အယ်ကာဒီဟာ အပြီးသတ် ဝယ်ယူခွင့်ဆိုတဲ့ သဘောတူညီမှုနဲ့ ပြင်သစ်လိဂ်မှာ အငှားထွက်ကစားနေတာပါ။ ပီအက်ဂျီနဲ့ အင်တာမီလန်ကြား သဘောတူညီထားတဲ့ ယူရို သန်း ၇၀ တန် သဘောတူညီမှုကတော့ မေလ ၃၁ ရက်မှာ ကုန်ဆုံးမှာပါ။

လီဂူးဝမ်း ပထမဆုံးရာသီမှာ ၃၁ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူထားတဲ့ အယ်ကာဒီကို ခေါ်ယူဖို့ ပြင်သစ်ကလပ်ဟာ တရားဝင် ညိနှိုင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒီအခြေအနေမှာ တိုက်စစ်သမားသစ် ရှာဖွေနေတဲ့ ချယ်ဆီးကလည်း အိုင်ကာဒီကို ဝင်ရောက် ညိနှိုင်းလိုလာတာဖြစ်တယ်။

ပီအက်ဂျီဘက်က တရားဝင် ဆွေးနွေးမှုမှာတော့ ကနဦး ယူရို သန်း ၅၀ အပြင် ထပ်တိုး ၁၀ သန်း ပါဝင်မယ့် ကမ်းလှမ်းမှုဖြစ်ပါတယ်။ ကိုရိုနာကပ်ဘေးအတွင်း အလျင်လိုတဲ့ ဆွေးနွေးမှုဖြစ်ပြီး ညိနှိုင်းမှုကို ကလပ်နှစ်သင်းနဲ့ အိုင်ကာဒီပါတဲ့ သုံးပွင့်ဆိုင် အနေအထားအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

နွေမှာ အသုံးစရိတ်လိုအပ်ခြင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေအရ အင်တာမီလန်ဘက်က ကစားသမားကို ရောင်းထုတ်ဖို့ လက်ခံပေးမယ့် အခြေအနေကို ဦးတည်နေသလို ကစားသမားရဲ့ သဘောထားကလည်း ဒီအပြောင်းအရွှေ့မှာ အရေးကြီးပါတယ်။ ပီအက်ဂျီရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားမှုအရ ချယ်ဆီးဘက်ကလည်း ယူရို ငန်း ၅၀ ကို ကျော်မယ့် ကမ်းလှမ်းမှုကို ပေးရဖို့ ရှိနေပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ ဒီအပတ္မွာပဲ ပီအက္ဂ်ီဘက္က ေခၚယူဖို႔ ၾကိဳးစားေပမယ့္ မေအာင္ျမင္ထားတဲ့ အင္တာမီလန္တိုက္စစ္သမား အယ္ကာဒီကို ေခၚယူဖို႔ ဝင္ေရာက္လာတယ္လို႔ အဂၤလန္သတင္းေတြက ေဖာ္ျပပါတယ္။

လီဂူးဝမ္း ပထမဆံုးရာသီမွာ ၃၁ ပြဲကစားျပီး ဂိုး ၂၀ သြင္းယူထားတဲ့ အယ္ကာဒီဟာ အျပီးသတ္ ဝယ္ယူခြင့္ဆိုတဲ့ သေဘာတူညီမႈနဲ႔ ျပင္သစ္လိဂ္မွာ အငွားထြက္ကစားေနတာပါ။ ပီအက္ဂ်ီနဲ႔ အင္တာမီလန္ၾကား သေဘာတူညီထားတဲ့ ယူရို သန္း ၇၀ တန္ သေဘာတူညီမႈကေတာ့ ေမလ ၃၁ ရက္မွာ ကုန္ဆံုးမွာပါ။

လီဂူးဝမ္း ပထမဆံုးရာသီမွာ ၃၁ ပြဲကစားျပီး ဂိုး ၂၀ သြင္းယူထားတဲ့ အယ္ကာဒီကို ေခၚယူဖို႔ ျပင္သစ္ကလပ္ဟာ တရားဝင္ ညိႏိႈင္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။ ဒီအေျခအေနမွာ တိုက္စစ္သမားသစ္ ရွာေဖြေနတဲ့ ခ်ယ္ဆီးကလည္း အိုင္ကာဒီကို ဝင္ေရာက္ ညိႏိႈင္းလိုလာတာျဖစ္တယ္။

ပီအက္ဂ်ီဘက္က တရားဝင္ ေဆြးေႏြးမႈမွာေတာ့ ကနဦး ယူရို သန္း ၅၀ အျပင္ ထပ္တိုး ၁၀ သန္း ပါဝင္မယ့္ ကမ္းလွမ္းမႈျဖစ္ပါတယ္။ ကိုရိုနာကပ္ေဘးအတြင္း အလ်င္လိုတဲ့ ေဆြးေႏြးမႈျဖစ္ျပီး ညိႏိႈင္းမႈကို ကလပ္ႏွစ္သင္းနဲ႔ အိုင္ကာဒီပါတဲ့ သံုးပြင့္ဆိုင္ အေနအထားအျဖစ္ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

ေႏြမွာ အသံုးစရိတ္လိုအပ္ျခင္းနဲ႔ ဘ႑ာေရးဆိုင္ရာ အေျခအေနအရ အင္တာမီလန္ဘက္က ကစားသမားကို ေရာင္းထုတ္ဖို႔ လက္ခံေပးမယ့္ အေျခအေနကို ဦးတည္ေနသလို ကစားသမားရဲ႕ သေဘာထားကလည္း ဒီအေျပာင္းအေရႊ႔မွာ အေရးၾကီးပါတယ္။ ပီအက္ဂ်ီရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ထားမႈအရ ခ်ယ္ဆီးဘက္ကလည္း ယူရို ငန္း ၅၀ ကို ေက်ာ္မယ့္ ကမ္းလွမ္းမႈကို ေပးရဖို႔ ရွိေနပါတယ္။