မန်ချက်စတာ ယူနိုက်တက်ဟာ ကြားရက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ မှာတော့ ရှက်ဖီးယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ ဒီဇင်ဘာလ ၁၈ ရက်၊ သောကြာနေ့၊ နံနက် ၂း၃၀ နာရီ ဖြစ်ပါတယ်။
ရှက်ဖီးနဲ့ မန်ယူနိုက်တက် ပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
လော်ရိုးက – ” ရှက်ဖီးယူနိုက်တက် အတွက် လောလောဆယ် စိုးရိမ်စရာက သွင်းဂိုးတွေ ရဖို့တင် မဟုတ်ဘဲ ခံစစ်ကလည်း ပြိုင်ဘက်တွေကို တားဆီးရ ခက်နေတာပါ ဖြစ်ပါတယ်။ ကျနော်က ခရစ်ဝိုက်ဒါရဲ့ အသင်း တိုက်စစ်မှာ အရှိန်ကျသွားမှာ စိုးရိမ်ခဲ့ဖူးပေမယ့် ဒီရာသီ မစခင်သာ သူတို့က ခံစစ်မှာပါ အခြေအနေ ဆိုးမယ် လာပြောရင် ကျနော် ယုံမိမှာတောင် မဟုတ်ဘူး။
ပြီးခဲ့တဲ့ရာသီက သူတို့ သိပ်ကောင်းမွန်စွာ ရပ်တည်နိုင်ခဲ့တဲ့ အဓိက အကြောင်းက ခံစစ်မာကျောခဲ့လို့ ဖြစ်ပါတယ်။ အခုကတော့ ရှက်ဖီးအတွက် အခြေအနေတွေက ယိုယွင်းလာနေပါတယ်။ ပြီးခဲ့တဲ့ရာသီကလို ဒီပွဲမှာ သူတို့ လုပ်ပြနိုင်ဖို့ ခက်ပါတယ်။ သူတို့က အရင်ရာသီက မန်ချက်စတာ ယူနိုက်တက်ရဲ့ ၂-၀ နဲ့ ဦးဆောင်ခြင်း ခံခဲ့ရပေမယ့် အဆုံးမှာ သရေတစ်မှတ် ရအောင် ခွဲယူသွားခဲ့တာပါ။ အဲဒီပွဲက လုံး၀ စိတ်လှုပ်ရှားစရာ အပြည့် ဖြစ်ခဲ့တယ်။
ဒါပေမယ့် ဒီအကြိမ်မှာတော့ ဆိုးရှား အသင်းက ပို အသာရဖွယ် ရှိနေပါတယ်။ လက်ရှိ မန်ချက်စတာ ယူနိုက်တက်က တစ်ခုခု ပျောက်ဆုံးနေ သလိုပါပဲ။ ဒါပေမယ့် သူတို့ လူစာရင်းနဲ့ ဒီပွဲကို သက်တောင့်သက်သာ အနိုင်ယူသွားဖို့ လုံလောက်မှု ရှိပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ ရှက်ဖီး 0-2 မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္ဟာ ၾကားရက္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၃ မွာေတာ့ ရွက္ဖီးယူနိုက္တက္နဲ႕ ေတြ႔ဆံုေနျပီး အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာပါ။ ပြဲခ်ိန္ကေတာ့ ဒီဇင္ဘာလ ၁၈ ရက္၊ ေသာၾကာေန႔၊ နံနက္ ၂း၃၀ နာရီ ျဖစ္ပါတယ္။
ရွက္ဖီးနဲ႕ မန္ယူနိုက္တက္ ပြဲစဥ္ အတြက္ ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
ေလာ္ရိုးက – ” ရွက္ဖီးယူႏိုက္တက္ အတြက္ ေလာေလာဆယ္ စိုးရိမ္စရာက သြင္းဂိုးေတြ ရဖို႔တင္ မဟုတ္ဘဲ ခံစစ္ကလည္း ၿပိဳင္ဘက္ေတြကို တားဆီးရ ခက္ေနတာပါ ျဖစ္ပါတယ္။ က်ေနာ္က ခရစ္ဝိုက္ဒါရဲ႕ အသင္း တိုက္စစ္မွာ အရွိန္က်သြားမွာ စိုးရိမ္ခဲ့ဖူးေပမယ့္ ဒီရာသီ မစခင္သာ သူတို႔က ခံစစ္မွာပါ အေျခအေန ဆိုးမယ္ လာေျပာရင္ က်ေနာ္ ယုံမိမွာေတာင္ မဟုတ္ဘူး။
ၿပီးခဲ့တဲ့ရာသီက သူတို႔ သိပ္ေကာင္းမြန္စြာ ရပ္တည္ႏိုင္ခဲ့တဲ့ အဓိက အေၾကာင္းက ခံစစ္မာေက်ာခဲ့လို႔ ျဖစ္ပါတယ္။ အခုကေတာ့ ရွက္ဖီးအတြက္ အေျခအေနေတြက ယိုယြင္းလာေနပါတယ္။ ၿပီးခဲ့တဲ့ရာသီကလို ဒီပြဲမွာ သူတို႔ လုပ္ျပႏိုင္ဖို႔ ခက္ပါတယ္။ သူတို႔က အရင္ရာသီက မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ၂-၀ နဲ႔ ဦးေဆာင္ျခင္း ခံခဲ့ရေပမယ့္ အဆုံးမွာ သေရတစ္မွတ္ ရေအာင္ ခြဲယူသြားခဲ့တာပါ။ အဲဒီပြဲက လုံး၀ စိတ္လႈပ္ရွားစရာ အျပည့္ ျဖစ္ခဲ့တယ္။
ဒါေပမယ့္ ဒီအႀကိမ္မွာေတာ့ ဆိုးရွား အသင္းက ပို အသာရဖြယ္ ရွိေနပါတယ္။ လက္ရွိ မန္ခ်က္စတာ ယူႏိုက္တက္က တစ္ခုခု ေပ်ာက္ဆုံးေန သလိုပါပဲ။ ဒါေပမယ့္ သူတို႔ လူစာရင္းနဲ႔ ဒီပြဲကို သက္ေတာင့္သက္သာ အႏိုင္ယူသြားဖို႔ လုံေလာက္မႈ ရွိပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။
ေလာ္႐ိုး ခန႔္မွန္းရလဒ္ ကေတာ့ ရွက္ဖီး 0-2 မန္ခ်က္စတာ ယူႏိုက္တက္ ျဖစ္ပါတယ္။